13
Myanmar PHP EBOOK (1st Edition) Part I + Part II

Myanmar PHP Ebook
အမှာစကား
မင်္ဂလာပါခင်ဗျာ။ ကျနော် Part (I) ပါဆိုပြီးတော့ ပြီးခဲ့တဲ့ လက တစ်အုပ် ထုတ်ခဲ့ပါတယ်။ ၂၀၁၀ သြဂုတ် ၁၃ မှာ Part (II) ထုတ်မယ်လို့ပြောခဲ့ပါတယ်။ အဲလိုမျိုးဆို နှစ်အုပ်ဖြစ်ပြီး ရှုပ်နေမယ်ထင်ပါတယ်။ တကယ်ရေးပြီးတဲ့အခါမှာ First edition လို့ ထုတ်တာက ပိုပြီး သင့်တော်တယ်လို့ ယူဆမိပါတယ်။ ဘာရယ်မဟုတ်ပါဘူး အရှေ့က တစ်အုပ်နဲ့ အမည်ကွဲူအောင်ပါ။ Second edition လာလိမ့်မယ်လို့တော့ မထင်ပါဘူး။ ဒီလိုပဲ နာမည်ပေးတာပါ။ ပထမစာအုပ်မှာ စာမျက်နှာ ၇၀ ၀န်းကျင်နဲ့ ထုတ်ပေးခဲ့ပြီးတော့ ဒီ First Edition မှာ ကျနော် နောက်ထပ် စာမျက်နှာ ၇၀ နီးပါး လောက်ထပ်ပေါင်းထည့်လိုက်ပါတယ်။ ဒီစာအုပ်မှာတော့ တတ်နိုင်သမျှ ပထမစာအုပ်မှာ အလောတကြီး လုပ်လိုက်လို့ Chapter တွေသေချာ မစီထားဖြစ်တာတွေ ကအစ ပုံစံတွေပြန်ပြင်ထားပြီး ကြိုးစားရေး ထားပါတယ်။ စာတွေတော့ မပြောင်း သွားပါဘူး။ အဆင်ပြေအောင် အရှေ့အနောက် ပြန်စီစဉ်ထားတာတော့ရှိပါတယ်။
ဒီစာအုပ်ကို လေ့လာပြီးတဲ့အခါ သင် PHP မတတ်သွားပါဘူး။ Web Developer လည်းမဖြစ်ပါ။ ဒါပေမယ့် မဖတ်ခင်က နဲ့ ယှဉ်ရင်တော့ သင်အများကြီး ကွာခြားသွားမှာပါ။ PHP နဲ့ပတ်သတ်ပြီးအခြေခံကောင်းတွေရပြီး ဆက်လက်လေ့လာဖို့ လမ်းပွင့် သွားမယ်လို့ ယုံကြည်ပါတယ်။
ဒီစာအုပ်နဲ့လေ့လာဖို့ Programming အခြေခံရှိက အလွန်ကောင်းပါသည်။ မရှိပါက ဖြည်းဖြည်းချင်း ဖတ်ပါ..။ code တိုင်းကို တတ်နိုင်သမျှ run ပါ လို့အကြံပြုပါရစေ။ ၀န်ခံချင်တာတွေကတော့ code တွေကို w3schools.com ကနေ reference လုပ်ပြီးသုံးထားပါတယ်။ အများစုက ဘာသာပြန်တာဖြစ်ပါတယ်။ နားလည်မယ်လို့တော့ မျှော်လင့်မိပါတယ်။ တစ်စုံတစ်ရာ အဆင်မပြေတာ ရှိခဲ့သော် ကျနော်ညံ့လို့သာဖြစ်ကြောင်း။ ရေးနေစဉ်မှာ အားပေးခဲ့သူများအားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးသော ဒေါင်းလုပ်ဆွဲကြသူ ဖတ်ရှုအားပေး လေ့လာကြသူ ညီအစ်ကို မောင်နှမ များ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ စကားမစပ် ကျနော် စာရေးဆရာမဟုတ်ပါ။ ကူညီချင်တဲ့ စိတ်သက်သက် နဲ့ရေးတာ ဖြစ်ပါတယ်။ နောက်လည်း စာတွေအများကြီး ရေးဖို့ အစီစဉ်မရှိပါခင်ဗျာ။ တတ်နိုင်သလောက်တော့ ကူညီသွားမှာပါ။ ဒီစာအုပ်ထဲမှာ စာလုံးပေါင်းအမှားလေးများ တစ်လုံးတစ်လေ ပါလာခဲ့သည်ရှိသော် နားလည်ပေးကြပါလို့ ပြောချင်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။အကြံပြုချက်များကိုအီးမေး ပေးပို့နိုင်ပါတယ်။ ဘာတွေ အသစ်ရှိနေမလဲဆိုတာကိုလည်း ကျနော့် ဘလော့ မှာလာရောက် လည်ပတ်နိုင် ကြောင်းပါ။
လေ့လာကြသူအားလုံးကို လေးစားလျက်
မိုးမြင့်ရှိန်
Download Links:
http://www.multiupload.com/2QMRA0IJ2L
http://www.4shared.com/document/SS3oLPmu/MM_PHP_Ebook.html
http://www.ziddu.com/download/11190980/MMPHPEbook.pdf.html
အပေါ်ကလင့်တွေ မရတဲ့သူများအတွက်
အောက်ပါလင့်ကနေ ဒေါင်ပေးပါခင်ဗျာ…။
http://moemyintshein.com/ebooks/MM%20PHP%20Ebook.pdf
