28
professional အကြောင်းလေး..
ကျနော်ပိုစ့်အသစ်မရေးအားသေးလို့ပါ…. ဒါကတော့ mmso.org ဖိုရမ်မှာ တင်ခဲ့တဲ့ professional အကြောင်းလေး နဲနဲရေးထားတာကို ပြန်တင်ပေးတာပါခင်ဗျာ။
ပွင့်လင်းစွာဝန်ခံရရင် Professional အကြောင်းကို ပြောနိုင်လောက်တဲ့ လုံလောက်တဲ့ knowledge ကျနော့်မှာ မရှိဘူးဗျ..။ အခုလည်း ထင်တာတွေရမ်းပြောမလို့ပါ..။ :P ဒါကြောင့် ကျနော် ဆွေးနွေး တာတွေ မှားကောင်းမှားနိုင်ပါတယ်။ မှားတယ်ထင်ရင်ပြောသာပြောပါ…။ ထောက်ပြဝေဖန်ပေးသမျှ.. အားလုံး လက်ခံပေးပါမယ်ခင်ဗျာ။
Computer Professionals Association ရဲ့ အဓိပ္ပါယ်ကို ကွန်ပျူတာဖြင့်အသက်မွေးဝမ်းကြောင်းပြုကြသူများအသင်း လို့ ဆိုရမယ်ထင်ပါတယ်။ ဒါဆိုရင်တော့ Professional ရဲ့အဓိပ္ပါယ်က…. အလုပ်တစ်ခုကို ပိုက်ဆံရရှိဖို့ရည်ရွယ်ချက်နဲ့ လုပ်ကိုင်နေသူလို့ ဆိုနိုင်ပါလိမ့်မယ်။ ကျနော်ကသာ Computer Service သမားတစ်ယောက် ဒါမှမဟုတ် web designer တစ်ယောက် အနေနဲ့ ပိုက်ဆံရှာနေရင် ဒါကျနော် professional ပါပဲ။ ဒီလိုပဲ… ဈေးဆိုင်ဖွင့်ထားတဲ့သူတစ်ယောက် ဒါမှမဟုတ်… ဆရာဝန်ပဲဖြစ်ဖြစ် အကြော်သယ်ဖြစ်ဖြစ်… ဖိနပ်ချုပ်သမားပဲဖြစ်ဖြစ်… သူလည်း သူကျွှမ်းကျင်ရာ သူ့အလုပ်မှာ professional ပေါ့။ ကျနော်နဲ့နီးစပ်တဲ့ ကွန်ပျူတာ professional အကြောင်းကိုပြောတာပေါ့။ Computer Professional ဆိုသည်မှာ ပိုက်ဆံရရန်ရည်ရွယ်ချက်ဖြင့် ကွန်ပျူတာ နှင့်ပတ်သက်ဆက်နွယ်သည့် နည်းပညာ ကိုအသုံးပြုသော သို့မဟုတ် ၀န်ဆောင်မှုပေးသော သူ လို့ ကျနော် အဓိပ္ပါယ်ဖွင့်ကြည့်ပါမယ်။ ယနေ့မြန်မာပြည်မှာ.. ထိုသို့သော Professional များစွာရှိတယ်။ အဲဒီ Professional ဆိုတဲ့အမည်တစ်ခု ကိုယ့်ကိုယ်ကိုယ် သတ်မှတ်နိုင်ဖို့ ကြိုးစားနေဆဲ Professional လောင်းလေးတွေရှိနေကြတယ်။ ဟုတ်ပြီ ဒီလိုဆိုရင် ကျနော်တို့ကရော Professional တွေလား.. ကိုယ့်ကိုယ်ကိုယ်အရင်စဉ်းစားကြည့်မယ်။ ကျနော့်အနေနဲ့ပြောရရင်…. Professional ဟုတ်မဟုတ်တော့ မပြောတတ်ဘူး.. ကိုယ့်ကိုယ်ကိုယ်တော့ စိတ်ထဲမှာ အဲဒီလို မသတ်မှတ်မိသေးဘူးဗျာ။ ကျနော် ကွန်ပျူတာနဲ့ ပတ်သက်တဲ့ လစာရတဲ့အလုပ်ကိုလုပ်တယ်။ Professional ဆိုတဲ့စကားလုံးရဲ့ နဂိုအဓိပ္ပါယ်အရတော့ ကျနော့်ကို Professional လို့ခေါ်နိုင်မယ်ထင်ပါတယ်။ ကျနော့်ဘက်ကအမြင်ကကြတော့ တစ်မျိုးဖြစ်သွားတယ်။ ကျနော့်စိတ်ကိုက Professional တစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် မခံယူနိုင်တာ။
ထားပါတော့ ဒီအကြောင်း… ဒါက ကျနော့်စိတ်နဲ့ကျနော်ပဲ။ အခုဆွေးနွေးသင့်တာက Professional တစ်ယောက်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲ ဘာတွေလိုမလဲ.. ပေါ့..။ ကျနော့်အမြင်ကတော့ Professional လို့ပြောနိုင်ဖို့အတွက်… အဓိကက ၀င်ငွေရတဲ့ အလုပ်တစ်ခု လိုမယ်ထင်ပါတယ်။ မြန်မာနေရှင်နယ်လိဂ်လိုပေါ့ဗျာ။ အပျော်တမ်း စနစ်တုန်းကတော့ ကစားသမားတွေဘယ်လိုပေးလဲ သေချာတော့မသိပါဘူး..။ အခုမှ pro စနစ်ပြောင်းလိုက်တယ်ဆိုပဲ..။ အရင်တုန်းက ဘောလုံးကို ၀င်ငွေရတဲ့ အလုပ်တစ်ခုအနေနဲ့ မြန်မာပြည်မှာမရှိခဲ့တဲ့သဘောလို့ပြောရမယ်ထင်ပါတယ်။ အခုတော့ လစာနဲ့ ဖြစ်သွားတယ်ပေါ့..။ ကျောင်းတတ်နေဆဲ သင်တန်းတတ်နေဆဲ ဒါမှမဟုတ်.. နည်းပညာတစ်ခုခုကို လေ့လာနေဆဲ ဒါပေမယ့် အဲဒါနဲ့ ပတ်သက်ပြီး ၀င်ငွေရခြင်းမရှိသေးတဲ့ သူတစ်ယောက်ကို Professional ဖြစ်ဖို့ကြိုးစားနေတဲ့သူလို့ခေါ်မှာပါ။ Professional ဖြစ်လာဖို့အတွက် သူတို့တွေအတွက် အဓိကအရေးအကြီးဆုံးက တစ်ခုခုကို တစ်စိုက်မက်မက် လုပ်ဖို့ပဲဖြစ်ပါတယ်။ အရင်တုန်းက ဆို.. ကျနော့်ဆီကို ဘာလုပ်ရမလဲ ဘယ်လိုင်းလိုက်ရမလဲ ဆိုတာတွေကို ဂျူနီယာ ညီလေး ညီမလေးတွေ မေးရင် ကျနော် လမ်းညွန်ဖူးခဲ့ပါတယ်။ အခုကြတော့ လမ်းမညွန်ချင်တော့ဘူး.. လုပ်ချင်တာလုပ်လို့ပဲ ပြောလိုက်တယ်။
ကိုယ်က ကိုယ့်အသိနဲ့ယှဉ်ပြီး ဒါကိုလုပ်သင့်တယ်ပြောလိုက်လို့ သူက လုပ်တယ်..။ ဒါပေမယ့် သူတကယ်လုပ်ရတာပျော်မပျော် ကျနော်မသိဘူး.. ။ တနေ့ကပဲ ညီမတစ်ယောက်ကမေးတယ်.. သူ့ရဲ့သူငယ်ချင်းရဲ့အမေက သူ့ကို ပြောတယ်တဲ့ သူ့သားကို ဘာသင်တန်းတတ်ခိုင်းရမလဲတဲ့… ကွန်ပျူတာနဲ့ ပတ်သက်တာပေါ့.. ပြီးတော့ဘယ်မှာကောင်းလဲတဲ့..။ အဲဒါအကိုအကြံပေးပါတဲ့… ကျနော်ပြန်ပြောလိုက်ပါတယ်။ အဲဒီ သူ့သားက ဘာဝါသနာပါလဲပေါ့.. သူဝါသနာပါတာကိုလုပ်ပါစေ… ဆိုလိုတာကသူလုပ်ရတာပျော်တဲ့ဟာကိုရွေးပါစေပေါ့.. မိဘကအတင်းအကျပ်လုပ်ခိုင်းလို့ လုပ်တော့လည်း.. ကိုယ်တိုင်စိတ်မပါရင်… သင်တန်းတတ်လည်း တတ်တာပဲဖြစ်မှာလို့ပြောလိုက်တယ်.. အဲဒီတော့ သူကပြန်ပြောတာက.. အဲဒီသူ့သားက… တချိန်လုံး ဂိမ်းပဲဆော့နေတာတဲ့ အဲဒါပဲဝါသနာပါတာတဲ့… ကျနော်လည်း ပြန်ပြောလိုက်ပါတယ်.. ဒါဆို.. Gamer လုပ်ခိုင်းပေါ့လို့.. ဟီး…။ ဘယ်လိုပြောရမှန်းကိုမသိတာ.. တကယ်ဆို.. ကျနော်လည်း ဂိမ်းဆော့ရတာကို ကြိုက်တာပေါ့…. ကွန်ပျူတာ တက္ကသိုလ် ပထမနှစ်တစ်နှစ်လုံးက ဂိမ်းဆိုင်မှာရှိတဲ့အချိန်က ကျောင်းမှာရှိတဲ့အချိန်ထက်များမလားပဲ..။ အခုလည်း ဂိမ်းဆော့ချင်တုန်းပါပဲ… ဖြစ်နိုင်ရင် နှစ်ဆယ့်လေးနာရီ အပြည့်ကို Fifa Soccer နဲ့ Football Manager ကိုထိုင်ဆော့ချင်တာ..
ဒါပေမယ့် အချိန်ပေါ့ဗျာ…။ ကိုယ့်ရဲ့အမှန်တကယ် Professional လုပ်မယ့် အပေါ်မှာသာ အချိန်ပေးသင့်တယ်လေ…။ ဒီတော့ အဲဒီစိတ်ကိုချိုးနှိမ်.. အစသွားလုပ်လို့တော့မဖြစ်တာ..။ တကယ်တော့လည်း Professional Gamer လုပ်ပြီး ငွေရှာနေတဲ့သူတွေတော့လည်း ရှိနေပါတယ်။ ဒါပေမယ့် Gamer ကအများကြီးမလိုအပ်ပါဘူး..။ အဲဒီအခြေအနေအထိရော တကယ် လုပ်နိုင်မှာလားပေါ့။ အဲဒီမှာ ဘာကိုတွေ့ရလဲဆိုတော့ Professional ဖြစ်ဖို့လမ်းကြောင်းရွေးမယ်ဆိုရင် ၀ါသနာ.. လုပ်ရတာပျော်ရွှင်မှုအပြင်ကို… ဈေးကွက်လိုအပ်ချက်ကိုပါ ထည့်သွင်းစဉ်းစားဖို့ပါ…။ ငါ ဒါပဲဝါသနာပါတယ် ဒါပဲလုပ်မယ်ဆိုပြီး ဇွတ်လုပ်ခဲ့ပြီးမှ ဈေးကွက်လိုအပ်ချက်နဲ့ ကိုက်ညီမှုမရှိရင်.. ၀င်ငွေရဖို့ခက်ပါမယ်။ အခုပြောနေတာလည်း Professional အကြောင်းဆိုတော့ ငွေအကြောင်းကိုပဲဦးတည်သွားသလိုပဲ… ကျနော် ဒီခေါင်းစဉ်ကိုတွေ့တာနဲ့ Wiki မှာနဲနဲဖတ်ကြည့်တော့လည်း ငွေရတဲ့သူကို Professional လို့ခေါ်တယ်ရေးထားတာတွေ့တာကို..။ ဟုတ်ပါပြီ.. ကျနော့်အခြေအနေနဲ့ပဲယှဉ်ပြောရရင်.. ဆယ်တန်းပြီးတော့ ကိုယ်ဘာဝါသနာပါတယ်ဆိုတာ သေချာကိုမသိတာပါ..။ ဆရာဝန်မလုပ်ချင်တာကလွဲပြီးပေါ့… :D ဒါပေမယ့် မူလစိတ်ရင်းကိုက… ဘယ်ဟာလုပ်လုပ်အကောင်းဆုံးဖြစ်အောင်လုပ်ရမယ်ဆိုတာ ရင်ထဲမှာ… စွဲနှစ်နေပြီးသား… ငယ်ငယ်က သွန်သင်ခဲ့တဲ့ မိဘ ဆရာသမားကျေးဇူးကြောင့်လဲပါမှာပါ။ ဒါကြောင့် ကွန်ပျူတာ တက္ကသိုလ်တတ်ပြီးတဲ့နောက်မှာတော့ ကွန်ပျူတာကိုသာ.. အရူးအမူး.. ချစ်သွားခဲ့ပါတယ်။ ဒါငါ Professional အဖြစ်ရပ်တည်ရမယ့် လမ်းကြောင်းပဲလို့ နားလည်ခဲ့တာပါ။ အခုဆို ကွန်ပျူတာ ရှိရင်ကို ဘ၀က အဓိပ္ပါယ်ရှိနေတာ.. ပျော်စရာကောင်းနေတာ… ကွန်ပျူတာ ရှေ့မှာထိုင်ပြီး.. ပြသနာပေါင်းများစွာကို ဖြေရှင်းနေရတာကိုက… ကြီးမားတဲ့ စိတ်ကျေနပ်မှုကိုရစေတယ်ဗျာ။ ပြသနာကိုဖြေရှင်းတယ်လို့ပြောရတာက… ဥပမာ ကျနော်တို့ software တစ်ခုရေးတာပဲ ဖြစ်စေ… website တစ်ခု ဖန်တီးတာပဲဖြစ်စေ… နောက်ဆုံး ကွန်ပျူတာ ပြုပြင်တာပဲဖြစ်စေ… ပြသနာကိုဖြေရှင်းနေတာလို့ ကျနော်နားလည်တဲ့အတွက်ပါ။ error တွေကိုလည်း ဖြေရှင်းချင်တယ်.. အဆုံးသတ်အောင်မြင်သွားတဲ့အခါ.. အရမ်းကိုပျော်တယ်။ အနီးစပ်ဆုံးကတော့ အခု VB ပြောင်းလိုက်တဲ့ကိစ္စပေါ့..။ တကယ်ဆို.. VB က အစကနေသွင်းတာသာဆိုရင် ဘာမှ တိုင်မပတ်နိုင်ဘူး..။ SMF ကနေ ပြောင်းရတာမှာတော့ ထင်သလောက်မလွယ်ကူခဲ့ပါဘူး.. အင်တာနတ်မှာ ကိုယ်နဲ့ပုံစံတူ ရှာရတာလဲ မလွယ်ပါဘူး.. နောက်ဆုံး မြန်မာစာကနေပြောင်းရမှာဆိုတော့ကား.. အဲလိုလုပ်ဖူးတဲ့သူက တစ်ယောက်မှတောင်ရှာမတွေ့ပါဘူး.။ တစ်ယောက်မှမလုပ်ဖူးတော့ ကိုယ်ကစလုပ်တဲ့သူလိုဖြစ်နေရော… ထားပါတော့ ဒီကိစ္စကိုလည်း… ။ အဲဒီတော့ Professional ဖြစ်ဖို့အတွက် လမ်းကြောင်းတစ်ခုကို အရင်သေချာရွေးရမယ်။ ဘာဝါသနာပါတာ သေချာမသိရင် လုပ်သင့်တဲ့ အရာပေါ်မှာပဲ ရအောင် ၀ါသနာပါပစ်ဖို့ပဲရှိတာပေါ့..
ပြီးရင် တစ်စိုက်မက်မက်သာလုပ်သွား.. လမ်းကြောင်းထပ်မပြောင်းနဲ့တော့ ပေါ့..။ ဒီလိုဆို.. အောင်မြင်တဲ့ Professional တစ်ယောက်တော့ အချိန်တန်ရင်ဖြစ်လာမယ်ထင်ပါတယ်။ သိပ်မသိလို့ဒီလောက်ပဲပြောနိုင်ပါတယ်..
