Jul
26

PHP Guide Book in Myanmar

Posted by admin  |  Posted in Uncategorized  |  Posted on: 26-07-2010

စာအုပ်ရေးနေလို့ပါ… အခုတော့ တစ်ပိုင်းပြီးသွားပါပြီခင်ဗျာ…။

အမှာစကား

မင်္ဂလာပါခင်ဗျာ။ အချိန်လေးသေချာပေးပြီးရေးလိုက်တော့ အခုလောက်ထိပြီးသွားပါတယ်..။ ကျနော် ကတိပေး ထားခဲ့တာတွေ များနေပါပြီ။ ကျနော်ရေးနေတယ်ပြောထားလို့ လာမေးတဲ့သူတွေလည်း များလှပါပြီ။ ဒါကြောင့် အခုလောက်ထိပြီးသလောက်ကို Part (I) လို့ပဲအမည်တပ်ပြီး ထုတ်လိုက်ရပါတယ်။ ဒီမှာ မပါတာတွေ မပြည့်စုံတာတွေနဲ့ ထပ်ပြီးပါသင့်တာတွေကို ကျနော်နောက်စာအုပ်မှာ ထည့်ရေးသွားပါမယ်။ရလာမယ့် အကြံ ပြုချက်တွေကိုလည်း မျှော်လင့်ပါတယ်။ အရင်တုန်းက ကျနော် Joomla install လုပ်တာနဲ့ google apps နဲ့ ဒိုမိန်းချိတ်တာရေးဖူးပါတယ်။ ပြီးတော့ Joomla နဲ့ပတ်သက်ပြီး စာအုပ်လေးရေးဖို့ စီစဉ်ခဲ့ပေမယ့် စိတ်ပြောင်းသွားခဲ့ပါတယ်။ Joomla ကလွယ်နေလို့ရယ် မြန်မာလို စာအုပ်ရေးရလောက်အောင်တော့ တစ်မျိုးဖြစ်နေလို့ ပိုအကျိုးရှိမယ့် PHP ကိုရွေးလိုက်ပါတယ်။ အဲဒီအတွက်လည်း ရေးမယ်ထင်ပြီးစောင့်နေခဲ့တဲ့ သူများကိုအားနာမိပါတယ်။ အခု Part (I) ဆိုတော့ Part (II) ကိုတော့ အကြာကြီးမစောင့်စေပါဘူး။ သေချာ test လုပ် edit လုပ်ဖို့ကျန်နေလို့ပါ။ ဒီရက်ပိုင်းမှာ အချိန်ပေးပြီးလုပ်နေတာဖြစ်ပါတယ်။ PHP Guide Book Part (II) ကို 2010 Aug, 13th မှာ www.moemyintshein.com မှာ လာရောက်ဒေါင်းလုပ်ရယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအခါတော့ နှစ်အုပ်ပေါင်းပြီးတော့လည်း Pdf တစ်ဖိုင်တည်းပေါင်းပြီး အပြည့်တစ်အုပ်ပါလုပ်ထားမှာပါ။

ဒီစာအုပ်နဲ့လေ့လာဖို့ Programming အခြေခံရှိက အလွန်ကောင်းပါသည်။ မရှိပါက ဖြည်းဖြည်းချင်း ဖတ်ပါ..။ code တိုင်းကို run ပါ လို့အကြံပြုပါရစေ။ ၀န်ခံချင်တာတွေကတော့ code တွေကို w3schools.com ကနေ reference လုပ်ပြီးသုံးထားပါတယ်။ အများစုက ဘာသာပြန်တာဖြစ်ပါတယ်။ နားလည်မယ်လို့တော့ မျှော်လင့်မိပါတယ်။ တစ်စုံတစ်ရာ အဆင်မပြေတာ ရှိခဲ့သော် ကျနော်ညံ့လို့သာဖြစ်ကြောင်း။ ရေးနေစဉ်မှာ အားပေးခဲ့သူများအားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးသော ဒေါင်းလုပ်ဆွဲကြသူ ဖတ်ရှုအားပေး လေ့လာကြသူ ညီအစ်ကို မောင်နှမ များ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ စကားမစပ် ကျနော် စာရေးဆရာမဟုတ်ပါ။ ကူညီချင်တဲ့ စိတ်သက်သက် နဲ့ရေးတာ ဖြစ်ပါတယ်။ နောက်လည်း စာတွေအများကြီး ရေးဖို့ အစီစဉ်မရှိပါခင်ဗျာ။ တတ်နိုင်သလောက်တော့ ကူညီသွားမှာပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်။ အကြံပြုချက်များကို အီးမေး moemyintsheinster@gmail.com သို့ပေးပို့နိုင်ပါတယ်။

လေ့လာကြသူအားလုံးကို လေးစားလျက်

မိုးမြင့်ရှိန်

ဒေါင်းလုပ်လင့်များကတော့

http://www.mediafire.com/?ofdhis6vrpiilar

http://ifile.it/vunx3k1

http://www.4shared.com/file/KVVliPgn/PHP_Guide_Book.html

http://www.multiupload.com/Z8A5MVOZ03

May
4

လောကကြီးအကြောင်း နားမလည်ပါဘူး….။

Posted by admin  |  Posted in Uncategorized  |  Posted on: 4-05-2010

ကျနော့်ရဲ့ သူငယ်ချင်းတစ်ယောက် ပြောလေ့ ရှိတဲ့စကားလေးပါ…  အဲဒီသီချင်းစာသားလေးကို ကျနော်လည်း မကြာခဏ ဆိုညဉ်းမိပါတယ်..။ အရာအားလုံးကို ခြုံငုံပြီး စဉ်းစားကြည့်ရင်… ဒီကမ္ဘာလောကကြီးက… ပျော်စရာတွေထက်… စိတ်ညစ်စရာတွေ ၀မ်းနည်းစရာတွေက ပိုပြီးတော့ များနေပါတယ်…။ ကျနော်တို့ လူသားတစ်ယောက်ချင်းကလည်း ကိုယ်ပိုင် အတ္တတွေ.. မာန်မာနတွေနဲ့… တစ်ဦးကိုတစ်ဦး ရန်လိုမှုတွေ မုန်းတီးမှုတွေ နဲ့… အသက်ရှင်နေကြပါတယ်..။လောဘ ဒေါသ မောဟ တွေနဲ့ နေ့စဉ်ဖုံးလွှမ်းနေကြပါတယ်…။ နေ့စဉ် အမှားများစွာကို လုပ်နေရင်းနဲ့ တစ်ခါတလေ.. အမှန်ကိုတွေ့ရှိရင်တောင်  လက်ခံဖို့ ခက်ခဲကုန်ကြပါတယ်…။ ဘ၀စာမျက်နှာပေါ်မှာလည်း… ဖျက်ရာတွေ နဲ့ပေါ့…။ ကိုယ်ပြုခဲ့တဲ့ အရာတွေအတွက် နောင်တတွေ အကြိမ်ကြိမ်ရ…. သံဝေဂ တွေရပြီလို့ ကိုယ့်ကိုကိုယ်ထင်.. အမှားကိုမြင်ပြီး အမှန်ကိုပြင်ဖို့ မကြာခဏ ကြိုးစားကြပေမယ့်…. လူသားဆိုတဲ့ သဘာဝ မကောင်းတာကိုမှ ပျော်မွှေ့နေလေတော့လည်း… တကယ်ကို ရုန်းထွက်ဖို့ ခက်ခဲကြပြန်ပါတယ်..။ ဘ၀မှာရည်မှန်းချက်တွေကိုထားပြီး မျှော်လင့်ချက်တွေနဲ့ လျှောက်လှမ်းနေတဲ့ လူငယ်တစ်ယောက်အတွက်…. လောကဓံကို ကြံ့ကြံ့ခံနိုင်ဖို့ ခွန်အားတွေ လိုအပ်နေတယ်…။ နဂိုတည်းက စိတ်ထားနူးညံ့ပျော့ပြောင်းတဲ့ လူငယ်တစ်ယောက်သာ ဖြစ်နေမယ်ဆို… သူ… ကြာရှည် ခံနိုင်ရည်ရှိပါ့မလား… သူ့အတွက် အနာဂတ်လမ်းကို ဆက်လျှောက်သွားစေနိုင်မယ့် အင်အားကို ဘယ်သူကပေးမှာလဲ….။ လူသားတိုင်းမှာတော့ ပြသနာတွေ အခက်အခဲတွေ ကိုယ်စီရှိကြပါတယ်…။ ဘယ်လိုပဲဖြစ်ဖြစ်…. အသက်ရှင်နေသရွှေ့ တော့ ကျနော်တို့ ဆက်ပြီး… လျှောက်ကြရဦးမှာပေါ့…. သည်းခံတဲ့စိတ်… ခွင့်လွတ်တဲ့စိတ်.. ဥပေက္ခာပြုတဲ့ စိတ်တွေ မထားရှိနိုင်ရင်…. ပင်ပန်းနေဦးမှာပါ…။ အရာရာကို မေတ္တာတရားရှေ့ထားပြီး နားလည်ခွင့်လွတ်ပေးနိုင်ရင်တော့ ဒီကမ္ဘာကြီး ငြိမ်းချမ်းနေတော့မပေါ့…. ဒါပေမယ့် အခုတော့…. ဆန့်ကျင်ဘက်ဖြစ်နေတယ်လေ..။ ကျနော်ကိုယ်တိုင်အနေနဲ့တော့ ဒီကနေ့ကစပြီး လူသားတိုင်းကို ချစ်ခြင်းမေတ္တာရှေ့ထားပြီး…. ပြောဆို ဆက်ဆံပါ့မယ်လို့ တွေးနေမိပါတယ်.။…. ဒါမှသာ.. ကိုယ့်ရဲ့စိတ်မှာ ငြိမ်းချမ်းမှု.. အေးချမ်းမှုတွေကို  ရှာဖွေ သိရှိ ခံစားမိမှာ မဟုတ်ပါလားခင်ဗျာ…။

မိုးမြင့်ရှိန်

Dec
17

အလွမ်းကဗျာတစ်ပုဒ်ရဲ့အဆုံးသတ်ခြင်း

Posted by admin  |  Posted in Uncategorized  |  Posted on: 17-12-2009

အလွမ်းကဗျာတစ်ပုဒ်ရဲ့အဆုံးသတ်ခြင်း

ဆုံစည်းခဲ့ပြီးကာမှ… သံယောဇဉ်တွယ်ခဲ့ပြီးလေမှ..

ခင်မင်မှုတွေအဆုံးစွန်.. အချစ်တွေနဲ့ ပျော်ရွှင်ဖူးခဲ့တဲ့တခဏ…

ထာဝရအထိ ချစ်ခွင့်ရမယ်..ယုံကြည်ခဲ့ရင်း…

ခွဲခွာဖို့အကြောင်း.. ဘယ်တော့မှမတွေးခဲ့ပေမယ့်..

နောက်တော့လည်း.. သင်္ခါရအတိုင်း..

ယုံကြည်စရာမကောင်းတဲ့ ကွေကွင်းခြင်းမျိုးနဲ့ကြုံလာရခါတော့..

ရင်နာစရာအကြောင်း မတွေးချင်တာတော့ အမှန်…

ညတိုင်းလည်း.. မငိုချင်တော့ပါဘူးလို့…

မဆုံတာ ခဏအကြာမှာ.. ရင်အစုန်မှာ.. ကြိမ်ဖန်တုန်လေပြန်တိုင်း..

သြော်.. လူဖြစ်ရတခဏ ဘ၀အချိန်လေးတိုပါတယ်ဆိုမှ…

ချစ်လို့မ၀သေးလို့ပါလို့ တောင်းပန်လို့မှမရလေတော့…

မချစ်ပါနဲ့တော့လို့ ကံကြမ္မာက အကြံအဖန်..ရက်စက်တာထင်..

ဘယ်တော့မှ နားလည်နိုင်တော့မှာမဟုတ်တဲ့ အရာတွေနဲ့

အားငယ်စေမယ့် အမေးပုစ္စာများရဲု့

မှားမှန်မသေချာတဲ့.. အဖြေတွေနဲ့အတူ…

တခြားဟန် မဖြေနိုင်လေတော့…

ကြိုးစားပြီးမာန်ကိုတင်း..မာနကို ဂိတ်ဆုံးထိတင်…

အထာကျအောင်.. သရုပ်ဆောင်…

အမှာမရတောင် အဟုတ်ဟန်ပန်နဲ့ လုပ်ကြံမှုတစ်ခုအဖြစ်..

သရုပ်အမှန်မပေါ်လေအောင်.. ပညာတွေပြ… အကြံအစည်တွေမက..

မာန်ဖီလေဟတဲ့… ရန်သူအမှန်က… အလံထူကာပြလေတော့

ငါသေချင်တယ်ဆိုတဲ့စကား.. အပီအမှန် ရင်မှာ ပြောမိလေတော့ကား..

မွေးမိခင်… ရွှေရုပ်သွင်.. စိတ်ကူးထဲအမှန်ဝင်… အချိန်မှီ နောင်တနဲ့…

နေ့သစ်တွေအတွက် ချီတတ်ရန်အားမာန်… တခါပြန်ရခဲ့လေပေါ့..

ဒီလိုနဲ့ ကျနော် နောက်ထပ် ကဗျာတပုဒ် ထပ်ရေးမိပြန်ပါရောလား…။

ကျနော်တို့ ဆုံတွေ့ကြပေဦးမည်……

တစ်ဦးကိုတစ်ဦးသံယောဇဉ်တွေတွယ်ကြလိမ့်ဦးမည်…

အနက်အရှိုင်းဆုံးအချစ်တွေနဲ့ ချစ်မိကြဦးမည်..

အဆုံးသတ်တနေ့နေ့မှာတော့… အသေအချာ.. ခွဲခွာကြရပေဦးမည်…

ကံမကုန်ရင်.. တချိန်မှာ.. တို့တွေပြန်ဆုံချင်လည်းဆုံပေဦးမပေါ့….။

ဒီလိုနဲ့ပဲ.. အလွမ်းကဗျာတစ်ပုဒ်ရဲ့အဆုံးသတ်ခြင်းတဲ့ ။…။

MMS

Nov
28

professional အကြောင်းလေး..

Posted by admin  |  Posted in Others  |  Posted on: 28-11-2009

ကျနော်ပိုစ့်အသစ်မရေးအားသေးလို့ပါ…. ဒါကတော့ mmso.org ဖိုရမ်မှာ တင်ခဲ့တဲ့ professional အကြောင်းလေး နဲနဲရေးထားတာကို ပြန်တင်ပေးတာပါခင်ဗျာ။

ပွင့်လင်းစွာဝန်ခံရရင် Professional အကြောင်းကို ပြောနိုင်လောက်တဲ့ လုံလောက်တဲ့ knowledge ကျနော့်မှာ မရှိဘူးဗျ..။ အခုလည်း ထင်တာတွေရမ်းပြောမလို့ပါ..။ :P  ဒါကြောင့် ကျနော် ဆွေးနွေး တာတွေ မှားကောင်းမှားနိုင်ပါတယ်။ မှားတယ်ထင်ရင်ပြောသာပြောပါ…။ ထောက်ပြဝေဖန်ပေးသမျှ.. အားလုံး လက်ခံပေးပါမယ်ခင်ဗျာ။

Computer Professionals Association   ရဲ့ အဓိပ္ပါယ်ကို ကွန်ပျူတာဖြင့်အသက်မွေးဝမ်းကြောင်းပြုကြသူများအသင်း လို့ ဆိုရမယ်ထင်ပါတယ်။ ဒါဆိုရင်တော့ Professional ရဲ့အဓိပ္ပါယ်က…. အလုပ်တစ်ခုကို ပိုက်ဆံရရှိဖို့ရည်ရွယ်ချက်နဲ့ လုပ်ကိုင်နေသူလို့ ဆိုနိုင်ပါလိမ့်မယ်။ ကျနော်ကသာ Computer Service သမားတစ်ယောက် ဒါမှမဟုတ် web designer တစ်ယောက် အနေနဲ့ ပိုက်ဆံရှာနေရင် ဒါကျနော် professional ပါပဲ။ ဒီလိုပဲ… ဈေးဆိုင်ဖွင့်ထားတဲ့သူတစ်ယောက် ဒါမှမဟုတ်… ဆရာဝန်ပဲဖြစ်ဖြစ် အကြော်သယ်ဖြစ်ဖြစ်… ဖိနပ်ချုပ်သမားပဲဖြစ်ဖြစ်… သူလည်း သူကျွှမ်းကျင်ရာ သူ့အလုပ်မှာ professional ပေါ့။ ကျနော်နဲ့နီးစပ်တဲ့ ကွန်ပျူတာ professional အကြောင်းကိုပြောတာပေါ့။ Computer Professional ဆိုသည်မှာ ပိုက်ဆံရရန်ရည်ရွယ်ချက်ဖြင့် ကွန်ပျူတာ နှင့်ပတ်သက်ဆက်နွယ်သည့် နည်းပညာ ကိုအသုံးပြုသော သို့မဟုတ် ၀န်ဆောင်မှုပေးသော သူ လို့ ကျနော် အဓိပ္ပါယ်ဖွင့်ကြည့်ပါမယ်။ ယနေ့မြန်မာပြည်မှာ.. ထိုသို့သော Professional များစွာရှိတယ်။ အဲဒီ Professional ဆိုတဲ့အမည်တစ်ခု ကိုယ့်ကိုယ်ကိုယ် သတ်မှတ်နိုင်ဖို့ ကြိုးစားနေဆဲ Professional လောင်းလေးတွေရှိနေကြတယ်။ ဟုတ်ပြီ ဒီလိုဆိုရင် ကျနော်တို့ကရော Professional တွေလား.. ကိုယ့်ကိုယ်ကိုယ်အရင်စဉ်းစားကြည့်မယ်။ ကျနော့်အနေနဲ့ပြောရရင်…. Professional ဟုတ်မဟုတ်တော့ မပြောတတ်ဘူး.. ကိုယ့်ကိုယ်ကိုယ်တော့ စိတ်ထဲမှာ အဲဒီလို မသတ်မှတ်မိသေးဘူးဗျာ။ ကျနော် ကွန်ပျူတာနဲ့ ပတ်သက်တဲ့ လစာရတဲ့အလုပ်ကိုလုပ်တယ်။ Professional ဆိုတဲ့စကားလုံးရဲ့ နဂိုအဓိပ္ပါယ်အရတော့ ကျနော့်ကို Professional လို့ခေါ်နိုင်မယ်ထင်ပါတယ်။ ကျနော့်ဘက်ကအမြင်ကကြတော့ တစ်မျိုးဖြစ်သွားတယ်။ ကျနော့်စိတ်ကိုက Professional တစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် မခံယူနိုင်တာ။ :D ထားပါတော့ ဒီအကြောင်း… ဒါက ကျနော့်စိတ်နဲ့ကျနော်ပဲ။ အခုဆွေးနွေးသင့်တာက  Professional တစ်ယောက်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲ ဘာတွေလိုမလဲ.. ပေါ့..။ ကျနော့်အမြင်ကတော့ Professional လို့ပြောနိုင်ဖို့အတွက်… အဓိကက ၀င်ငွေရတဲ့ အလုပ်တစ်ခု လိုမယ်ထင်ပါတယ်။ မြန်မာနေရှင်နယ်လိဂ်လိုပေါ့ဗျာ။ အပျော်တမ်း စနစ်တုန်းကတော့ ကစားသမားတွေဘယ်လိုပေးလဲ သေချာတော့မသိပါဘူး..။ အခုမှ pro စနစ်ပြောင်းလိုက်တယ်ဆိုပဲ..။ အရင်တုန်းက ဘောလုံးကို ၀င်ငွေရတဲ့ အလုပ်တစ်ခုအနေနဲ့ မြန်မာပြည်မှာမရှိခဲ့တဲ့သဘောလို့ပြောရမယ်ထင်ပါတယ်။ အခုတော့ လစာနဲ့ ဖြစ်သွားတယ်ပေါ့..။  ကျောင်းတတ်နေဆဲ သင်တန်းတတ်နေဆဲ ဒါမှမဟုတ်.. နည်းပညာတစ်ခုခုကို လေ့လာနေဆဲ ဒါပေမယ့် အဲဒါနဲ့ ပတ်သက်ပြီး ၀င်ငွေရခြင်းမရှိသေးတဲ့ သူတစ်ယောက်ကို Professional ဖြစ်ဖို့ကြိုးစားနေတဲ့သူလို့ခေါ်မှာပါ။ Professional ဖြစ်လာဖို့အတွက် သူတို့တွေအတွက် အဓိကအရေးအကြီးဆုံးက တစ်ခုခုကို တစ်စိုက်မက်မက် လုပ်ဖို့ပဲဖြစ်ပါတယ်။ အရင်တုန်းက ဆို.. ကျနော့်ဆီကို ဘာလုပ်ရမလဲ ဘယ်လိုင်းလိုက်ရမလဲ ဆိုတာတွေကို ဂျူနီယာ ညီလေး ညီမလေးတွေ မေးရင် ကျနော် လမ်းညွန်ဖူးခဲ့ပါတယ်။ အခုကြတော့ လမ်းမညွန်ချင်တော့ဘူး.. လုပ်ချင်တာလုပ်လို့ပဲ ပြောလိုက်တယ်။ :D ကိုယ်က ကိုယ့်အသိနဲ့ယှဉ်ပြီး ဒါကိုလုပ်သင့်တယ်ပြောလိုက်လို့ သူက လုပ်တယ်..။ ဒါပေမယ့် သူတကယ်လုပ်ရတာပျော်မပျော် ကျနော်မသိဘူး.. ။ တနေ့ကပဲ ညီမတစ်ယောက်ကမေးတယ်.. သူ့ရဲ့သူငယ်ချင်းရဲ့အမေက သူ့ကို ပြောတယ်တဲ့ သူ့သားကို ဘာသင်တန်းတတ်ခိုင်းရမလဲတဲ့… ကွန်ပျူတာနဲ့ ပတ်သက်တာပေါ့.. ပြီးတော့ဘယ်မှာကောင်းလဲတဲ့..။ အဲဒါအကိုအကြံပေးပါတဲ့… ကျနော်ပြန်ပြောလိုက်ပါတယ်။ အဲဒီ သူ့သားက ဘာဝါသနာပါလဲပေါ့.. သူဝါသနာပါတာကိုလုပ်ပါစေ… ဆိုလိုတာကသူလုပ်ရတာပျော်တဲ့ဟာကိုရွေးပါစေပေါ့.. မိဘကအတင်းအကျပ်လုပ်ခိုင်းလို့ လုပ်တော့လည်း.. ကိုယ်တိုင်စိတ်မပါရင်… သင်တန်းတတ်လည်း တတ်တာပဲဖြစ်မှာလို့ပြောလိုက်တယ်.. အဲဒီတော့ သူကပြန်ပြောတာက.. အဲဒီသူ့သားက… တချိန်လုံး ဂိမ်းပဲဆော့နေတာတဲ့ အဲဒါပဲဝါသနာပါတာတဲ့… ကျနော်လည်း ပြန်ပြောလိုက်ပါတယ်.. ဒါဆို.. Gamer လုပ်ခိုင်းပေါ့လို့.. ဟီး…။ ဘယ်လိုပြောရမှန်းကိုမသိတာ.. တကယ်ဆို.. ကျနော်လည်း ဂိမ်းဆော့ရတာကို ကြိုက်တာပေါ့…. ကွန်ပျူတာ တက္ကသိုလ် ပထမနှစ်တစ်နှစ်လုံးက ဂိမ်းဆိုင်မှာရှိတဲ့အချိန်က ကျောင်းမှာရှိတဲ့အချိန်ထက်များမလားပဲ..။ အခုလည်း ဂိမ်းဆော့ချင်တုန်းပါပဲ… ဖြစ်နိုင်ရင် နှစ်ဆယ့်လေးနာရီ အပြည့်ကို Fifa Soccer နဲ့ Football Manager ကိုထိုင်ဆော့ချင်တာ.. :P ဒါပေမယ့် အချိန်ပေါ့ဗျာ…။ ကိုယ့်ရဲ့အမှန်တကယ် Professional လုပ်မယ့် အပေါ်မှာသာ အချိန်ပေးသင့်တယ်လေ…။ ဒီတော့ အဲဒီစိတ်ကိုချိုးနှိမ်.. အစသွားလုပ်လို့တော့မဖြစ်တာ..။ တကယ်တော့လည်း Professional Gamer လုပ်ပြီး ငွေရှာနေတဲ့သူတွေတော့လည်း ရှိနေပါတယ်။ ဒါပေမယ့် Gamer ကအများကြီးမလိုအပ်ပါဘူး..။ အဲဒီအခြေအနေအထိရော တကယ် လုပ်နိုင်မှာလားပေါ့။  အဲဒီမှာ ဘာကိုတွေ့ရလဲဆိုတော့ Professional ဖြစ်ဖို့လမ်းကြောင်းရွေးမယ်ဆိုရင် ၀ါသနာ.. လုပ်ရတာပျော်ရွှင်မှုအပြင်ကို… ဈေးကွက်လိုအပ်ချက်ကိုပါ ထည့်သွင်းစဉ်းစားဖို့ပါ…။ ငါ ဒါပဲဝါသနာပါတယ် ဒါပဲလုပ်မယ်ဆိုပြီး ဇွတ်လုပ်ခဲ့ပြီးမှ ဈေးကွက်လိုအပ်ချက်နဲ့ ကိုက်ညီမှုမရှိရင်.. ၀င်ငွေရဖို့ခက်ပါမယ်။ အခုပြောနေတာလည်း Professional အကြောင်းဆိုတော့ ငွေအကြောင်းကိုပဲဦးတည်သွားသလိုပဲ… ကျနော် ဒီခေါင်းစဉ်ကိုတွေ့တာနဲ့ Wiki မှာနဲနဲဖတ်ကြည့်တော့လည်း ငွေရတဲ့သူကို Professional လို့ခေါ်တယ်ရေးထားတာတွေ့တာကို..။ ဟုတ်ပါပြီ.. ကျနော့်အခြေအနေနဲ့ပဲယှဉ်ပြောရရင်.. ဆယ်တန်းပြီးတော့ ကိုယ်ဘာဝါသနာပါတယ်ဆိုတာ သေချာကိုမသိတာပါ..။ ဆရာဝန်မလုပ်ချင်တာကလွဲပြီးပေါ့… :D  ဒါပေမယ့် မူလစိတ်ရင်းကိုက… ဘယ်ဟာလုပ်လုပ်အကောင်းဆုံးဖြစ်အောင်လုပ်ရမယ်ဆိုတာ ရင်ထဲမှာ… စွဲနှစ်နေပြီးသား… ငယ်ငယ်က သွန်သင်ခဲ့တဲ့ မိဘ ဆရာသမားကျေးဇူးကြောင့်လဲပါမှာပါ။ ဒါကြောင့် ကွန်ပျူတာ တက္ကသိုလ်တတ်ပြီးတဲ့နောက်မှာတော့ ကွန်ပျူတာကိုသာ.. အရူးအမူး.. ချစ်သွားခဲ့ပါတယ်။ ဒါငါ Professional အဖြစ်ရပ်တည်ရမယ့် လမ်းကြောင်းပဲလို့ နားလည်ခဲ့တာပါ။ အခုဆို ကွန်ပျူတာ ရှိရင်ကို ဘ၀က အဓိပ္ပါယ်ရှိနေတာ.. ပျော်စရာကောင်းနေတာ… ကွန်ပျူတာ ရှေ့မှာထိုင်ပြီး.. ပြသနာပေါင်းများစွာကို ဖြေရှင်းနေရတာကိုက… ကြီးမားတဲ့ စိတ်ကျေနပ်မှုကိုရစေတယ်ဗျာ။ ပြသနာကိုဖြေရှင်းတယ်လို့ပြောရတာက… ဥပမာ ကျနော်တို့ software တစ်ခုရေးတာပဲ ဖြစ်စေ… website တစ်ခု ဖန်တီးတာပဲဖြစ်စေ… နောက်ဆုံး ကွန်ပျူတာ ပြုပြင်တာပဲဖြစ်စေ… ပြသနာကိုဖြေရှင်းနေတာလို့ ကျနော်နားလည်တဲ့အတွက်ပါ။ error တွေကိုလည်း ဖြေရှင်းချင်တယ်.. အဆုံးသတ်အောင်မြင်သွားတဲ့အခါ.. အရမ်းကိုပျော်တယ်။ အနီးစပ်ဆုံးကတော့ အခု VB ပြောင်းလိုက်တဲ့ကိစ္စပေါ့..။ တကယ်ဆို.. VB က အစကနေသွင်းတာသာဆိုရင် ဘာမှ တိုင်မပတ်နိုင်ဘူး..။ SMF ကနေ ပြောင်းရတာမှာတော့ ထင်သလောက်မလွယ်ကူခဲ့ပါဘူး.. အင်တာနတ်မှာ ကိုယ်နဲ့ပုံစံတူ ရှာရတာလဲ မလွယ်ပါဘူး.. နောက်ဆုံး မြန်မာစာကနေပြောင်းရမှာဆိုတော့ကား.. အဲလိုလုပ်ဖူးတဲ့သူက တစ်ယောက်မှတောင်ရှာမတွေ့ပါဘူး.။ တစ်ယောက်မှမလုပ်ဖူးတော့ ကိုယ်ကစလုပ်တဲ့သူလိုဖြစ်နေရော… ထားပါတော့ ဒီကိစ္စကိုလည်း… ။ အဲဒီတော့ Professional ဖြစ်ဖို့အတွက် လမ်းကြောင်းတစ်ခုကို အရင်သေချာရွေးရမယ်။ ဘာဝါသနာပါတာ သေချာမသိရင် လုပ်သင့်တဲ့ အရာပေါ်မှာပဲ ရအောင် ၀ါသနာပါပစ်ဖို့ပဲရှိတာပေါ့.. :D ပြီးရင် တစ်စိုက်မက်မက်သာလုပ်သွား.. လမ်းကြောင်းထပ်မပြောင်းနဲ့တော့ ပေါ့..။ ဒီလိုဆို.. အောင်မြင်တဲ့ Professional တစ်ယောက်တော့ အချိန်တန်ရင်ဖြစ်လာမယ်ထင်ပါတယ်။ သိပ်မသိလို့ဒီလောက်ပဲပြောနိုင်ပါတယ်..

Nov
28

ခေါင်းစဉ်မသိ (၂)

Posted by admin  |  Posted in Uncategorized  |  Posted on: 28-11-2009

တခါတလေ အွန်လိုင်းပေါ်က အတုအယောင် ကမ္ဘာကို……

ငါတို့ဘ၀အစစ်နဲ့မှားတတ်ကြတယ်။

အပြင်မှာမမြင်ဖူးပေမဲ့ သံယောဇဉ်တွေဖြစ်ဖူးကြတယ်..။

facebook ရဲ့အတုအယောင် ဗေဒင်တွေ အပေါ်မှာငါတို့ သာယာနေရင်း…

vzo ပေါ်က ရုပ်ပုံတွေ နဲ့ ငါတို့ ကြည်နူးနေရင်း….

gtalk မှာ လွမ်းစရာ စာကဗျာတွေနဲ့ ငါတို့ လွင့်မျှောနေရင်း….

ဒီလိုနဲ့ အချိန်တွေကြာ သံယောဇဉ်တွေ ခိုင်မာလာလေတော့….

အဆုံးသတ်မှာတော့ ကာရံမညီတဲ့ ကဗျာတစ်ပုဒ် အဖြစ်နဲ့…..

တိမ်တွေလိုလွင့်မျှောသွားလေမလား…..

ဒါမှမဟုတ်… လှပတဲ့ အပြုံးတွေနဲ့ အဆုံးသတ်လေမလား…

ကြိုမသိနိုင်ခြင်းများစွာနဲ့အတူ…

အရင်ကငါရူးခဲ့တယ်….

အခုလည်းငါရူးနေဆဲ….

နောင်လည်း ရူးနေရဦးမှာပါ…။

လူရယ်လို့ဖြစ်လာမှတော့ ငါတို့ခံစားဖို့…

အချစ်ရယ်.. အမုန်းရယ်.. အလွမ်းရယ်..

ပျော်စရာတွေရယ်.. ၀မ်းနည်းစရာတွေရယ်..

ဒါတွေကိုဘယ်လိုရှောင်လွဲနိုင်ပါ့မလဲလေ…။

မှားပြီးရင်းမှား ထပ်ခါထပ်ခါမှား..

မှားမှန်းသိပြီးလဲ ထပ်ပြီးတော့မှား..

အမြဲမှားနေခဲ့တဲ့ငါ… နောက်လည်း ဆက်မှားနေဦးမှာပဲလေ..။

အမှားကိုအမှန်ပြင်လိုက်ပြီးပြန်တော့လည်း..

အဲဒီအမှန်က အမှားပြန်ဖြစ်သွားပြန်လေတော့…

ဘယ်တော့မှများ အမှန်ကိုငါ့တွေ့ရဦးမှာလဲ..။

ဆုံးဖြတ်ချက်တွေ ငါချချင်သလိုချ….

နောက်တော့ ပြန်ပြင်… ပြီးတော့ အသစ်ပြန်ဆုံးဖြတ်…

ရည်မှန်းချက်တွေငါထားခဲ့ပြီးမှ… ငါတခါအရှုံးပေးမိ…

နောက်တော့တစ်ကပြန်စခဲ့ရတာပေါ့..။

ဒီလိုနဲ့… လိမ်ဖယ်လိမ်ဖယ်… ဖြစ်ချင်တာတွေကို ကြိုးစားရင်း..

မဖြစ်ချင်တာတွေ ဖြစ်လာလေတော့လည်း..

လုပ်ချင်သလိုလုပ်ပြီး.. ဖြစ်ချင်ရာဖြစ်တော့ဆိုတဲ့ စိတ်မျိုး..

တခါတရံ ငါပျော့ညံ့မိတာ.. ငါ့ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ချင်တော့ပါဘူး…။

သေချာတယ်.. ငါထပ်ပြီးမှားမယ်.. ငါထပ်ပြီးဆုံးဖြတ်မယ်..

ငါထပ်ပြီးပန်းတိုင်အသစ်တွေရှိမယ်..

နောက်ဆုံး.. ငါသေဆုံးသွားရင်တော့ အကုန်ပြီးဆုံးသွားပြီပေါ့….

ဒီလိုနဲ့ ငါနားလည်သွားတာက… ငါသည်.. တနေ့တွင်…

သေဆုံးခြင်းသို့ရောက်ရှိရန် ယနေ့အသက်ရှင်နေသည်တဲ့..။

MMS

မှတ်ချက်- ရေးလိုက်တာတော့ ငါးမိနစ်မကြာဘူး.. စရေးတုန်းက အွန်လိုင်းအကြောင်းရေးတာပဲ.. ရေးရင်းနဲ့ ဘာမှမဆိုင်သလိုဖြစ်သွားတယ်.. ပြန်မပြင်တော့ဘူး.. :D

Nov
5

PHP နှင့် AJAX အခြေခံသင်ခန်းစာလေး

Posted by admin  |  Posted in Computer, Web Development  |  Posted on: 5-11-2009

ပိုစ့်တွေအရမ်းကျဲနေလို့အားနာလာပြီဗျာ..။ ဘယ်လိုမှမအားလို့ပါ.. အခုဒီ Tutorial လေးက ဖိုရမ်တစ်ခုမှာကျနော်တင်ထားခဲ့ဖူးတာပါ.. အဲဒါကိုပဲပြန်ကူးပြီးတင်ပေးလိုက်ရပါတယ်။

ကျနော် web development ဆိုင်ရာ သိမှတ်စရာများဆိုပြီးတစ်ခုရေးဖူးပါတယ်… အဲဒါရဲ့နောက်ဆက်တွဲလို့
သဘောထားနိုင်ပါတယ်။ အရင်ဆုံး PHP အကြောင်းလေး ဖတ်မိသလောက် သိသလောက်ပြောကြည့်ပါမယ်။ PHP ဆိုတာ dynamic web pages တွေအတွက်ရည်ရွှယ်ပြီးပေါ်ပေါက်လာခဲ့တဲ့ scripting language ဖြစ်ပါတယ်။PHP ကို web scripts တွေရေးဖို့ဖန်တီးခဲ့တာသာဖြစ်ပါတယ်။ stand alone application တွေရေးဖို့မဟုတ်ပါဘူး (ဒါပေမယ့် အခုအချိန်မှာတော့ application တွေကိုလည်း PHP နဲ့ရေးလို့ရနေပါပြီ။) PHP ကို မူလပထမဆုံး ဖန်တီးခဲ့သူကတော့ Rasmus Lerdorf ပဲဖြစ်ပါတယ်။ စစပေါ်ချင်း 1994 မှာ PHP ရဲ့အရှည်က Personal Home Page လို့ Rasmus Lerdorf ကခေါ်တွင်ခဲ့ပါတယ်.။  နောက်ပိုင်းမှာတော့ အခုသိကြတဲ့အတိုင်း PHP: Hypertext Preprocessor ဖြစ်ပါတယ်။ PHP ဟာယနေ့အခါမှာတော့ အသုံးအများဆုံး programming language တစ်ခုအဖြစ်ရပ်တည်နေပါပြီ။ အခုအခါမှာ PHP ကို THE PHP GROUP ကနေ maintain လုပ်ပေးနေပါတယ်။ ဒါ့အပြင် PHP ဟာ PHP License ရဲ့အောက်မှာ ထွက်ပေါ်တဲ့ free software ဖြစ်ပါတယ်။ PHP ဟာ general-purpose scripting language တစ်ခုဖြစ်ပေမယ့် အထူးသဖြင့်တော့ web development အတွက်အဓိကတွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ သူ့ကို HTML coding တွေအထဲမှာ ထည့်သွင်းအသုံးပြုနိုင်ပြီး web server ပေါ်မှာ run တာဖြစ်ပါတယ်။ web servers အများစုမှာ အသုံးပြုနိုင်ပြီးတော့ Operating System တွေနဲ့ Platform တွေအားလုံးနီးပါးမှာ အခကြေးငွေပေးစရာမလိုပဲ ရယူ အသုံးပြုနိုင်ပါတယ်။ အခုအချိန်မှာ PHP ကို websites ပေါင်း သန်း ၂၅ ကျော် နဲ့ web server ၁ သန်းကျော်ပေါ်မှာ install လုပ်ကာအသုံးပြုနေကြပြီး ဒီအရေအတွက်ဟာ နေ့စဉ်နဲ့အမျှတိုးလို့လာနေပါတယ်။ သူ့ရဲ့ syntax ဟာ Perl နဲ့ C တိုနဲ့ဆင်တူပါတယ်။ operating system အတော်များများပေါ်မှာ Apache (web server) နဲ့ အတူတူ တွဲပြီး အသုံးပြုကြပါတယ်။ Windows ပေါ်မှာလည်း Microsoft ရဲ့ IIS နဲ့လည်းယှဉ်တွဲအသုံးပြုနိုင်ပါတယ်။ ယခုအခါမှာ PHP 6 (latest unstable release) အဖြစ်ကိုရောက်ရှိနေပါပြီ။ official current release ကတော့ 5.3.0 (2009-06-30) ဖြစ်ပါတယ်။ PHP 4 ကနေ PHP 5 ကိုပြောင်းလာတဲ့အခါမှာ object-oriented programming language ဖြစ်လာခဲ့ပါတယ်။ PHP 6 ဖြစ်လာတဲ့အခါမှာတော့ Unicode ကို support လုပ်လာနိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာစကားအားလုံးနီးပါး ရဲ့ အက္ခရာ တွေကို ကိုင်တွယ်နိုင်ပြီလို့ဆိုနိုင်ပါတယ်။  PHP ဟာ သူ့ရဲ့ ယှဉ်ပြိုင်ဘက် language တွေထက် ပိုကောင်းတယ် ပိုမြန်တယ် သင်ယူဖို့ပိုမို  လွယ်ကူတယ်
လို့ အကြမ်းအားဖြင့် ပြောနိုင်ပါတယ်။ database အတော်များများနဲ့ယှဉ်တွဲအသုံးပြုနိုင်ခြင်း ပေါ့ပါးခြင်း အကန့် အသန့် မရှိဘူးလို့ ပြောနိုင်လောက်အောင် ချဲ့ထွင်အသုံးချနိုင်ခြင်း open source ဖြစ်သောကြောင့် ကုန်ကျစရိတ်မရှိခြင်း စတဲ့ကောင်းကျိုး များစွာ ရှိနေ ပါတယ်။ သူနဲ့ယှဉ်ပြိုင်ဘက်တွေအနေနဲ့ JSP, ROR နဲ့ ASP.net  လို့ဆိုကြပါတယ်။တစ်ခုစီတိုင်းမှာတော့ အားသာချက် အားနည်းချက်ကိုယ်စီရှိကြတာမျိုးဖြစ်ပါတယ်။ ဘယ်အရာကမှ ရာနှုန်းပြည့်ကောင်းးမွန်တယ်လို့မဆိုနိုင်ပါဘူး..။

PHP အလုပ်လုပ်ပုံ

PHP သည် server-side language ဖြစ်ပါတယ်။ ဆိုလိုတာက ကျွှန်တော်တို့ရေးလိုက်တဲ့ code တွေဟာ server ပေါ်မှာ run တာဖြစ်ပါတယ်။ server-side language တွေက web page တွေဆီကနေ ပို့ပေးလိုက်တဲ့ အချက်အလက်တွေကိုရယူပါတယ်။ host ရဲ့ server ဆီကို ရောက်လာမယ်။ ရောက်လာတဲ့ information ပေါ်မှာမူတည်ပြီးတော့ server ပေါ်မှာ run ပါတယ်။ ပြီးမှ browser ဆီကို လိုအပ်တဲ့အချက်အလက်ကိုပြန်ပို့ပေးပါတယ်။ ဥပမာ ကျွှန်တော်တို့က web page ပေါ်မှာ click တစ်ချက်နှိပ်လိုက်ရင် ကျွှန်တော်တို့ အဲဒီ click နှိပ်လိုက်ခြင်းကြောင့် ရလာတဲ့ result ကိုမမြင်ရခင်မှာ server ဆီကို ကျွှန်တော်တို့ရဲ့ Input ပေးလိုက်တဲ့ အချက်အလက်တွေကို ပို့တာ ရယ် server ကနေ ပြန်ပို့တာတွေ လုပ်နေတာဖြစ်ပါတယ်။ဒါက server-side ရဲ့သဘောပါ။
client-side language ကတော့ ကျွှန်တော်တို့ user တွေအသုံးပြုတဲ့ client  ပေါ်မှာပဲ တိုက်ရိုက် run တာပါ။ JavaScript ဆိုရင် သူ့ရဲ့ client ကတော့ web browser ပေါ့။ ဒါကြောင့် သူ့အနေနဲ့ web server ဆီကို information ပို့တာ ပြန်ထုတ်တာတွေ လုပ်ဖို့မလိုပါဘူး။ သဘောတရားကတော့ browser က code ကိုဖတ်တယ် ပြီးရင် interprets လုပ်တယ်။ ပြီးရင် ပြန်ထုတ်ပြတယ်။ မြန်မြန်ဆန်ဆန် ပြီးပါတယ်။ သူ့နေရာနဲ့ သူတော့ client-side ရော server-side ရော လိုအပ်ပါတယ်။ ဥပမာ form တစ်ခု ဆိုပါစို့ဗျာ။ ကျွှန်တော် တို့ sign up လုပ်တဲ့အခါဖြစ်ဖြစ်ပေါ့ ကျွှန်တော်တို့ text box ထဲမှာထည့်လိုက်တဲ့ data တွေကိုမှန် မမှန် ကို client side language တစ်ခုနဲ့စစ်မယ်။valid ဖြစ်မဖြစ်ကိုပေါ့။  ပြီးမှ submit ကိုဖြစ်ဖြစ်နှိပ်လိုက်မှ server ဆီကိုပို့မှာပေါ့။  server ဆီကိုမှန်ကန်တဲ့ information တွေပဲရောက်ရှိစေတာပေါ့ဗျာ။ web server ပေါ်မှာ အချက်အလက်တွေကို save လုပ်ပြီး သိမ်းထားဖို့လိုအပ်တာမျိုး ကြတော့ server side နဲ့ပဲလုပ်လို့ရတာပေါ့။ PHP ကိုလေ့လာတောမယ်ဆိုရင် Apache web server နဲ့ My SQL Database တို့ပါတွဲပြီးလေ့လာဖို့ပါနေတာဖြစ်ပါတယ်။
အခုကျွှန်တော်တို့ PHP ကို local host အနေနဲ့ ပဲ စတင်လေ့လာဖို့အတွက် လိုအပ်တဲ့ software ကိုစက်ထဲထည့်ပါမယ်။

localhost မှာသုံးဖို့အတွက်
လိုအပ်တဲ့ software တွေအားလုံးကို ပေါင်းစုပြီးထည့်ထားတဲ့ package software တွေရှိပါတယ်။ အဲဒီ software
တွေကိုသုံးပြီး web server နဲ့database ကိုကိုယ့်စက်ထဲမှာပဲရရှိမှာဖြစ်ပါတယ်။
အဲဒီ software တွေထဲမှာ windows အတွက်ထင်ရှားတာတွေကတော့ WAMP နဲ့ XAMPP တို့ပဲဖြစ်ကြပါတယ်။
သူ့ထဲမှာ apache, mysql, php စတဲ့ လိုအပ်တာတွေအားလုံးပါဝင်တာဖြစ်ပါတယ်။
ကျွှန်တော်တို့ အခု XAMPP ကိုပဲရွေးပြီးတော့ လေ့လာကြပါမယ်။
၁။

Code:
http://www.apachefriends.org/en/xampp.html

ကိုသွားပြီးတော့ ကိုယ့်ရဲ့ windows version နဲ့ ကိုက်ညီတဲ့
xampp installer ကိုဒေါင်းလုပ်ဆွဲပါ။
အဆင့်ဆင့်သွင်းသွားလိုက်ရင် ရသွားမှာပါ။ သာမန် software သွင်းသလိုပါပဲခင်ဗျာ။ သွင်းပြီးသွားရင်တော့ C အောက်က xampp အောက်က htdocs အောက်မှာ php ဆိုတဲ့ folder လေးဆောက်သင့်ပါတယ်။ အဲဒီ အောက်မှာပဲကျနော်တို့ ရေးသမျှကို save သင့်ပါတယ်။ နောက်ထပ် ဒီစာအုပ်မှာပါတဲ့ သင်ခန်းစာ များကိုလေ့လာနိုင်ဖို့အတွက် Web Browser (firefox, IE) တစ်ခုလိုပါမယ်။ text editor တစ်ခုလိုပါမယ်။ PHP editor တစ်ခုဆိုပိုကောင်းပါတယ်။ ကျွှန်တော်ကတော့ Dream weaver CS 4 ကို အသုံးပြုပါတယ်။ ဒါပေမယ့်လည်း Notepad ကိုပဲအသုံးပြုမယ်ဆိုရင်လည်း အဆင်ပြေနိုင်ပါသေးတယ်။

code လေးတွေကို run မယ်ဆိုရင် Dreamweaver ကိုဖွင့် PHP ကိုရွေးပြီးတော့ အလိုအလျှောက်နဂိုရှိနေတဲ့ code တွေကိုဖြတ်နိုင်ပါတယ်။ Notepad ကိုပဲသုံးရင်လည်းရပါတယ်။ အဲဒီနောက် code တွေကို copy paste လုပ်ပါ။ ပြီးရင် save လုပ်ပါ.. save လုပ်ရမယ့်နေရာကတော့ C အောက်က xampp အောက်က htdocs အောက်က php ရဲ့အောက်မှာဖြစ်ပါတယ်။ အဆင်ပြေသလိုနာမည်ပေးနိုင်ပါတယ်။ အကယ်၍ 1.php, 2.php အစရှိသဖြင့်ပဲပေးထားရင် အဲဒါကို browser မှာကြည့်မယ်ဆိုရင် http://localhost/php/1.php, http://localhost/php/2.php အစရှိသဖြင့်ခေါ်ပြီး ကြည့်လို့ ရပါပြီ။ ကျနော်က အခုPHP နဲ့ AJAX နဲ့တွဲပြီးသုံးတဲ့သင်ခန်းစာကိုရေးမလို့ပါ။  Cheesy PHP အတွက် စာအုပ်တစ်အုပ်လည်းရေးနေပါတယ်ခင်ဗျာ..။ ဘယ်တော့ပြီးမလဲတော့မသိသေးပါဘူး.. :P

PHP and AJAX
AJAX INTRODUCTION
AJAX= Asynchronous JavaScript And XML
AJAX က web browser နဲ့ web server ကြားထဲကနေ data တွေကို ပို့ဖို့နဲ့ လက်ခံဖို့အတွက် JavaScript ကိုအသုံပြုပါတယ်။
AJAX နည်းပညာကြောင့် user က အပြောင်းအလဲတစ်ခု လုပ်လိုက်တဲ့အခါမှာ web page တစ်ခုလုံးကို relode လုပ်လိုက်တာမျိုးမဟုတ်ပဲနဲ့ နောက်ကွယ်မှာ web server နဲ့ data exchange လုပ်တဲ့အတွက် web page တွေကိုပိုပြီးတော့ responsive ဖြစ်ပါတယ်။ AJAX ကအောက်ပါ standards တွေပေါ်မှာအခြေခံထားပါတယ်။
-JavaScript
-XML
-HTML
-CSS
PHP ကိုလေ့လာတဲ့အခါမှာ AJAX ကိုမသိလို့မဖြစ်ပါဘူး… ။ JavaScript, XML, HTML,CSS ဒါတွေမသိရင် PHP လေ့လာလည်း သိပ်တော့မထူးပါဘူး.. အဲဒါအကုန်သိရမှာဖြစ်ပါတယ်.. အားလုံးဆက်စပ်ပြီးအသုံးချရမှာဖြစ်လို့ပါ။
AJAX အနေနဲ့ major browser တွေအားလုံးက support လုပ်ကြပါတယ်။ ဒါကြောင့် AJAX application တွေက browser နဲ့ platform ပေါ်မှာမှီခိုမှုမရှိဘဲ… Cross Platform, Cross Browser Technology လို့ဆိုနိုင်ပါတယ်။
AJAX Uses XML And HTTP Requests
ရိုးရိုးသာမန်နည်းနဲ့ရေးထားတဲ့ web application တစ်ခုမှာ html form တစ်ခုကိုသုံးပြီး input တစ်ခုကို web server ဆီကို submit လုပ်ပါမယ်။ web server က data ကို process လုပ်ပြီးတဲ့အခါမှာ user ဆီကို web page အသစ်တစ်ခုကို return ပြန်လာပါမယ်။ user က input ပေးတဲ့အခါတိုင်းမှာ web page အသစ်တစ်ခုကို server က ပြန်ပေးရတာဖြစ်တဲ့အတွက် ဒီရိုးရိုးနည်းနဲ့ရေးတာက နှေးပါတယ် ပြီးတော့ user friendly မဖြစ်ပါဘူး။ AJAX နည်းပညာကိုသုံးရင် web application တွေက web page တစ်ခုကို relode လုပ်စရာမလိုပဲနဲ့ data တွေကို ပို့နိုင် ထုတ်နိုင်တာဖြစ်ပါတယ်။ ဒီကိစ္စကို နောက်ကွယ်မှာ server ဆီကို HTTP request တွေပေးပို့ခြင်းနဲ့အလုပ်လုပ်တာဖြစ်ပါတယ်။ server က data ပြန်လာတဲ့အခါ JavaScript ကိုသုံးပြီး web page ရဲ့အစိတ်အပိုင်းလေးကိုပဲ modify လုပ်တာဖြစ်ပါတယ်။ ရှေ့လာမယ့် ဥပမာတွေကိုကြည့်ရင် နားလည်မှာပါ။
PHP and AJAX
AJAX မှာတော့ server ရယ်လို့မရှိပါဘူး.. ။ AJAX ဆိုတာ ကျနော်တို့ရဲ့ browser ပေါ်မှာပဲ run တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ browser နဲ့ web server ရဲ့ကြားမှာ HTTP requests (asynchronous data transfer) ကိုသုံးပါတယ်။ ဆိုလိုတာက web page တစ်ခုလုံးကို server ဆီကိုပို့တာမဟုတ်ပဲ အဲဒီ web page ထဲက အချက်အလက် အနည်းငယ်အစိတ်အပိုင်းလေးကိုပဲ ပို့တာဖြစ်ပါတယ်။ ပြောရရင်တော့ AJAX က web server software တွေပေါ်မှာမမှီခိုတဲ့ web browser technology တစ်ခုဖြစ်ပါတယ်။ ဒီ tutorial ထဲမှာတော့ PHP server ပေါ်မှာ run တဲ့ဥပမာတွေကိုအသားပေးဖော်ပြပေးပါမယ်

AJAX XMLHttpReuest
XMLHttpRequest object ကတော့ AJAX ရဲ့အဓိကသော့ချက်ဖြစ်ပါတယ်။ July 2000 Internet Explorer ထွက်ကတည်းက သုံးလို့ရျွှာဖြစ်ပါတယ်။ ဒါပေမယ့် 2005 မှာ AJAX နဲ့ Web 2.0 အကြောင်းပြောဖြစ်ကြတဲ့အခါမှ အပြည့်အ၀အသုံးချကြတာ ဖြစ်ပါတယ်။ မတူညီတဲ့ browser တွေအနေနဲ့ XMLHttpRequest object ကိုဖန်တီးဖို့အတွက် ကွဲပြားတဲ့နည်းလမ်းတွေကို သုံးကြပါတယ်။ Internet Explorer က ActiveXObject ကိုအသုံးပြုပါတယ်။ တခြား browser တွေကတော့ build in JavaScript object တစ်ခုဖြစ်တဲ့ XMLHttpRequest ကိုအသုံးပြုပါတယ်။ အောက်က code လေးက ဒီပြသနာကိုပြေလည် စေတဲ့အရိုးရှင်းဆုံး နည်းလမ်းပါ။
var XMLHttp=null
if (window.XMLHttpRequest)
{
XMLHttp=new XMLHttpRequest()
}
else if (window.ActiveXObject)
{
XMLHttp=new ActiveXObject(”Microsoft.XMLHTTP”)
}

အရင်ဆုံး XMLHttpRequest object ကိုအသုံးပြုဖို့အတွက် XMLHttp variable တစ်ခုကို ဖန်တီးပါတယ်။ တန်ဖိုးကိုတော့ null လို့ သတ်မှတ်ပေးခဲ့ပါတယ်။  ပြီးတဲ့နောက်မှာ window.XMLHttpRequest ဆိုတဲ့ object လေး available ဖြစ်မဖြစ် စစ်ပါတယ်။ Firefox, Opera, Safari နောက်ပိုင်း version တွေမှာဆိုရင် available ဖြစ်မှာဖြစ်ပါတယ်။ တကယ်လို့ available ဖြစ်တယ်ဆိုရင် XMLHttp=new XMLHttpRequest() ဆိုပြီးတော့ object အသစ်တစ်ခုဖန်တီးပါတယ်။ available မဖြစ်ရင်တော့ window.ActiveXObject က available ဖြစ်မဖြစ်စစ်ပါတယ်။ Internet Explorer 5.5 နဲ့နောက်ပိုင်းတွေ အားလုံးမှာ available ဖြစ်ပါတယ်။ available ဖြစ်တယ်ဆိုရင် XMLHttp=new ActiveXObject() ဆိုပြီးတော့ object အသစ်တစ်ခုကို ဖန်တီးပါတယ်။ ပရိုဂရမ်မာတွေအနေနဲ့ ဒီထက်ပိုကောင်းတဲ့ ပိုမြန်တဲ့ XMLHttpRequest object ကို ပိုနှစ်သက် နိုင်ပါတယ်။ အောက်က ဥပမာလေးကတော့ Microsoft.XMLHTTP အစား Xsxml2.XMLHTTP ဆိုတဲ့ Microsoft ရဲ့ latest version ကို load လုပ်တာဖြစ်ပါတယ်။ အဲဒါကတော့ IE 6 နဲ့နောက်ပိုင်းမှာ မှ available ဖြစ်တာဖြစ်ပါတယ်။

function GetXmlHttpObject()
{
var xmlHttp=null;

try
{
// Firefox, Opera 8.0+, Safari
xmlHttp=new XMLHttpRequest();
}
catch (e)
{
// Internet Explorer
try
{
xmlHttp=new ActiveXObject(”Msxml2.XMLHTTP”);
}
catch (e)
{
xmlHttp=new ActiveXObject(”Microsoft.XMLHTTP”);
}
}
return xmlHttp;
}

ဒီဥပမာက ဘာကိုပြောတာလဲဆိုရင် အရင်ဆုံးXMLHttpRequest object ကိုသုံးဖို့အတွက်  XMLHttp ဆိုတဲ့ variable လေးကို
ဖန်တီးပါတယ်။ အဲဒီနောက် web standarads (Mozila, Opera နဲ့ Safari)အရ XMLHttp= new XMLHttpRequest() object ကိုဖန်တီးဖို့ ကြိုးစားပါတယ်။ နောက်တခါ Microsoft နည်းလမ်းနဲ့ IE 6 နဲ့နောက်ပိုင်း အတွက် XMLHttp=new ActiveXObject(“Msxml2.XMLHTTP object ကိုဖန်တီးဖို့ကြိုးစားပါတယ်။ အဲဒီမှာ error ဖြစ်တယ်ဆိုမှ အဟောင်းနည်းလမ်း (IE 5.5) XMLHttp=new ActiveXObject(“ Microsoft.XMLHTTP”) ကိုကြိုးစားပါတယ်။

AJAX Suggest
အောက်က AJAX ဥပမာမှာ  user က web form တစ်ခုထဲကို data ရိုက်ထည့်ပြီးတော့ web page တစ်ခုက web server နဲ့ ဘယ်လို communticate လုပ်တယ်ဆိုတာကို သရုပ်ပြသွားမှာဖြစ်ပါတယ်။ အောက်ကလိုပုံစံမျိုးလေး ရေးမှာပါ။ box လေးထဲမှာ character လေးတစ်ခုခုကိုရိုက်ထည့်တာနဲ့ suggestion မှာပေါ်လာမယ်။

ဒီ ဥပမာမှာ page သုံးခုပါဝင်ပါမယ်။
-   ရိုးရိုး HTML page
-   JavaScript page
-   PHP page

The HTML Form
အခုကတော့ HTML page ဖြစ်ပါတယ်။ သူ့မှာ form အတွက် HTML code ရယ် JavaScript ကိုခေါ်တဲ့ link ရယ်ပါဝင်ပါတယ်။ ဒီ html file ကို ajaxtesting.html လို့ပေးပါမယ်။

<html>
<head>
<script src=”clienthint.js”></script>
</head>

<body>

<form>
First Name:
<input type=”text” id=”txt1″
onkeyup=”showHint(this.value)”>
</form>

<p>Suggestions: <span id=”txtHint”></span></p>

</body>
</html>

ဒီဥပမာမှဆိုရင် txt1 ဆိုတဲ့ Input filed လေးပါတဲ့ ရိုးရိုး HTML form လေးပါပါတယ်။ အလုပ်လုပ်ပုံကတော့
1.   user က input field လေးထဲမှာ keyboard ပေါ်က key တစ်ခုကို နှိပ်ပြီးတော့ release လုပ်လိုက်တဲ့အခါevent တစ်ခုကို အစပျိုးပေးပါတယ်။
2.   evernt ကိုအစပျိုးပြီးတဲ့အချိန်မှာ showHint() ဆိုတဲ့ function လေးကိုခေါ်ပြီးတော့ execute လုပ်ပါတယ်။
3.   form ရဲ့အောက်မှာ txtHint ဆိုတဲ့ <span> လေးရှိပါတယ်။ အဲဒါကတော့ showHint() ကပြန်လာတဲ့ return data လေး ပေါ်မဲ့နေရာလေးပဲဖြစ်ပါတယ်။

အောက်က JavaScript code ကိုတော့ clienthint.js လို့သိမ်းမှာဖြစ်ပြီး HTML document နဲ့ လင့်လုပ်ထားတာဖြစ်ပါတယ်။

var xmlHttp;

function showHint(str)
{
if (str.length==0)
{
document.getElementById(”txtHint”).innerHTML=”";
return;
}
xmlHttp=GetXmlHttpObject();
if (xmlHttp==null)
{
alert (”Browser does not support HTTP Request”);
return;
}
var url=”gethint.php”;
url=url+”?q=”+str;
url=url+”&sid=”+Math.random();
xmlHttp.onreadystatechange=stateChanged;
xmlHttp.open(”GET”,url,true);
xmlHttp.send(null);
}

function stateChanged()
{
if (xmlHttp.readyState==4 || xmlHttp.readyState==”complete”)
{
document.getElementById(”txtHint”).innerHTML=xmlHttp.responseText;
}
}

function GetXmlHttpObject()
{
var xmlHttp=null;
try
{
// Firefox, Opera 8.0+, Safari
xmlHttp=new XMLHttpRequest();
}
catch (e)
{
// Internet Explorer
try
{
xmlHttp=new ActiveXObject(”Msxml2.XMLHTTP”);
}
catch (e)
{
xmlHttp=new ActiveXObject(”Microsoft.XMLHTTP”);
}
}
return xmlHttp;
}// JavaScript Document

ဒီဥပမာလေးကိုရှင်းရရင်တော့ showHint()function က inpurt field ထဲမှာ ကျနော်တို့ character တစ်လုံးရိုက်လိုက်တဲ့ အခါတိုင်းအလုပ်လုပ်ပါတယ်။ အကယ်၍ input filed ထဲမှာ input ရှိပြီးသား ဆိုလိုတာက str.length>0 ဖြစ်သွားတယ်ဆိုရင် အောက်ပါအတိုင်း execute လုပ်ပါတယ်။
1.   server ကိုပေးပို့မယ် url filename ကို သတ်မှတ်ပါတယ်။ ဒီမှာတော့ gethint.php ပါ။
2.   input filed ထဲမှာရောက်နေမယ့် content (character) နဲ့ ယှဉ်တွဲပြီးတော့ parameter (q) လေးကိုပေါင်းထည့်ပါတယ်။
3.   server က cached file ကိုသုံးမိတာကနေ ကာကွယ်ဖို့ random number တစ်ခုကို ထပ်ပေါင်းထည့်ပါတယ်။
4.   GetXmlHttpObject function ကိုခေါ်ပြီးတော့ XMLHTTP object ကိုဖန်တီးယူပါတယ်။ ပြီးတော့ ပြောင်းလဲမှုတစ်ခု ဖြစ်တဲ့အခါ အဲဒီ object အနေနဲ့ StateChanged ဆိုတဲ့ function လေးကို execute လုပ်စေပါတယ်။
5.   ပေးလိုက်တဲ့ url အတိုင်း XMLHTTP object ကို ဖွင့်လိုက်ပါတယ်
6.   server ဆီကို HTTP request ကိုလှမ်းပို့လိုက်ပါတယ်။

input filed က ဗလာဖြစ်နေတယ်ဆိုရင် function က txtHint ရဲ့ placeholder (suggestion ပေါ်တဲ့နေရာ) မှာရှိနေတဲ့ content (စာတွေ) အားလုံးကို ရှင်းလင်းပစ်လိုက်ပါတယ်။

The stateChanged() Function
XMLHTTP object ရဲ့ state ပြောင်းလဲတဲ့အခါတိုင်းမှာ ဒီ function ကို execute(တွက်ချက်) လုပ်ပါတယ်။
state က 4 ဒါမှမဟုတ် complete အဖြစ်ပြောင်းတဲ့အခါ txtHint ရဲ့ content ကို သူ response လုပ်တဲ့ text နဲ့ဖြည့်ပါတယ်။

The GetXmlHttpObject() Function
AJAX applications အနေနဲ့ XML support လုပ်တဲ့ browser နဲ့ပဲ run မှာဖြစ်တဲပအတွက် GetXMLHttpObjet() ကိုခေါ်ပြီးတော ဒီပြသကိုနည်းလမ်းတစ်ခု မဟုတ်တစ်ခုနဲ့ဖြေရှင်းနိုင်စေဖို့ XMLHTTP object အမျိုးမျိုးကိုဖန်တီးပါတယ်။
အခု ကျန်တဲ့ PHP page အတွက်ဖြစ်ပါတယ်။ JavaScript code ကခေါ်တဲ့လိုအပ်တဲ့ server page ကတော့ gethint.php လို့ခေါ်တဲ့ Php file လေးပါ။ ဒီ gethint.php ဖိုင်လေးထဲက code မှာတော့ နာမည်တွေရဲ့ array တစ်ခုကို စစ်ပြီးတော့ client ဆီကို သက်ဆိုင်ရာ အမည်ကို return ပြန်ပေးပါမယ်။

<?php
// Fill up array with names
$a[]=”Anna”;
$a[]=”Brittany”;
$a[]=”Cinderella”;
$a[]=”Diana”;
$a[]=”Eva”;
$a[]=”Fiona”;
$a[]=”Gunda”;
$a[]=”Hege”;
$a[]=”Inga”;
$a[]=”Johanna”;
$a[]=”Kitty”;
$a[]=”Linda”;
$a[]=”Nina”;
$a[]=”Ophelia”;
$a[]=”Petunia”;
$a[]=”Amanda”;
$a[]=”Raquel”;
$a[]=”Cindy”;
$a[]=”Doris”;
$a[]=”Eve”;
$a[]=”Evita”;
$a[]=”Sunniva”;
$a[]=”Tove”;
$a[]=”Unni”;
$a[]=”Violet”;
$a[]=”Liza”;
$a[]=”Elizabeth”;
$a[]=”Ellen”;
$a[]=”Wenche”;
$a[]=”Vicky”;
//get the q parameter from URL
$q=$_GET["q"];
//lookup all hints from array if length of q>0
if (strlen($q) > 0)
{
$hint=”";
for($i=0; $i<count($a); $i++)
{
if (strtolower($q)==strtolower(substr($a[$i],0,strlen($q))))
{
if ($hint==”")
{
$hint=$a[$i];
}
else
{
$hint=$hint.” , “.$a[$i];
}
}
}
}

//Set output to “no suggestion” if no hint were found
//or to the correct values
if ($hint == “”)
{
$response=”no suggestion”;
}
else
{
$response=$hint;
}

//output the response
echo $response;
?>

JavaScript ဖိုင်ကနေ (strlen($q)>0) ဖြစ်တဲ့အခါတိုင်း text တစ်ခုခုကို လှမ်းပို့တဲ့အခါ အောက်ပါအတိုင်းဖြစ်ပေါ်ပါတယ်။
1.   JavaScript ကနေလှမ်းပို့တဲ့ character နဲ့ match ဖြစ်တဲ့ အမည်ကိုရှာတယ်။
2.   နာမည်တစ်ခုထက်ပိုပြီးအတွဲမိတယ်ဆိုရင် response string မှာအမည်တွေအားလုံးပါလာမယ်။
3.   ဘာမှ match ဖြစ်တာမတွေ့ရင်တော့ no suggestion ဆိုပြီး response ဖြစ်မယ်။
4.   တစ်ခုထက်ပိုပြီးတွေ့ရင် ဒီနာမည်တွေကို response ပေးမယ်
5.   ဒီ response တွေအားလုံးကို txtHint placeholder ကိုပို့ပေးမယ်။
အခုအချိန်မှာ clienthint.js , gethint.php ajaxtesting.html ဖိုင်သုံးခု ကတူညီတဲ့ folder directory အောက်မှာ save ခဲ့တာဖြစ်ရပါမယ်.. အဲဒါဆိုရင်တော့ ajaxtesting.html ကို browser မှာ run တဲ့အခါ PHP နဲ့ AJAX နဲ့တွဲသုံးထားတဲ့ ပျော်စရာ web application ပိစိလေးတစ်ခုကိုရပါပြီခင်ဗျာ။ Cheesy
ကျနော်ရေးတာနားလည်ဖို့များခက်နေလားတော့မသိဘူးဗျာ။ language တစ်ခုမှမလေ့လာဖူးတဲ့ အစိမ်း
သက်သက် beginnger ဆိုရင်တော့ နားလည်ဖို့သိပ်မလွယ်လောက်ဘူး.. ဥပမာ object ဆောက်တာ မျိုးတွေကို ပေါ့။ HTML မလေ့လာဖူးရင်လည်း နားမလည်လောက်ဘူး.. ထင်တာပြောတာပါ။ ပြီးတော့ coding တွေရဲ့ တစ်ကြောင်းခြင်း တစ်ခုခြင်းအဓိပ္ပါယ်အသေးစိတ်ကိုလည်း နားမလည်လောက်ဘူး..။ ဒါပေမယ့် run သာ run လိုက်ပါ… run လို့အောင်မြင်ရင်ပျော်တယ်လေ။ မဟုတ်ဘူးလား.. ။ Tongue coding အသေးစိတ် နားလည်ဖို့ကတော့ အသေအချာ စနစ်တကျ အခြေခံကနေလေ့လာမှရမှာ။ ဒါပေမယ့် programmer တွေတောင် coding အကုန်ရေးကြတာမဟုတ်ပါဘူး…။ ရေးစရာလည်းမလိုဘူးလေ ဒီလိုပဲ ကူးကြတာပါ… အသေးစိတ်တော့ တစ်ကြောင်းခြင်း trace လိုက်စရာမလိုဘူး.. မျက်လုံးနဲ့ဝေ့ကြည့်လိုက်တာနဲ့ ဘာကိုရေးထားတယ်ဆိုတာ သိနေတာ။ ကျနော်တော့အဲလောက်မကျွှမ်းပါ.. :P ၊ဗဟုသုတအနေနဲ့ ပြောပြတာပါ။ Tongue
P.S ယခု သင်ခန်းစာတွင် အသုံးပြုခဲ့သော code များကို w3schools.com မှယူသုံးထားခြင်းဖြစ်ပြီး… ထို website တွင် English လိုလေ့လာပါက ကျနော်ရေးထားတာထက်ပို၍ကောင်းမည်ဟုထင်မိပါကြောင်း နှင့် English လိုလေ့လာခြင်းကိုပို၍ အားပေးလိုပါကြောင်း :)

Tags: ,

Sep
22

စိတ်ထဲရှိတာချရေးခြင်း

Posted by admin  |  Posted in Uncategorized  |  Posted on: 22-09-2009

ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်တယ်။ အသုံးမကျဘူးလို့လည်းခံစားရတယ်။ ငါမစွမ်းဆောင်နိုင်ခဲ့ပါလားဆိုတဲ့အတွေး… အရမ်းကြောက်စရာကောင်းတယ်… ရှေ့ဆက်ရမယ့် လမ်းအတွက် ယုံကြည်မှုပျောက်ဆုံးစေတယ်… ငါလုပ်နိုင်ပါ့တော့မလားလို့ သံသယအတွေးတွေနဲပြည့်နေတယ်..။ လောလောဆယ်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြန်ရအောင် ပြန်ပြီး ကြိုးစားတည်ဆောက်နေရတယ်…။ ဘာပဲပြောပြော… အရာရာလွယ်ကူနေမယ်ဆိုရင်ဘ၀ က အဓိပ္ပါယ် ဘယ်ရှိနိုင်ပါ့တော့မလဲ…။ အမြဲတမ်း ကြိုးစားရုန်းကန်နေရတာက…. ဘ၀ ပါပဲ….။ မနေ့က ကျနော့်ရဲ့မွေးနေ့…။ ကျနော် မနေ့က ၀မ်းနည်းစရာတွေရော ပျော်စရာတွေရော ကြုံရတယ်..။ ဒါလည်းမဆန်းပါဘူး… ဒါလည်း ဘ၀ရဲ့ ဖြစ်နေကြသဘောပါပဲ..။ နောက်ဆုံးမှာတော့ အဲဒီ ၀မ်းနည်းစရာတွေပျော်စရာတွေအားလုံးက… ကျနော့်ရဲ့အလုပ်များခြင်းဆိုတဲ့ နိယာမတစ်ခုအောက်မှာ… ကွယ်ပျောက်သွားခဲ့တာပါပဲ..။ ပြီးခဲ့တာတွေအတွက် ၀မ်းနည်းနေတော့ရော မထူးသလို ရခဲ့တဲ့ အောင်မြင်မှုတွေအကြောင်းတွေးပြီး ပျော်ရွှင်နေလို့လည်း အကျိုးမရှိပါဘူး… ဘာကြောင့် ရှုံးနိမ့်ခဲ့တာလည်း ဆိုတာကို သုံးသပ်ပြီး… ရည်မှန်းချက်အသစ်တွေအတွက်… အကောင်းဆုံး ပြင်ဆင်… ကြိုးစားသွားဖို့ပဲရှိတယ်မဟုတ်လား…။ ပြသနာတွေကို ကျနော် မကြောက်ပါဘူး… ပြသနာတွေ မကြုံပါစေနဲ့လို့လည်း ဘယ်တော့မှမမျှော်လင့်ခဲ့ဘူး…။ ကြုံလာတဲ့ ပြသနာတွေကို ရင်ဆိုင်နိုင်တဲ့ အရည်အချင်းရှိရင်ဖြစ်တယ်။ အခက်အခဲတစ်ခုကို ကျော်လွန်ခဲ့ရင် အဲဒီက ရလိုက်တဲ့ အတွေ့အကြုံက အရမ်းတန်ဖိုးရှိတယ်။ ထက်ထက်မြက်မြက်ရှိချင်တယ်… ရဲရဲဝံ့ဝံ့ ရှိချင်တယ်..။ ပြီးတော့ ကျနော်လူပီသအောင်နေတယ်..။ လူသားအားလုံးအတွက် ကောင်းတဲ့သူတစ်ယောက်.. တန်ဖိုးရှိတဲ့သူဖြစ်ချင်တယ်။ လူတွေနဲ့ ဘယ်တော့မှ ပြသနာမဖြစ်ဘူး…။ ကျနော့်ကိုချစ်တဲ့ သူတွေကို ကျနော်ချစ်တယ်..။ ကျနော့်ကိုမုန်းတဲ့သူတွေကိုလည်း ကျနော်ချစ်တယ်..။ ဒါပေမယ့် ကျနော့်ကိုမုန်းပါတယ်လို့ ပြောဖူးတဲ့သူတော့ဒီနေ့အထိ တစ်ယောက်မှမရှိသေးဘူးဗျ… :D။ ပြီးတော့ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်… မာန် သွင်းထားတယ်…ဒီလောက်ပါပဲ…။ လောလောဆယ် ပရောဂျက်တစ်ခုကို အချိန်မှီပြီးဖို့ ကြိုးစားရမှာဖြစ်လို့.. ဘလော့အတွက် မရေးနိုင်သေးပါဘူး.. ဘာမှရေးချင်စိတ်လည်းမရှိသေးဘူး… စိတ်မပါရင် မလုပ်တာဘဲကောင်းတယ်.. အဲ…တခုတော့ရှိတယ်..။ ရေးချင်စိတ်ရှိတဲ့ဟာရေးရင်တော့ စာဖတ်သူကျနော့်ကိုမေတ္တာပို့မှာ… အခုရေးနေသလိုမျိုး… စိတ်ထဲရှိတာလျှောက်ရေးရတာမျိုးကတော့ စာမျက်နှာပေါင်းများစွာရေးနိုင်တယ်.. ဟီး… ။ နောက်မှပဲ ဘလော့ပေါ်ပြန်တတ်လာပါမယ်..။ ကျေးဇူးတင်ပါတယ်။

Sep
6

ခေါင်းစဉ်မသိ

Posted by admin  |  Posted in Others  |  Posted on: 6-09-2009

လူတို့ဘ၀ ရေပွက်ပမာ

ကြုံလာချမ်းသာ ဆင်းရဲဟူစွာ..

မျက်တောင်တစ်ချက် လျှပ်တစ်ပြက်သို့

ခဏတာမျှ ဖြစ်ပျက်ရာ၏..

တွေ့ဆုံကြုံကွဲ ဒီသံသရာထဲ..

ရင်ဝယ်ညှိတွယ်.. သံယောဇဉ်လည်း

စွဲလန်းနှောင်ရစ် တည်ဖြစ်လေသော်..

မမြဲသောတရား အနိစ္စဟု

သိမြင်ပါမူ ခွဲခွာချိန်များ

ဘယ်မှာငိုကြွေးစရာ..လိုပါအံ့နည်း

ဘ၀တစ်ကွေ့ ခဏအတွေ့မှာ

ကြုံဆုံလာရ မိတ်ဆွေများတို့

ဖေးမရိုင်းပင်း လက်ကူတွဲရင်း

ချစ်ခင်ကြင်နာ မေတ္တာရှေ့ထား

အမုန်းများအဝေးသို့ လွင့်ပျောက်စေသော်…

လောဘဒေါသ မာန်မာနနဲ့

ညစ်ညမ်းသမျှ ဒီလောကထည်း

ဖြူစင်စိတ်ထား မွန်မြတ်နှလုံးသားနဲ့

အရိုးရှင်းဆုံးဘ၀ ငါဆက်လျှောက်မည်

မည်သူငါ့အား မုန်းလေတော့အံ့…

ငါ၏ပန်းတိုင် ဝေးသည်ထင်လည်း

မဆုတ်မနစ် အားထုတ်လင့်သော်

ဘယ်ခါမရောက် စိုးရိမ်ပူပန်

မည်သူ့ကြောက်ရန်…လိုပါအံ့နည်း

2009, Sep 06 Sunday 3:46 AM

eternity@mmso

P.S အဲဒါစိတ်ထဲရှိတာဆက်တိုက်ချရေးလိုက်တာပြန်မပြင်တော့ဘူးဗျာ… ဘာတွေရေးမိမှန်းတော့မသိဘူး :)

Tags:

Aug
28

Operating System ဆိုသည်မှာ…

Posted by admin  |  Posted in Computer  |  Posted on: 28-08-2009

ကွန်ပျူတာကိုဖွင့်လိုက်တဲ့အခါမှာ သင်ဟာ ထိန်းချုပ်အမိန့်ပေးတဲ့သူတစ်ယောက် ဖြစ်လာပါတယ်။ သင်ခိုင်းစေသလို အမိန့်ပေးသလို လုပ်ဆောင်ပေးမယ့် Mouse နဲ့ keyboard တို့ရှိနေတယ်လေ။ မိမိရဲ့ desktop ဒါမှမဟုတ် laptop ရဲ့ရှေ့မှာ ဒါရိုက်တာ တစ်ယောက်လို့ခံစားမှုမျိုး ကျွှန်တော်တို့ ခံစားနေရပေမယ့် အမှန်တကယ် ကွန်ပျူတာအတွင်းမှာတော့ ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်များစွာကိုလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဆောင်ရွက်ဖို့လိုအပ်တဲ့ လုပ်ငန်းတွေကို နောက်ကွယ်ကနေလုပ်ဆောင်ပေးနေတာကတော့ Operating System ပဲဖြစ်ပါတယ်။
Desktop နဲ့ laptop PC အများစုမှာ ရောင်းချစဉ်ကတည်းက Microsoft Windows ကိုထည့်သွင်းထားလေ့ရှိပြီးတော့ Macintosh computer တွေမှာတော့ Mac OS X နဲ့ပါလာလေ့ရှိပါတယ်။ အများစုသော အဖွဲ့အစည်းကြီးတွေရဲ့ server တွေမှာတော့ Unix, Linux OS တွေကိုအသုံးပြုကြပါတယ်။ အခြား software တွေ run နိုင်ဖို့အတွက် Computer ပေါ်မှာ operating system က ပထမဆုံး run ရတာဖြစ်ပါတယ်။ အစဉ်အဆက်လက်ခံခဲ့ကြတာက OS မပါပဲနဲ့တော့ computer သုံးလို့မရနိုင်ပါဘူး။
အခုလက်တလောကာလအတွင်းမှာတော့ OS တွေဟာ electronic devices တွေမှာပါတွေ့လာရနေပါတယ်။ ဥပမာ cell phones လိုဟာမျိုးမှာပေါ့။ ဒီပစ္စည်းလေးတွေအတွင်းထဲမှာပါဝင်တဲ့ သေးငယ်လှတဲ့ ကွန်ပျူတာလို့ဆိုနိုင်တဲ့ အရာတွေဟာ အလွန်ကို စွမ်းအင်မြင့်မားပြီးတော့ သူတို့အပေါ်မှာ OS နဲ့ application တွေတောင် အသုံးပြုလို့ရတာဖြစ်ပါတယ်။ ယနေ့ခေတ်ပေါ် cell phone တစ်လုံးမှာ ပါဝင်တဲ့ သေးငယ်တဲ့ ကွန်ပျူတာလေး က လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်တုန်းက desktop computer တစ်လုံးထက်တော့ ပိုပြီး powerful ဖြစ်ပါတယ်။ ဒါဟာလည်း ဖြစ်ရိုးဖြစ်စဉ်ပြောင်းလဲတိုးတတ်မှုတစ်ခုပါပဲ။
Operating System ရဲ့အဓိက ရည်ရွယ်ချက်ကတော့ hardware နဲ့ software တွေကို ထိန်းချုပ်ပြီး အတူတကွအလုပ်လုပ်စေဖို့ဖြစ်ပါတယ်။ ကွန်ပျူတာ အားလုံးမှာ Operating System တော့မရှိကြပါဘူး ။ ဥပမာ သင့်ရဲ့မီးဖိုချောင်က microwave oven ကိုထိန်းချုပ်တဲ့ ကွန်ပျူတာမှာ OS မရှိပါဘူး။ သူ့မှာလုပ်ဆောင်စရာ တာဝန် ပုံစံတစ်မျိုးသာရှိပါတယ်။ အချိန်တိုင်းမှာ program ပုံစံတစ်ခုတည်းကိုသာ run နေတာဖြစ်တဲ့အတွက်ပါ။ သူ့အတွက် OS မလိုအပ်ပါဘူး။
Desktop Computer တွေအားလုံးမှာတော့ Operating System တွေရှိကြရပါတယ်။ အထင်ရှားဆုံးကတော့ Microsft ရဲ့ Windows အနွယ်ဝင် OS တွေပေါ့။ Apple ကထုတ်တဲ့ Macintosh နဲ့ လူပေါင်းများစွာ အဖွဲ့အစည်းပေါင်းများစွာ သမိုင်းတစ်လျှောက်မှာ ၀ိုင်းဝန်း ထုတ်လုပ် ခဲ့ကြတဲ့ Unix အနွယ်ဝင် OS တွေဟာလည်း ထင်ရှားပါတယ်။ Mainframes တွေအတွက် robotic တွေအတွက်အချိန်နဲ့တပြေးညီ control system တွေကိုထိန်းချုပ်ဖို့ရန်အတွက် စသည်ဖြင့် မတူညီတဲ့ အထူးပြုမှုတွေအတွက် လည်း operating system ပေါင်းရာနဲ့ချီပြီးရှိနေပါတယ်။
အခြေခံအကျဆုံးအနေအထားမှာ OS တစ်ခုအနေနဲ့ ဖော်ပြပါအချက်နှစ်ခုကို လုပ်ဆောင်ပါတယ်။
1. System ရဲ့ hardware နဲ့ Software အရင်းအမြစ်တွေကို ထိန်းချုပ်ပဲ့ကိုင်ပေးတယ်။ desktop computer တစ်ခုအနေနဲ့ processor, memory, disk space စတဲ့ အရင်းအမြစ်တွေပါဝင်ပြီးတော့ cell phone တစ်လုံးမှာဆိုရင်တော့ keypad, screen, address book အစရှိသဖြင့်ပေါ့။
2. hardware ရဲ့အသေးစိတ်အချက်အလက်တွေအားလုံးကို မသိဘဲ application တွေက hardware နဲ့ကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့ OS က လုပ်ဆောင်ပေးပါတယ်။

ပထမအလုပ်ဖြစ်တဲ့ hardware နဲ့ software အရင်းအမြစ်တွေကို ထိန်းချုပ်ကိုင်တွယ်ခြင်းဟာ အရမ်းအရေးကြီးပါတယ်။ များပြားလှတဲ့ program တွေနဲ့ input တွေဟာ သူတို့ရဲ့ကိုယ်ပိုင်လုပ်ဆောင်ရမယ့် လုပ်ငန်းတွေအတွက် CPU (central processing unit) ရဲ့ အလုပ်လုပ်ပေးခြင်း ၊လိုအပ်တဲ့ Memory , storage နဲ့ input /output bandwidth ကိုရဖို့ ယှဉ်ပြိုင်စောင့်ဆိုင်းနေကြပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ Operating System က အုပ်ထိန်းသူတစ်ယောက်လိုမျိုး ပါဝင်လုပ်ဆောင်ပေးရတာဖြစ်ပါတယ်။ application တစ်ခုစီတိုင်း လိုအပ်တဲ့ အရင်းအမြစ် (resources) တွေကိုရရှိဖို့ တခြား application တွေနဲ့လည်း တပြိုင်တည်း အဆင်ပြေပြေ အလုပ်လုပ်နိုင်ဖို့၊ အသုံးပြုတဲ့ user တွေရော application တွေရောအတွက် အကောင်းဆုံးဖြစ်စေဖို့ system ရဲ့ capacity ကိုချွှေတာပြီးတော့ ကောင်းမွန်စွာ ကန့်သန့်ပြီး မျှဝေပေးနိုင်ဖို့ အစရှိသဖြင့်လုပ်ပေးရပါတယ်။

operating system က ကွန်ပျူတာက လုပ်ဆောင်ရမယ့် လုပ်ငန်းတိုင်းကိုထိန်းချုပ်ပေးရပြီးတော့ system resource တွေကိုလည်း Manage လုပ်ပေးရပါတယ်။
ဒုတိယအလုပ်ဖြစ်တဲ့ တူညီတဲ့ application interface ကလည်းအရေးကြီးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီ operating system ကိုမတူညီတဲ့ ကွန်ပျူတာ(ဆိုလိုတာက ခြားနားတဲ့ Hardware ပစ္စည်းတွေ၊ model မြင့်တာ နိမ့်တာ၊ စွမ်းဆောင်ရည် မြင့်တာ နှိမ့်တာ) တွေက အသုံးပြုကြမှာဖြစ်ပါတယ်။
software developer တစ်ယောက်အနေနဲ့ computer တစ်ခု အတွက် application ရေးတဲ့အခါ အမျိုးအစားတူ (စွမ်းဆောင်ရည်တူချင်မှတူ)တဲ့ တခြားကွန်ပျူတာတွေမှာလည်း run နိုင်ဖို့အတွက်လုပ်ဆောင်ပေးနိုင်ရပါတယ်။ memory တို့ CPU speed တို့မတူညီတဲ့ စက်နှစ်လုံးအတွက်လိုမျိုးပေါ့။ ဒါဟာ application program interface(API) နဲ့ဆက်စပ်တာဖြစ်ပါတယ်။ ဆိုလိုတာက photoshop CS 4 ရဲ့ interface ကို အရမ်း performance နိမ့်တဲ့ကွန်ပျူတာမှာသုံးလို့မရဘူး။ Game တွေဆိုရင်ပိုသိသာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် operating system ကတော့ အတိုင်းအတာတစ်ခုအတွင်းမှာ အဲဒီအတွက်တာဝန်ရှိနေပါတယ်။
ကွန်ပျူတာတစ်လုံးမှာ့ hardware အဆင့်တိုးမြင့်တာတွေ update လုပ်တာတွေရှိပါတယ်။ အဲဒီအခါမှာ operating system ကလည်း စက်ထဲမှာရှိတဲ့ application တွေအသစ် upgrade လုပ်လိုက်တဲ့ hardware တွေနဲ့ အဆင်ပြေပြေဆက်လက်အလုပ်လုပ်နိုင်စေဖို့ တာဝန်ရှိပါတယ်။ hardware တွေကိုကိုင်တွယ်ပြီးလုပ်ရတာက application မဟုတ်ပဲ operating system ကလုပ်ပေးရတာကြောင့်ပါ။ operating system ထုပ်လုပ်သူတွေအနေနဲ့ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုကတော့ ထုတ်လုပ်ဖြန့်ချီနေတဲ့ ထောင်ပေါင်းများစွာသော hardware တွေနဲ့လိုက်ဖက်ညီတဲ့ operating system တွေကို ဖန်တီးနိုင်ဖို့ပဲဖြစ်ပါတယ်။ Windows 7 သုံးတဲ့အခါ… မည်သည့် printers ,drives, peripherals တွေနဲ့မဆို အဆင်ပြေစေရမယ် hardware တွေရဲ့ driver တွေအားလုံးနဲ့အဆင်ပြေစေရမယ်လို့ Microsoft ကပြောတာကို မကြာသေးခင်ကကြားလိုက်ပါသေးတယ်။ ဒီသဘောတရားပါပဲ။
operating system တွေရဲ့ အနွယ်ဝင်တွေအားလုံးကို ကြည့်မယ်ဆိုရင် ယေဘူယျ အားဖြင့် 1.Real- time operating system (RTOS), 2.Single-use, single tasks, 3.Single-user, multi-tasking နဲ့ 4.Multi-user ဆိုပြီးတော့ လေးမျိုးခွဲခြားလို့ရတာဖြစ်ပါတယ်။
ကျွှန်တော်တို့ လူအများစုယနေ့သုံးနေကြတဲ့ Microsoft Windows တို့ Mac Os တို့က Single-user, multi-tasking အမျိုးအစားဝင်တွေဖြစ်ပါတယ်။ သူတို့တွေကိုသုံးပြီး single user တစ်ယောက်တည်းအနေနဲ့ အချိန်တပြိုင်တည်း မှာ OS ပေါ်မှာ program တွေအများကြီးကို run နိုင်တာဖြစ်ပါတယ်။ ဥပမာ အခု ကျွှန်တော် ဒီစာတွေကို Microsoft word မှာရိုက်နေသလို Video တစ်ခွေကို ဒေါင်းလုပ်ဆွဲနေ ရင်းနဲ့ နားမှာ head phone တပ်ပြီး VZO ပြောနေတာမျိုးပေါ့။ :D
အောက်ကပုံကတော့ Mac OS X ရဲ့ Screen shot ပါ။ single-user, multi- tasking ပေါ့။


ကွန်ပျူတာကို power ဖွင့်လိုက်ပြီဆိုတာနဲ့ ကွန်ပျူတာ ရဲ့ read-only-memory(ROM) ထဲမှာရှိနေတဲ့ ပထမဆုံး program လေးက run ပါတယ်။ အဲဒီ code လေးတွေက haradware ကြီးတစ်ခုလုံး ကောင်းကောင်းအလုပ်လုပ်ရဲ့လားဆိုတာကိုစစ်ဆေးတယ်။ Power-on-seft test ဆိုတဲ့ POST ပေါ့ဗျာ။ သူက CPU, Memory, BIOS စတာတွေမှာ error ရှိမရှိစစ်ဆေးပြီးတော့ ရလာတဲ့ result ကို memory ရဲ့ special location တစ်နေရာမှာ သိမ်းလိုက်ပါတယ်။ POST က အောင်မြင်သွားရင်တော့ computer က hard disk ကို activate လုပ်လိုက်ပါတယ်။ အဲဒီအခါ ပထမဆုံး operating system ရဲ့ အစိတ်အပိုင်းလေးဖြစ်တဲ့ the bootstrap loader ဆိုတာလေးကို သွားတွေ့ပါတယ်။ အဲဒီ bootstrap loader ဆိုတာလေးက လုပ်စရာအလုပ်တစ်ခုပဲပါတဲ့ သေးငယ်တဲ့ program လေးပါ။ သူက operating system ကို Memory ထဲကို load လုပ်ပေးပြီးတော့ သူ့ရဲ့ လုပ်ငန်းဆောင်တာတွေကို စတင်လုပ်ဆောင်စေပါတယ်။ driver program လေးတွေကို set up လုပ်တယ် computer ရဲ့အမျိုးမျိုးသော hardware တွေကိုကိုင်တွယ်တယ်။ OS , user information နဲ့ application အတွက် memory ကို ထိန်းချုပ်တယ် ကိုင်တွယ်တယ်… အစရှိသဖြင့်တခြားလုပ်တာတွေလည်းရှိပါသေးတယ်။ နေုာက်ဆုံးမှာတော့ user အနေနဲ့ operating system ကိုသုံးပြီး ကွန်ပျူတာကိုထိန်းချုပ်နိုင်သွားတယ်ပေါ့။
operating system ကလုပ်ဆောင်ပေးတာတွေကို အမည်နာမနဲ့ပြောရရင်ခြောက်မျိုးလောက်ရှိပါတယ်။
-processor management
-memory management
-device management
-storage management
-application interface
-user interface
ဒါကယေဘူယျပါ.. ဒီထက်လည်းပိုနိုင်ပါတယ်။ ဒီခြောက်ခုကတော့ အဓိကလုပ်ဆောင်တာတွေပါ.. အဲဒါတွေတစ်ခုချင်းစီအသေးစိတ်ကိုတော့ ကျွှန်တော်မရေးနိုင်တော့လို့ ဒီနေရာမှာပဲရပ်လိုက်ပါတယ်။ :P

eternity@mmso
ref: howstuffworks.com

Tags:

Aug
19

web 3.0 သို့မျှော်ကြည့်ခြင်း

Posted by admin  |  Posted in Uncategorized  |  Posted on: 19-08-2009

အရင်ဆုံးဇာတ်ကားတစ်ကားကြည့်မယ်… ပြီးရင် တစ်ခုခုစားမယ်… ဟာသကားကိုကြည့်မယ် ပြီးရင် မက္ကဆီကန် အစားအစာတစ်ခုကိုစားမယ်… သင်အဲဒီလိုတွေးနေတုန်းမှာ ကွန်ပျူတာကို စဖွင့်လိုက်မယ်… browser တစ်ခုကိုဖွင့်လိုက်မယ်… အရင်ဆုံး google.com ကိုသွားမယ်… ရုပ်ရှင်ရုံရယ်… ပြနေတဲ့ဇာတ်ကားရယ်… စားသောက်ဆိုင်ရယ်နဲ့ပတ်သက်တဲ့အချက်အလက်တွေရှာမယ်… အနီးဆုံးမှာရှိတဲ့ ရုပ်ရှင်ရုံမှာ ဘာဇာတ်ကားပြနေတယ်.. ဆိုတာသိဖို့လိုအပ်တယ်လေ… ဒါ့အပြင် အပြီးသတ်မရွေးချယ်ခင်မှာ ရုံတွေမှာတင်နေတဲ့ ဇာတ်ကားတစ်ခုချင်းစီရဲ့ အတိုချုပ်ဖော်ပြချက်လေးတွေကို နည်းနည်းဖတ်ကြည့်မယ်… ပြီးတော့ ရုပ်ရှင်ရုံကအပြန် အနီးဆုံးစားသောက်ဆိုင် ကိုလည်း ကြိုစဉ်းစားဖို့လိုသေးတယ်… စားသောက်ဆိုင်တွေရဲ့ customer reviews တွေကိုလည်းတစ်ချက်ကြည့်ကြည့်ဦးမယ်…တိုတိုပြောရရင်တော့ အနည်းဆုံး ၀က်ဆိုဒ် ဒါဇင်ဝက်လောက်တော့ သင်အပြင်မထွက်ခင်ကြည့်မိပါလိမ့်မယ်…အင်တာနတ်ရေးရာ ကျွှမ်းကျင်သူအများစုအနေနဲ့ Web လောက ရဲ့ နောက်ထပ် generation အသစ်တစ်ခုအနေနဲ့ ပေါ်လာမယ့် Web 3.0 က ကျွှန်တော်တို့တွေအတွက် ကိုယ်ကြည့်ချင်တဲ့ဇာတ်ကားနဲ့ စားချင်တဲ့အစားအသောက်တွေကိုရှာဖွေရာမှာ ယခုအချိန်ထက် ပိုမိုလွယ်ကူလာစေမယ်လို့ ယုံကြည်နေကြပါတယ်.. ။ အများကြီးလိုက်ရှာနေရမယ့်အစား ၀ါကျတစ်ကြောင်း ဒါမှမဟုတ် နှစ်ကြောင်းလောက် သင့်ရဲ့ Web 3.0 browser မှာရိုက်လိုက်ရုံနဲ့ ကျန်တဲ့ကိစ္စတွေက သူ့အလိုလိုလုပ်ပေးသွားပါလိမ့်မယ်…။ ဥပမာပြောရရင်တော့ “I want to see a funny movie and then eat at a good Mexican restaurant. What are my options?” လို့သင်ရိုက်ထည့်လိုက်ရင်… web 3.0 ခေတ် ရဲ့ browser က သင့်အတွက် analyze လုပ်ပေးမယ်.. ဖြစ်နိုင်တဲ့အဖြေအတွက် Internet တစ်ခုလုံးကိုရှာဖွေပေးမယ်… ပြီးရင် သင့်ကို result ပြန်ထုတ်ပေးမယ်…။ ဒါတင်မကသေးပါဘူး အင်တာနတ် ကွှမ်းကျင်သူပညာရှင်များအနေနဲ့ Web 3.0 ခေတ်မှာ အင်တာနတ်အနေနဲ့ ကျွှန်တော်တို့အတွက် personal assistant တစ်ယောက်လိုအသုံးကျနေပါလိမ့်မယ်လို့တောင် ယူဆနေကြပါတယ်..။ Web ပေါ်မှာတစ်ခုခုရှာတဲ့အခါတိုင်းမှာ သူကကျွှန်တော်တို့ ဘာကိုစိတ်ဝင်စားတယ်ဆိုတာကို မှတ်ထားပြီးသားပါ…။ ကျွှန်တော်တို့ Web ကိုပိုများများသုံးလေလေ ကျွှန်တော်တို့ အကြောင်းကိုသူကကောင်းကောင်းသိလေ.. ကျွှန်တော်တို့ရဲ့မေးခွန်းတွေ သိချင်တာတွေရှာတွေအခါမှာ.. ပိုပြီးတိကျသေချာတဲ့ အဖြေကိုပေးနိုင်လာလေလေဖြစ်မှာပါပဲ…။ နောက်ဆုံးပေါ့ဗျာ… သင့်အနေနဲ့ “where should I go for lunch?” ဆိုတဲ့မေးခွန်းမျိုးကိုမေးမယ်ဆိုရင်တောင် သင့်အတွက် သင်ဘာကြိုက်တယ်မကြိုက်ဘူးဆိုတာ မှတ်သားထားတဲ့အတွက် အကြံကောင်းပေးနိုင်မယ်.. သင်အခုရှိနေတဲ့နေရာအရပ်ကိုလည်းသူကသိနေနှင့်မယ်.. ပြီးရင်သင့်အတွက် အသင့်တော်ဆုံး စားသောက်ဆိုင်စာရင်းကို အကြံပေးပါလိမ့်မယ်…။

web 2.0 ဆိုတဲ့စကားလုံးကအခုအချိန်မှာ လူတိုင်းကြားမိ သတိထားမိကြပါတယ်..။ ဒါပေမယ့် သူ့ရဲ့အဓိပ္ပါယ်ကိုတော့ အသေအချာနားမလည်ကြတာများပါတယ်။ တိတိကျကျရှင်းရှင်းလင်လင်း အဓိပ္ပါယ်မရှိပါဘူးလို့လည်း လူတစ်ချို့အနေနဲ့ကယူဆထားကြပါတယ်.။ web 2.0 မတိုင်ခင်မှာလည်း web 1.0 ရယ်လို့ရှိခဲ့တာမျိုးမကြားမိခဲ့ဖူးဘူးလေ..။
တချို့သောသူများကတော့ web 2.0 ကိုအသေအချာအဓိပ္ပါယ်ဖွင့်ကြပါတယ်..။ အကျဉ်းချုပ်ပြောရရင် web 2.0 လို့ပြောနိုင်တဲ့အကြောင်းအချက်တွေကအောက်ပါအတိုင်းပါပဲ..။
- လာရောက်လည်ပတ်သူ website visitors တွေအနေနဲ့ web pages တွေပေါ်မှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်နိုင်စွမ်း.. လုပ်နိုင်ခွင့်ရှိခြင်း..။ Amazon အနေနဲ့ visitors တွေကို product review တွေတင်ဖို့ခွင့်ပြုပါတယ်။ Online Form တစ်ခုကိုအသုံးပြုပြီးတော့ လာရောက်လည်ပတ်သူအနေနဲ့ နောက်ထပ်လာလည်ဦးမယ့်.. visitors တွေဖတ်မိစေနိုင်ဖို့ အချက်အလက်တွေကို Amazon ရဲ့စာမျက်နှာပေါ်မှာ ရေးသားနိုင်ပါတယ်..။
- user တွေအချင်းချင်းကြားထဲမှာ… ဆက်သွယ်မှုအဖြစ်နဲ့ web စာမျက်နှာများကိုအဓိကအသုံးပြုလာကြခြင်း..။ ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့.. Facebook နဲ့ Myspace တို့လို Social networking ၀က်ဘ်ဆိုဒ်တွေရဲ့ ကျော်ကြားမှုကိုကြည့်ရင် အထင်အရှားမြင်နိုင်ပါတယ်။ သူတို့တွေကိုသုံးခြင်းအားဖြင့် လူအချင်းချင်းကြားမှာ တစ်ယောက်နဲ့တစ်ယောက်အမြဲတမ်း ထိတွေ့ဆက်ဆံမိနေစေပါတယ်။
- content တွေကို မျှဝေဖို့ လွယ်ကူမြန်ဆန်ခြင်း။ Youtube ကအဲဒီအတွက်တော့ ပြီးပြည့်စုံတဲ့ဥပမာတစ်ခုပါပဲ။ Youtube member တစ်ယောက်အနေနဲ့ video တစ်ခုကို ပြုလုပ်ပြီးတော့ တစ်နာရီတောင်မကြာတဲ့အချိန်အတွင်းမှာ တခြားသူတွေကြည့်ရှုနိုင်ဖို့ ဆိုဒ်ပေါ်မှာ upload တင်နိုင်ပါတယ်။
- အချက်အလက်တွေရရှိဖို့နည်းလမ်းအသစ်များ။ ယနေ့အခါမှာ.. Internet အသုံးပြုသူတွေအနေနဲ့ web page ရဲ့ Really Simple Syndication(RSS) feeds တွေမှာ subscribe လုပ်ပြီး… အချိန်နဲ့တပြေးညီ.. အသိပေးနေခြင်းမျိုးကို ခံစားရယူနိုင်ပါတယ်။ အင်တာနတ် connection ရှိနေသရွေ့ web page ရဲ့ updates အချက်အလက်တွေကို ရနေမှာပါ။
- ကွန်ပျူတာတွေမှာတင်မကပဲ.. Internet အသုံးပြုမှု အခြားပစ္စည်းများဖြင့်ပါ ကျယ်ပြန့်လာခြင်း။ လူအတော်များများဟာ cell phones ဒါမှမဟုတ် video game consoles စတဲ့ ပစ္စည်းတွေနဲ့တောင် အင်တာနတ်သုံးနိုင်နေကြပါပြီ။ အချို့သောကျွှမ်းကျင်သူများရဲ့အဆိုအရ တယ်လီဗေးရှင်းတွေ တခြား ပစ္စည်းတွေကနေတစ်ဆင့် အင်တာနတ်သုံးလို့ရနိုင်တော့မှာကိုမျှော်လင့်ထားနေကြပါပြီ။

web 1.0 ဆိုတာကို စာကြည့်တိုက်တစ်ခုလိုသဘောထားကြည့်မယ်။ သူ့ကိုကျွှန်တော်တို့ သတင်းအချက်အလက်တွေ ရရှိနိုင်တဲ့နေရာတစ်ခုလိုမျိုးအသုံးပြုခဲ့ကြတယ်။ ဒါပေမယ့် ကျွှန်တော်တို့ user တွေကြားထဲမှာ contribute လုပ်တာမျိုး .. ရှိပြီးသားအချက်အလက်တွေကို ကိုယ်တိုင်ပြောင်းလဲနိုင်တာမျိုးမရရှိခဲ့ဘူး..။ web 2.0 ကတော့ မိတ်ဆွေသူငယ်ချင်း user အချင်ချင်း သိကျွှမ်းလာတာတွေ ကြီးမားတဲ့အစုအဝေး တစ်ခုလိုပါပဲ။ သတင်းအချက်အလက်တွေကိုလည်းရရှိဖို့လည်းအသုံးပြုတယ်။ ဒါ့အပြင် contribute လည်းလုပ်နိုင်တယ်ပေါ့။
လူအတော်များများက web 2.0 ပေါ်မှာ အခြေကျနိုင်ဖို့ကြိုးစားနေရဆဲမှာပဲ.. တချို့တွေကတော့ နောက်ထပ်ဘာလာဦးမလဲဆိုတဲ့အပေါ်မှာစတင်တွေးတောနေကြပါပြီ။ web 3.0 ဆိုတာ ဘယ်လိုမျိုးများဖြစ်လာနိုင်မလဲပေါ့။ ငါတို့ဒီနေ့သုံးနေတာနဲ့ ဘယ်လိုများခြားနားသွားဦးမလဲ..။ ပြောင်းလဲမှုကြီးကြီးမားမားဖြစ်လာမှာလား ဒါမှမဟုတ် ခြားနားမှုတွေက ငါတို့ သတိမပြုမိလိုက်လောက်အောင် အသေးအဖွဲလောက်လေးလား… စတဲ့မေးခွန်းမျိုးတွေကိုပေါ့..။
ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး အင်တာနတ်ရေးရာကျွှမ်းကျင်သူတွေက World Wide Web ရဲ့နောက်ထပ်လာမယ့် generation ဟာ ဘယ်လိုပုံစံမျိုးဖြစ်မယ်လို့တွေးတောထင်မြင်နေကြပါသလဲ..။

အင်တာနတ်ရေးရာ ကျွှမ်းကျင်သူများကတော့ web 3.0 က personal assistant တစ်ယောက်ကိုယ့်မှာရှိနေသလိုခံစားမိစေမယ်လို့တောင်ယူဆနေကြပါတယ်။ သင့်ရဲ့အကြောင်းကိုအကုန်သိနေပြီးတော့ သင့်ရဲ့ဘယ်မေးခွန်းကိုမဆို ဖြေကြားပေးဖို့ ရှိနေမယ်.. သင်သိချင်တဲ့အင်တာနတ်ပေါ်ကအချက်အလက်တွေကိုလည်း အကောင်းဆုံး ထုတ်ပေးနိုင်မယ်လို့ တွေးထင်နေကြပါတယ်။ လူအများစုက web 3.0 ကို အရမ်းကြီးမားတဲ့ Database ကြီးတစ်ခုအဖြစ်နဲ့နှိုင်းယှဉ်နေကြပါတယ်..။ အခုအချိန်အခါမှာ web 2.0 က internet ကိုကြားခံပြီး.. လူတွေကြားထဲမှာ ဆက်သွယ်မှုကောင်းကောင်းပြုလုပ်ပေးနိုင်နေပြီးတော့ web 3.0 ကတော့ internet ကိုကြားခံပြီး… သတင်းအချက်အလက်တွေကြားထဲမှာ ဆက်သွယ်မှုကောင်းကောင်းလုပ်ပေးနိုင်ပါလိမ့်မယ်။ ဆိုလိုတဲ့သဘောကိုလွယ်လွယ်ကူကူနားလည်ဖို့ ဥပမာတစ်ခုကြည့်ရအောင်…။ သင့်အနေနဲ့ အားလပ်ရက်မှာ အပန်းဖြေအနားယူဖို့ခရီးထွက်မယ် ဆိုပါတော့ဗျာ။ နွေးနွေးထွေးထွေးရှိတဲ့ အပူပိုင်းဒေသတစ်ခုကို သွားမယ်ပေါ့ဗျာ..။ သင့်ရဲ့ခရီးစဉ်အတွက် budget $3,000 သက်မှတ်ထားလိုက်မယ်..။ နေလို့ထိုင်လို့ လည်ပတ်လို့ကောင်းမယ်နေရာလေးကိုသင်ကလိုချင်တယ်..။ ဒါပေမယ့် ပိုက်ဆံတော့ များများမသုံးချင်ဘူး…။ ပြီးတော့ လေယဉ်စီးခကလည်း သင့်တင့်ရမယ် … အဆင်ပြေရမယ်။ အခုလောလောဆယ် ကျွှန်တော်တို့မှာရှိနေတဲ့ Web technology အရ… အကောင်းဆုံး အားလပ်ရက် ခရီးစဉ်တစ်ခုကိုရွေးချုယ်နိုင်ဖို့အတွက် research လုပ်ရမှာအမြောက်အများရှိနေပါလိမ့်မယ်။ သွားသင့်တဲ့နေရာကို တစ်ခုချင်းလိုက်စဉ်းစားနေရမယ်။ travel site နှစ်ခုသုံးခုလောက်ဝင်ကြည့်ရမယ်..။ လေယဉ်ခတွေ ဟိုတယ်အခန်းခတွေ နှိုင်းယှဉ်ရမယ်…။ နာရီပေါင်းများစွာအချိန်ကုန်နိုင်ပါတယ်။ တချို့သော အင်တာနတ် ရေးရာ ကျွှမ်းကျင်သူတွေရဲ့အဆိုအရ web 3.0 နဲ့သာဆိုရင် အေးဆေးဆေးဆေးလေး ထိုင်နေယုံပဲ.. အင်တာနတ်ကသူ့ဟာသူ လုပ်စရာရှိတာ သင့်အတွက်လုပ်ပေးနိုင်မှာပါတဲ့..။ Cheesy search service တစ်ခုကိုအသုံးပြုပြီးတော့ သင်ရှာဖွေရတဲ့ parameters ကိုကျဉ်းမြောင်းစေနိုင်ပါတယ်။ အင်တာနတ်က သူကိုယ်တိုင် အချက်အလက်စုဆောင်း ဝေဖန်ပိုင်းခြား analyze လုပ်ပြိး.. အကောင်းဆုံးအဖြေကိုသင့်ကိုချပြပါလိမ့်မယ်..။ အဲဒီလိုဖြစ်လာစရာရှိပါတယ်… ဘာဖြစ်လို့လည်းဆိုတော့ web 3.0 အနေနဲ့က Web ပေါ်မှာရှိတဲ့ သတင်းအချက်အလက်တွေကို နားလည်နေနိုင်မှာမို့လို့ပါပဲ..။ အခုလက်တစ်လောအနေအထားမှာတော့ search engine တစ်ခုကိုကျွှန်တော်တို့ အသုံးပြုတဲ့အခါမှာ သူက ကျွှန်တော်တို့ရှာလိုက်တာကို အမှန်တကယ်နားမလည်ပါဘူး.. ကျွှန်တော်တို့ရိုက်ထည့်လိုက်တဲ့ keywords တွေပါဝင်နေတဲ့ ၀က်ဘ် စာမျက်နှာတွေကိုသာ ရှာဖွေပေးတာပါ။ ကျွှန်တော်တို့ဘာကိုရှာတာလဲ.. သူပြလိုက်တဲ့ web page ကကျွှန်တော်တို့ရှာတာနဲ့ ကိုက်ညီလားဆိုတာ သူမသိပါဘူး။ ဥပမာ.. “Saturn” လို့ကျွှန်တော်တို့ရှာလိုက်ရင် planet နဲ့ပတ်သတ်တာ ဖော်ပြမှာဖြစ်သလို car manufacturer အကြောင်းတွေပါသူကပြပေးမှာပါ..။
web 3.0 မှာဖြစ်ပေါ်လာမယ့် search engine ကတော့ ကျွှန်တော်တို့ရှာလိုက်တဲ့ keyword ကိုတင်မဟုတ်တော့ဘဲ.. ကျွှန်တော်တို့ရဲ့ တောင်းဆိုမှုရဲ့ ဆိုလိုရင်းကို အဓပ္ပါယ်ပြန်ပေးနိုင်ပါလိမ့်မယ်။ အကယ်လို့သာ ခုနကဥပမာ အရ.. ကျွှန်တော်တို့က “tropical vacation destinations under $3,000” လို့ရိုက်ပြီး ရှာလိုက်ရင် အဖြစ်သင့်ဆုံးနဲ့အကောင်းဆုံး ကိုသူကချပြပေးပါလိမ့်မယ်.. အင်တာနတ်တစ်ခုလုံးကိုမွှေနှောက်ပြီးတော့ ပေါ့..။

တကယ်တမ်းမှာတော့ အနာဂတ်မှာ နည်းပညာအသစ်တွေ ဘယ်လိုတစ်ဖြည်းဖြည်း ထွက်ပေါ်လာမယ်ဆိုတာ ကျွှန်တော်တို့အနေနဲ့ ဘယ်လိုမှတော့ အတိအကျမသိနိုင်ပါဘူး..။ web 3.0 နဲ့ပတ်သက်ပြီးတော့ တော့ internet experts အများစုက ယေဘူယျအချက်တွေကိုတော့ သဘောတူနေကြပါတယ်။ web 3.0 က user တွေကိုသေချာပေါက် ပိုပြီးကောင်းတဲ့ ကျေနပ်မှုနဲ့ အမြင်သစ်တွေကိုပေးစွမ်းနိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။ အများစုက web 3.0 ကိုရောက်လာတဲ့အခါ ကျွှန်တော်တို့ အင်တာနတ်အသုံးပြုကြသူတိုင်း ကျွှန်တော်တို့ရဲ့ browsing history အပေါ်မှာအခြေခံတဲ့ internet profile လေးတွေရှိကြမယ်လို့ ယုံကြည်နေကြပါတယ်။ ဒီ profile လေးတွေကိုသုံးပြီး.. web 3.0 က မတူညီတဲ့ browsing experience တွေကိုတစ်ဦးချင်းဆီကိုပေးပါလိမ့်မယ်..။ ဘာကိုဆိုလိုလည်းဆိုတော့ ဥပမာ သင်နဲ့ကျွှန်တော် က internet ပေါ်မှာ တူညီတဲ့ keyword တစ်ခုကိုရိုက်ထည့်ပြီး search လုပ်ရင် မတူညီတဲ့ result တွေရရှိပါလိမ့်မယ်..။ စိတ်လှုပ်ရှားစရာပါပဲ…။
ဒါပေမယ့်လည်း အဲဒီလိုလုပ်နိုင်တဲ့ နည်းပညာနဲ့ software မျိုးတွေဟာ အခုအချိန်အထိတော့ mature မဖြစ်ကြသေးပါဘူး..။ အချို့ကြိုးစားနေကြပေမယ့် ကောင်းကောင်း အဆင်ပြေတာမျိုးမကြားရသေးပါဘူး။ TiVO , Pandora စတဲ့ services တွေတော့ ပေါ်လာနေပါတယ်… ဒါပေမယ့်လိုအပ်ချက်များစွာနဲပါ…။ အထူးသဖြင့်ကတော့ television show နဲ့ တေးဂီတသီသန့် အစရှိသဖြင့် ကန့်သန့်ချက်မျိုးတွေပါ…။ web 3.0 ကြရင်တော့ အင်တာနတ်မှာရှိတဲ့ သတင်းအချက်အလက်အားလုံး ပါဝင်ပတ်သက်ရမှာပါ။
အချို့သောကျွှမ်းကျင်သူများကတော့ web 3.0 ရဲ့ အခြေခံ ဖောင်ဒေးရှင်က application programming interfaces(API) ဖြစ်လာမယ်လို့ယူဆကြပါတယ်.။ API ဆိုတာက တိကျတဲ့ အချက်အလက်အရင်းအမြစ်ပေါ်မှာ မူတည်ပြီး.. developer တွေအနေနဲ့ application တွေကိုဖန်တီးနိုင်စေတဲ့ ကြားခံ ဒီဇိုင်းတစ်ခုကိုဆိုလိုပါတယ်။ ယနေ့ခေတ် web 2.0 ဆိုဒ်အချို့မှာ… ၀က်ဆိုဒ်ရဲ့ data နဲ့ capabilities တွေကို programmer တွေကို access လုပ်ခွင့်ပေးတာမျိုးရှိပါတယ်။ Facebook ကတော့အမြင်သာဆုံးပါပဲ..။ Facebook ရဲ့ API က သူ့ကို game ကစားရာနေရာ quizzes တွေ product review အစရှိတာတွေရဲ့ တင်ပြပေးတဲ့နေရာတစ်ခုအနေနဲ့ developer တွေအနေနဲ့ program တွေကိုဖန်တီးထားစေပါတယ်။
နောက်ထပ် web 3.0 ကိုဦးတည်နေစေတဲ့ web 2.0 လမ်းကြောင်းတစ်ခုကတော့ mashup ပါ…။ mashup ဆိုတာက နှစ်ခုဒါမှမဟုတ် နှစ်ခုထက်ပိုတဲ့ application နှစ်ခုကို တစ်ခုတည်းဖြစ်အောင်ပေါင်းစပ်အသုံးချတာမျိုးပါ။ ဥပမာ… developer တစ်ယောက်က user တွေ စားသောက်ဆိုင် review လုပ်တဲ့ program ကို google map နဲ့ပေါင်းလိုက်တာမျိုးပေါ့.။ ပေါင်းလိုက်တဲ့ mashup application အနေနဲ့ restaurant reviews ကိုတင်မဟုတ်တော့ပဲ သူ့ရဲ့တည်နေရာကိုပါ user ကိုသိရှိစေဖို့လမ်းညွန်ပေးပါလိမ့်မယ်။
တချို့သော ကျွှမ်းကျင်သူများကလည်း web 3.0 အနေနဲ့လန်းလန်းဆန်းဆန်းစတင်လာမှာမျိုးဖြစ်တယ်လို့ ထင်နေကြပြန်ပါတယ်။ HTML ကို အခြေခံ ဘာသာစကားအဖြစ်အသုံးပြုနေတဲ့ အစား.. သူ့နေရာမှာ တခြားအသစ်သော (အခုထိမသိရသေးသော) language အသစ်တစ်ခု ပေါ်မှာမူတည်မယ်ဆိုတဲ့အတွေးမျိုးပါပဲ။ လက်ရှိရှိနေတဲ့ web ကိုပြောင်းလဲပစ်တာထက် သုညကနေပြန်စ တာကပိုမိုလွယ်ကူမယ်လို့ ယူဆနေကြတာပါ.။ ဘယ်လိုပဲဖြစ်ဖြစ်သေချာတာကတော့ web 3.0 အကြောင်းအခုပြောရတာ အယူအဆသက်သက်ဆန်လွန်းပြီးတော့ လက်တွေ့မှာတော့ သူဘယ်လိုပုံစံမျိုးလဲဆိုတာ အတိအကျပြောဖို့မဖြစ်နိုင်သေးပါဘူးလို့ကျွှန်တော်ကတော့ ယူဆမိပါတယ်…။

eternity@mmso
ref: how web 3.0 will work from howstuffworks.com