Archive for the ‘Web Development’ Category

Nov
5

PHP နှင့် AJAX အခြေခံသင်ခန်းစာလေး

Posted by admin  |  Posted in Computer, Web Development  |  Posted on: 5-11-2009

ပိုစ့်တွေအရမ်းကျဲနေလို့အားနာလာပြီဗျာ..။ ဘယ်လိုမှမအားလို့ပါ.. အခုဒီ Tutorial လေးက ဖိုရမ်တစ်ခုမှာကျနော်တင်ထားခဲ့ဖူးတာပါ.. အဲဒါကိုပဲပြန်ကူးပြီးတင်ပေးလိုက်ရပါတယ်။

ကျနော် web development ဆိုင်ရာ သိမှတ်စရာများဆိုပြီးတစ်ခုရေးဖူးပါတယ်… အဲဒါရဲ့နောက်ဆက်တွဲလို့
သဘောထားနိုင်ပါတယ်။ အရင်ဆုံး PHP အကြောင်းလေး ဖတ်မိသလောက် သိသလောက်ပြောကြည့်ပါမယ်။ PHP ဆိုတာ dynamic web pages တွေအတွက်ရည်ရွှယ်ပြီးပေါ်ပေါက်လာခဲ့တဲ့ scripting language ဖြစ်ပါတယ်။PHP ကို web scripts တွေရေးဖို့ဖန်တီးခဲ့တာသာဖြစ်ပါတယ်။ stand alone application တွေရေးဖို့မဟုတ်ပါဘူး (ဒါပေမယ့် အခုအချိန်မှာတော့ application တွေကိုလည်း PHP နဲ့ရေးလို့ရနေပါပြီ။) PHP ကို မူလပထမဆုံး ဖန်တီးခဲ့သူကတော့ Rasmus Lerdorf ပဲဖြစ်ပါတယ်။ စစပေါ်ချင်း 1994 မှာ PHP ရဲ့အရှည်က Personal Home Page လို့ Rasmus Lerdorf ကခေါ်တွင်ခဲ့ပါတယ်.။  နောက်ပိုင်းမှာတော့ အခုသိကြတဲ့အတိုင်း PHP: Hypertext Preprocessor ဖြစ်ပါတယ်။ PHP ဟာယနေ့အခါမှာတော့ အသုံးအများဆုံး programming language တစ်ခုအဖြစ်ရပ်တည်နေပါပြီ။ အခုအခါမှာ PHP ကို THE PHP GROUP ကနေ maintain လုပ်ပေးနေပါတယ်။ ဒါ့အပြင် PHP ဟာ PHP License ရဲ့အောက်မှာ ထွက်ပေါ်တဲ့ free software ဖြစ်ပါတယ်။ PHP ဟာ general-purpose scripting language တစ်ခုဖြစ်ပေမယ့် အထူးသဖြင့်တော့ web development အတွက်အဓိကတွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ သူ့ကို HTML coding တွေအထဲမှာ ထည့်သွင်းအသုံးပြုနိုင်ပြီး web server ပေါ်မှာ run တာဖြစ်ပါတယ်။ web servers အများစုမှာ အသုံးပြုနိုင်ပြီးတော့ Operating System တွေနဲ့ Platform တွေအားလုံးနီးပါးမှာ အခကြေးငွေပေးစရာမလိုပဲ ရယူ အသုံးပြုနိုင်ပါတယ်။ အခုအချိန်မှာ PHP ကို websites ပေါင်း သန်း ၂၅ ကျော် နဲ့ web server ၁ သန်းကျော်ပေါ်မှာ install လုပ်ကာအသုံးပြုနေကြပြီး ဒီအရေအတွက်ဟာ နေ့စဉ်နဲ့အမျှတိုးလို့လာနေပါတယ်။ သူ့ရဲ့ syntax ဟာ Perl နဲ့ C တိုနဲ့ဆင်တူပါတယ်။ operating system အတော်များများပေါ်မှာ Apache (web server) နဲ့ အတူတူ တွဲပြီး အသုံးပြုကြပါတယ်။ Windows ပေါ်မှာလည်း Microsoft ရဲ့ IIS နဲ့လည်းယှဉ်တွဲအသုံးပြုနိုင်ပါတယ်။ ယခုအခါမှာ PHP 6 (latest unstable release) အဖြစ်ကိုရောက်ရှိနေပါပြီ။ official current release ကတော့ 5.3.0 (2009-06-30) ဖြစ်ပါတယ်။ PHP 4 ကနေ PHP 5 ကိုပြောင်းလာတဲ့အခါမှာ object-oriented programming language ဖြစ်လာခဲ့ပါတယ်။ PHP 6 ဖြစ်လာတဲ့အခါမှာတော့ Unicode ကို support လုပ်လာနိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာစကားအားလုံးနီးပါး ရဲ့ အက္ခရာ တွေကို ကိုင်တွယ်နိုင်ပြီလို့ဆိုနိုင်ပါတယ်။  PHP ဟာ သူ့ရဲ့ ယှဉ်ပြိုင်ဘက် language တွေထက် ပိုကောင်းတယ် ပိုမြန်တယ် သင်ယူဖို့ပိုမို  လွယ်ကူတယ်
လို့ အကြမ်းအားဖြင့် ပြောနိုင်ပါတယ်။ database အတော်များများနဲ့ယှဉ်တွဲအသုံးပြုနိုင်ခြင်း ပေါ့ပါးခြင်း အကန့် အသန့် မရှိဘူးလို့ ပြောနိုင်လောက်အောင် ချဲ့ထွင်အသုံးချနိုင်ခြင်း open source ဖြစ်သောကြောင့် ကုန်ကျစရိတ်မရှိခြင်း စတဲ့ကောင်းကျိုး များစွာ ရှိနေ ပါတယ်။ သူနဲ့ယှဉ်ပြိုင်ဘက်တွေအနေနဲ့ JSP, ROR နဲ့ ASP.net  လို့ဆိုကြပါတယ်။တစ်ခုစီတိုင်းမှာတော့ အားသာချက် အားနည်းချက်ကိုယ်စီရှိကြတာမျိုးဖြစ်ပါတယ်။ ဘယ်အရာကမှ ရာနှုန်းပြည့်ကောင်းးမွန်တယ်လို့မဆိုနိုင်ပါဘူး..။

PHP အလုပ်လုပ်ပုံ

PHP သည် server-side language ဖြစ်ပါတယ်။ ဆိုလိုတာက ကျွှန်တော်တို့ရေးလိုက်တဲ့ code တွေဟာ server ပေါ်မှာ run တာဖြစ်ပါတယ်။ server-side language တွေက web page တွေဆီကနေ ပို့ပေးလိုက်တဲ့ အချက်အလက်တွေကိုရယူပါတယ်။ host ရဲ့ server ဆီကို ရောက်လာမယ်။ ရောက်လာတဲ့ information ပေါ်မှာမူတည်ပြီးတော့ server ပေါ်မှာ run ပါတယ်။ ပြီးမှ browser ဆီကို လိုအပ်တဲ့အချက်အလက်ကိုပြန်ပို့ပေးပါတယ်။ ဥပမာ ကျွှန်တော်တို့က web page ပေါ်မှာ click တစ်ချက်နှိပ်လိုက်ရင် ကျွှန်တော်တို့ အဲဒီ click နှိပ်လိုက်ခြင်းကြောင့် ရလာတဲ့ result ကိုမမြင်ရခင်မှာ server ဆီကို ကျွှန်တော်တို့ရဲ့ Input ပေးလိုက်တဲ့ အချက်အလက်တွေကို ပို့တာ ရယ် server ကနေ ပြန်ပို့တာတွေ လုပ်နေတာဖြစ်ပါတယ်။ဒါက server-side ရဲ့သဘောပါ။
client-side language ကတော့ ကျွှန်တော်တို့ user တွေအသုံးပြုတဲ့ client  ပေါ်မှာပဲ တိုက်ရိုက် run တာပါ။ JavaScript ဆိုရင် သူ့ရဲ့ client ကတော့ web browser ပေါ့။ ဒါကြောင့် သူ့အနေနဲ့ web server ဆီကို information ပို့တာ ပြန်ထုတ်တာတွေ လုပ်ဖို့မလိုပါဘူး။ သဘောတရားကတော့ browser က code ကိုဖတ်တယ် ပြီးရင် interprets လုပ်တယ်။ ပြီးရင် ပြန်ထုတ်ပြတယ်။ မြန်မြန်ဆန်ဆန် ပြီးပါတယ်။ သူ့နေရာနဲ့ သူတော့ client-side ရော server-side ရော လိုအပ်ပါတယ်။ ဥပမာ form တစ်ခု ဆိုပါစို့ဗျာ။ ကျွှန်တော် တို့ sign up လုပ်တဲ့အခါဖြစ်ဖြစ်ပေါ့ ကျွှန်တော်တို့ text box ထဲမှာထည့်လိုက်တဲ့ data တွေကိုမှန် မမှန် ကို client side language တစ်ခုနဲ့စစ်မယ်။valid ဖြစ်မဖြစ်ကိုပေါ့။  ပြီးမှ submit ကိုဖြစ်ဖြစ်နှိပ်လိုက်မှ server ဆီကိုပို့မှာပေါ့။  server ဆီကိုမှန်ကန်တဲ့ information တွေပဲရောက်ရှိစေတာပေါ့ဗျာ။ web server ပေါ်မှာ အချက်အလက်တွေကို save လုပ်ပြီး သိမ်းထားဖို့လိုအပ်တာမျိုး ကြတော့ server side နဲ့ပဲလုပ်လို့ရတာပေါ့။ PHP ကိုလေ့လာတောမယ်ဆိုရင် Apache web server နဲ့ My SQL Database တို့ပါတွဲပြီးလေ့လာဖို့ပါနေတာဖြစ်ပါတယ်။
အခုကျွှန်တော်တို့ PHP ကို local host အနေနဲ့ ပဲ စတင်လေ့လာဖို့အတွက် လိုအပ်တဲ့ software ကိုစက်ထဲထည့်ပါမယ်။

localhost မှာသုံးဖို့အတွက်
လိုအပ်တဲ့ software တွေအားလုံးကို ပေါင်းစုပြီးထည့်ထားတဲ့ package software တွေရှိပါတယ်။ အဲဒီ software
တွေကိုသုံးပြီး web server နဲ့database ကိုကိုယ့်စက်ထဲမှာပဲရရှိမှာဖြစ်ပါတယ်။
အဲဒီ software တွေထဲမှာ windows အတွက်ထင်ရှားတာတွေကတော့ WAMP နဲ့ XAMPP တို့ပဲဖြစ်ကြပါတယ်။
သူ့ထဲမှာ apache, mysql, php စတဲ့ လိုအပ်တာတွေအားလုံးပါဝင်တာဖြစ်ပါတယ်။
ကျွှန်တော်တို့ အခု XAMPP ကိုပဲရွေးပြီးတော့ လေ့လာကြပါမယ်။
၁။

Code:
http://www.apachefriends.org/en/xampp.html

ကိုသွားပြီးတော့ ကိုယ့်ရဲ့ windows version နဲ့ ကိုက်ညီတဲ့
xampp installer ကိုဒေါင်းလုပ်ဆွဲပါ။
အဆင့်ဆင့်သွင်းသွားလိုက်ရင် ရသွားမှာပါ။ သာမန် software သွင်းသလိုပါပဲခင်ဗျာ။ သွင်းပြီးသွားရင်တော့ C အောက်က xampp အောက်က htdocs အောက်မှာ php ဆိုတဲ့ folder လေးဆောက်သင့်ပါတယ်။ အဲဒီ အောက်မှာပဲကျနော်တို့ ရေးသမျှကို save သင့်ပါတယ်။ နောက်ထပ် ဒီစာအုပ်မှာပါတဲ့ သင်ခန်းစာ များကိုလေ့လာနိုင်ဖို့အတွက် Web Browser (firefox, IE) တစ်ခုလိုပါမယ်။ text editor တစ်ခုလိုပါမယ်။ PHP editor တစ်ခုဆိုပိုကောင်းပါတယ်။ ကျွှန်တော်ကတော့ Dream weaver CS 4 ကို အသုံးပြုပါတယ်။ ဒါပေမယ့်လည်း Notepad ကိုပဲအသုံးပြုမယ်ဆိုရင်လည်း အဆင်ပြေနိုင်ပါသေးတယ်။

code လေးတွေကို run မယ်ဆိုရင် Dreamweaver ကိုဖွင့် PHP ကိုရွေးပြီးတော့ အလိုအလျှောက်နဂိုရှိနေတဲ့ code တွေကိုဖြတ်နိုင်ပါတယ်။ Notepad ကိုပဲသုံးရင်လည်းရပါတယ်။ အဲဒီနောက် code တွေကို copy paste လုပ်ပါ။ ပြီးရင် save လုပ်ပါ.. save လုပ်ရမယ့်နေရာကတော့ C အောက်က xampp အောက်က htdocs အောက်က php ရဲ့အောက်မှာဖြစ်ပါတယ်။ အဆင်ပြေသလိုနာမည်ပေးနိုင်ပါတယ်။ အကယ်၍ 1.php, 2.php အစရှိသဖြင့်ပဲပေးထားရင် အဲဒါကို browser မှာကြည့်မယ်ဆိုရင် http://localhost/php/1.php, http://localhost/php/2.php အစရှိသဖြင့်ခေါ်ပြီး ကြည့်လို့ ရပါပြီ။ ကျနော်က အခုPHP နဲ့ AJAX နဲ့တွဲပြီးသုံးတဲ့သင်ခန်းစာကိုရေးမလို့ပါ။  Cheesy PHP အတွက် စာအုပ်တစ်အုပ်လည်းရေးနေပါတယ်ခင်ဗျာ..။ ဘယ်တော့ပြီးမလဲတော့မသိသေးပါဘူး.. :P

PHP and AJAX
AJAX INTRODUCTION
AJAX= Asynchronous JavaScript And XML
AJAX က web browser နဲ့ web server ကြားထဲကနေ data တွေကို ပို့ဖို့နဲ့ လက်ခံဖို့အတွက် JavaScript ကိုအသုံပြုပါတယ်။
AJAX နည်းပညာကြောင့် user က အပြောင်းအလဲတစ်ခု လုပ်လိုက်တဲ့အခါမှာ web page တစ်ခုလုံးကို relode လုပ်လိုက်တာမျိုးမဟုတ်ပဲနဲ့ နောက်ကွယ်မှာ web server နဲ့ data exchange လုပ်တဲ့အတွက် web page တွေကိုပိုပြီးတော့ responsive ဖြစ်ပါတယ်။ AJAX ကအောက်ပါ standards တွေပေါ်မှာအခြေခံထားပါတယ်။
-JavaScript
-XML
-HTML
-CSS
PHP ကိုလေ့လာတဲ့အခါမှာ AJAX ကိုမသိလို့မဖြစ်ပါဘူး… ။ JavaScript, XML, HTML,CSS ဒါတွေမသိရင် PHP လေ့လာလည်း သိပ်တော့မထူးပါဘူး.. အဲဒါအကုန်သိရမှာဖြစ်ပါတယ်.. အားလုံးဆက်စပ်ပြီးအသုံးချရမှာဖြစ်လို့ပါ။
AJAX အနေနဲ့ major browser တွေအားလုံးက support လုပ်ကြပါတယ်။ ဒါကြောင့် AJAX application တွေက browser နဲ့ platform ပေါ်မှာမှီခိုမှုမရှိဘဲ… Cross Platform, Cross Browser Technology လို့ဆိုနိုင်ပါတယ်။
AJAX Uses XML And HTTP Requests
ရိုးရိုးသာမန်နည်းနဲ့ရေးထားတဲ့ web application တစ်ခုမှာ html form တစ်ခုကိုသုံးပြီး input တစ်ခုကို web server ဆီကို submit လုပ်ပါမယ်။ web server က data ကို process လုပ်ပြီးတဲ့အခါမှာ user ဆီကို web page အသစ်တစ်ခုကို return ပြန်လာပါမယ်။ user က input ပေးတဲ့အခါတိုင်းမှာ web page အသစ်တစ်ခုကို server က ပြန်ပေးရတာဖြစ်တဲ့အတွက် ဒီရိုးရိုးနည်းနဲ့ရေးတာက နှေးပါတယ် ပြီးတော့ user friendly မဖြစ်ပါဘူး။ AJAX နည်းပညာကိုသုံးရင် web application တွေက web page တစ်ခုကို relode လုပ်စရာမလိုပဲနဲ့ data တွေကို ပို့နိုင် ထုတ်နိုင်တာဖြစ်ပါတယ်။ ဒီကိစ္စကို နောက်ကွယ်မှာ server ဆီကို HTTP request တွေပေးပို့ခြင်းနဲ့အလုပ်လုပ်တာဖြစ်ပါတယ်။ server က data ပြန်လာတဲ့အခါ JavaScript ကိုသုံးပြီး web page ရဲ့အစိတ်အပိုင်းလေးကိုပဲ modify လုပ်တာဖြစ်ပါတယ်။ ရှေ့လာမယ့် ဥပမာတွေကိုကြည့်ရင် နားလည်မှာပါ။
PHP and AJAX
AJAX မှာတော့ server ရယ်လို့မရှိပါဘူး.. ။ AJAX ဆိုတာ ကျနော်တို့ရဲ့ browser ပေါ်မှာပဲ run တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ browser နဲ့ web server ရဲ့ကြားမှာ HTTP requests (asynchronous data transfer) ကိုသုံးပါတယ်။ ဆိုလိုတာက web page တစ်ခုလုံးကို server ဆီကိုပို့တာမဟုတ်ပဲ အဲဒီ web page ထဲက အချက်အလက် အနည်းငယ်အစိတ်အပိုင်းလေးကိုပဲ ပို့တာဖြစ်ပါတယ်။ ပြောရရင်တော့ AJAX က web server software တွေပေါ်မှာမမှီခိုတဲ့ web browser technology တစ်ခုဖြစ်ပါတယ်။ ဒီ tutorial ထဲမှာတော့ PHP server ပေါ်မှာ run တဲ့ဥပမာတွေကိုအသားပေးဖော်ပြပေးပါမယ်

AJAX XMLHttpReuest
XMLHttpRequest object ကတော့ AJAX ရဲ့အဓိကသော့ချက်ဖြစ်ပါတယ်။ July 2000 Internet Explorer ထွက်ကတည်းက သုံးလို့ရျွှာဖြစ်ပါတယ်။ ဒါပေမယ့် 2005 မှာ AJAX နဲ့ Web 2.0 အကြောင်းပြောဖြစ်ကြတဲ့အခါမှ အပြည့်အ၀အသုံးချကြတာ ဖြစ်ပါတယ်။ မတူညီတဲ့ browser တွေအနေနဲ့ XMLHttpRequest object ကိုဖန်တီးဖို့အတွက် ကွဲပြားတဲ့နည်းလမ်းတွေကို သုံးကြပါတယ်။ Internet Explorer က ActiveXObject ကိုအသုံးပြုပါတယ်။ တခြား browser တွေကတော့ build in JavaScript object တစ်ခုဖြစ်တဲ့ XMLHttpRequest ကိုအသုံးပြုပါတယ်။ အောက်က code လေးက ဒီပြသနာကိုပြေလည် စေတဲ့အရိုးရှင်းဆုံး နည်းလမ်းပါ။
var XMLHttp=null
if (window.XMLHttpRequest)
{
XMLHttp=new XMLHttpRequest()
}
else if (window.ActiveXObject)
{
XMLHttp=new ActiveXObject(”Microsoft.XMLHTTP”)
}

အရင်ဆုံး XMLHttpRequest object ကိုအသုံးပြုဖို့အတွက် XMLHttp variable တစ်ခုကို ဖန်တီးပါတယ်။ တန်ဖိုးကိုတော့ null လို့ သတ်မှတ်ပေးခဲ့ပါတယ်။  ပြီးတဲ့နောက်မှာ window.XMLHttpRequest ဆိုတဲ့ object လေး available ဖြစ်မဖြစ် စစ်ပါတယ်။ Firefox, Opera, Safari နောက်ပိုင်း version တွေမှာဆိုရင် available ဖြစ်မှာဖြစ်ပါတယ်။ တကယ်လို့ available ဖြစ်တယ်ဆိုရင် XMLHttp=new XMLHttpRequest() ဆိုပြီးတော့ object အသစ်တစ်ခုဖန်တီးပါတယ်။ available မဖြစ်ရင်တော့ window.ActiveXObject က available ဖြစ်မဖြစ်စစ်ပါတယ်။ Internet Explorer 5.5 နဲ့နောက်ပိုင်းတွေ အားလုံးမှာ available ဖြစ်ပါတယ်။ available ဖြစ်တယ်ဆိုရင် XMLHttp=new ActiveXObject() ဆိုပြီးတော့ object အသစ်တစ်ခုကို ဖန်တီးပါတယ်။ ပရိုဂရမ်မာတွေအနေနဲ့ ဒီထက်ပိုကောင်းတဲ့ ပိုမြန်တဲ့ XMLHttpRequest object ကို ပိုနှစ်သက် နိုင်ပါတယ်။ အောက်က ဥပမာလေးကတော့ Microsoft.XMLHTTP အစား Xsxml2.XMLHTTP ဆိုတဲ့ Microsoft ရဲ့ latest version ကို load လုပ်တာဖြစ်ပါတယ်။ အဲဒါကတော့ IE 6 နဲ့နောက်ပိုင်းမှာ မှ available ဖြစ်တာဖြစ်ပါတယ်။

function GetXmlHttpObject()
{
var xmlHttp=null;

try
{
// Firefox, Opera 8.0+, Safari
xmlHttp=new XMLHttpRequest();
}
catch (e)
{
// Internet Explorer
try
{
xmlHttp=new ActiveXObject(”Msxml2.XMLHTTP”);
}
catch (e)
{
xmlHttp=new ActiveXObject(”Microsoft.XMLHTTP”);
}
}
return xmlHttp;
}

ဒီဥပမာက ဘာကိုပြောတာလဲဆိုရင် အရင်ဆုံးXMLHttpRequest object ကိုသုံးဖို့အတွက်  XMLHttp ဆိုတဲ့ variable လေးကို
ဖန်တီးပါတယ်။ အဲဒီနောက် web standarads (Mozila, Opera နဲ့ Safari)အရ XMLHttp= new XMLHttpRequest() object ကိုဖန်တီးဖို့ ကြိုးစားပါတယ်။ နောက်တခါ Microsoft နည်းလမ်းနဲ့ IE 6 နဲ့နောက်ပိုင်း အတွက် XMLHttp=new ActiveXObject(“Msxml2.XMLHTTP object ကိုဖန်တီးဖို့ကြိုးစားပါတယ်။ အဲဒီမှာ error ဖြစ်တယ်ဆိုမှ အဟောင်းနည်းလမ်း (IE 5.5) XMLHttp=new ActiveXObject(“ Microsoft.XMLHTTP”) ကိုကြိုးစားပါတယ်။

AJAX Suggest
အောက်က AJAX ဥပမာမှာ  user က web form တစ်ခုထဲကို data ရိုက်ထည့်ပြီးတော့ web page တစ်ခုက web server နဲ့ ဘယ်လို communticate လုပ်တယ်ဆိုတာကို သရုပ်ပြသွားမှာဖြစ်ပါတယ်။ အောက်ကလိုပုံစံမျိုးလေး ရေးမှာပါ။ box လေးထဲမှာ character လေးတစ်ခုခုကိုရိုက်ထည့်တာနဲ့ suggestion မှာပေါ်လာမယ်။

ဒီ ဥပမာမှာ page သုံးခုပါဝင်ပါမယ်။
-   ရိုးရိုး HTML page
-   JavaScript page
-   PHP page

The HTML Form
အခုကတော့ HTML page ဖြစ်ပါတယ်။ သူ့မှာ form အတွက် HTML code ရယ် JavaScript ကိုခေါ်တဲ့ link ရယ်ပါဝင်ပါတယ်။ ဒီ html file ကို ajaxtesting.html လို့ပေးပါမယ်။

<html>
<head>
<script src=”clienthint.js”></script>
</head>

<body>

<form>
First Name:
<input type=”text” id=”txt1″
onkeyup=”showHint(this.value)”>
</form>

<p>Suggestions: <span id=”txtHint”></span></p>

</body>
</html>

ဒီဥပမာမှဆိုရင် txt1 ဆိုတဲ့ Input filed လေးပါတဲ့ ရိုးရိုး HTML form လေးပါပါတယ်။ အလုပ်လုပ်ပုံကတော့
1.   user က input field လေးထဲမှာ keyboard ပေါ်က key တစ်ခုကို နှိပ်ပြီးတော့ release လုပ်လိုက်တဲ့အခါevent တစ်ခုကို အစပျိုးပေးပါတယ်။
2.   evernt ကိုအစပျိုးပြီးတဲ့အချိန်မှာ showHint() ဆိုတဲ့ function လေးကိုခေါ်ပြီးတော့ execute လုပ်ပါတယ်။
3.   form ရဲ့အောက်မှာ txtHint ဆိုတဲ့ <span> လေးရှိပါတယ်။ အဲဒါကတော့ showHint() ကပြန်လာတဲ့ return data လေး ပေါ်မဲ့နေရာလေးပဲဖြစ်ပါတယ်။

အောက်က JavaScript code ကိုတော့ clienthint.js လို့သိမ်းမှာဖြစ်ပြီး HTML document နဲ့ လင့်လုပ်ထားတာဖြစ်ပါတယ်။

var xmlHttp;

function showHint(str)
{
if (str.length==0)
{
document.getElementById(”txtHint”).innerHTML=”";
return;
}
xmlHttp=GetXmlHttpObject();
if (xmlHttp==null)
{
alert (”Browser does not support HTTP Request”);
return;
}
var url=”gethint.php”;
url=url+”?q=”+str;
url=url+”&sid=”+Math.random();
xmlHttp.onreadystatechange=stateChanged;
xmlHttp.open(”GET”,url,true);
xmlHttp.send(null);
}

function stateChanged()
{
if (xmlHttp.readyState==4 || xmlHttp.readyState==”complete”)
{
document.getElementById(”txtHint”).innerHTML=xmlHttp.responseText;
}
}

function GetXmlHttpObject()
{
var xmlHttp=null;
try
{
// Firefox, Opera 8.0+, Safari
xmlHttp=new XMLHttpRequest();
}
catch (e)
{
// Internet Explorer
try
{
xmlHttp=new ActiveXObject(”Msxml2.XMLHTTP”);
}
catch (e)
{
xmlHttp=new ActiveXObject(”Microsoft.XMLHTTP”);
}
}
return xmlHttp;
}// JavaScript Document

ဒီဥပမာလေးကိုရှင်းရရင်တော့ showHint()function က inpurt field ထဲမှာ ကျနော်တို့ character တစ်လုံးရိုက်လိုက်တဲ့ အခါတိုင်းအလုပ်လုပ်ပါတယ်။ အကယ်၍ input filed ထဲမှာ input ရှိပြီးသား ဆိုလိုတာက str.length>0 ဖြစ်သွားတယ်ဆိုရင် အောက်ပါအတိုင်း execute လုပ်ပါတယ်။
1.   server ကိုပေးပို့မယ် url filename ကို သတ်မှတ်ပါတယ်။ ဒီမှာတော့ gethint.php ပါ။
2.   input filed ထဲမှာရောက်နေမယ့် content (character) နဲ့ ယှဉ်တွဲပြီးတော့ parameter (q) လေးကိုပေါင်းထည့်ပါတယ်။
3.   server က cached file ကိုသုံးမိတာကနေ ကာကွယ်ဖို့ random number တစ်ခုကို ထပ်ပေါင်းထည့်ပါတယ်။
4.   GetXmlHttpObject function ကိုခေါ်ပြီးတော့ XMLHTTP object ကိုဖန်တီးယူပါတယ်။ ပြီးတော့ ပြောင်းလဲမှုတစ်ခု ဖြစ်တဲ့အခါ အဲဒီ object အနေနဲ့ StateChanged ဆိုတဲ့ function လေးကို execute လုပ်စေပါတယ်။
5.   ပေးလိုက်တဲ့ url အတိုင်း XMLHTTP object ကို ဖွင့်လိုက်ပါတယ်
6.   server ဆီကို HTTP request ကိုလှမ်းပို့လိုက်ပါတယ်။

input filed က ဗလာဖြစ်နေတယ်ဆိုရင် function က txtHint ရဲ့ placeholder (suggestion ပေါ်တဲ့နေရာ) မှာရှိနေတဲ့ content (စာတွေ) အားလုံးကို ရှင်းလင်းပစ်လိုက်ပါတယ်။

The stateChanged() Function
XMLHTTP object ရဲ့ state ပြောင်းလဲတဲ့အခါတိုင်းမှာ ဒီ function ကို execute(တွက်ချက်) လုပ်ပါတယ်။
state က 4 ဒါမှမဟုတ် complete အဖြစ်ပြောင်းတဲ့အခါ txtHint ရဲ့ content ကို သူ response လုပ်တဲ့ text နဲ့ဖြည့်ပါတယ်။

The GetXmlHttpObject() Function
AJAX applications အနေနဲ့ XML support လုပ်တဲ့ browser နဲ့ပဲ run မှာဖြစ်တဲပအတွက် GetXMLHttpObjet() ကိုခေါ်ပြီးတော ဒီပြသကိုနည်းလမ်းတစ်ခု မဟုတ်တစ်ခုနဲ့ဖြေရှင်းနိုင်စေဖို့ XMLHTTP object အမျိုးမျိုးကိုဖန်တီးပါတယ်။
အခု ကျန်တဲ့ PHP page အတွက်ဖြစ်ပါတယ်။ JavaScript code ကခေါ်တဲ့လိုအပ်တဲ့ server page ကတော့ gethint.php လို့ခေါ်တဲ့ Php file လေးပါ။ ဒီ gethint.php ဖိုင်လေးထဲက code မှာတော့ နာမည်တွေရဲ့ array တစ်ခုကို စစ်ပြီးတော့ client ဆီကို သက်ဆိုင်ရာ အမည်ကို return ပြန်ပေးပါမယ်။

<?php
// Fill up array with names
$a[]=”Anna”;
$a[]=”Brittany”;
$a[]=”Cinderella”;
$a[]=”Diana”;
$a[]=”Eva”;
$a[]=”Fiona”;
$a[]=”Gunda”;
$a[]=”Hege”;
$a[]=”Inga”;
$a[]=”Johanna”;
$a[]=”Kitty”;
$a[]=”Linda”;
$a[]=”Nina”;
$a[]=”Ophelia”;
$a[]=”Petunia”;
$a[]=”Amanda”;
$a[]=”Raquel”;
$a[]=”Cindy”;
$a[]=”Doris”;
$a[]=”Eve”;
$a[]=”Evita”;
$a[]=”Sunniva”;
$a[]=”Tove”;
$a[]=”Unni”;
$a[]=”Violet”;
$a[]=”Liza”;
$a[]=”Elizabeth”;
$a[]=”Ellen”;
$a[]=”Wenche”;
$a[]=”Vicky”;
//get the q parameter from URL
$q=$_GET["q"];
//lookup all hints from array if length of q>0
if (strlen($q) > 0)
{
$hint=”";
for($i=0; $i<count($a); $i++)
{
if (strtolower($q)==strtolower(substr($a[$i],0,strlen($q))))
{
if ($hint==”")
{
$hint=$a[$i];
}
else
{
$hint=$hint.” , “.$a[$i];
}
}
}
}

//Set output to “no suggestion” if no hint were found
//or to the correct values
if ($hint == “”)
{
$response=”no suggestion”;
}
else
{
$response=$hint;
}

//output the response
echo $response;
?>

JavaScript ဖိုင်ကနေ (strlen($q)>0) ဖြစ်တဲ့အခါတိုင်း text တစ်ခုခုကို လှမ်းပို့တဲ့အခါ အောက်ပါအတိုင်းဖြစ်ပေါ်ပါတယ်။
1.   JavaScript ကနေလှမ်းပို့တဲ့ character နဲ့ match ဖြစ်တဲ့ အမည်ကိုရှာတယ်။
2.   နာမည်တစ်ခုထက်ပိုပြီးအတွဲမိတယ်ဆိုရင် response string မှာအမည်တွေအားလုံးပါလာမယ်။
3.   ဘာမှ match ဖြစ်တာမတွေ့ရင်တော့ no suggestion ဆိုပြီး response ဖြစ်မယ်။
4.   တစ်ခုထက်ပိုပြီးတွေ့ရင် ဒီနာမည်တွေကို response ပေးမယ်
5.   ဒီ response တွေအားလုံးကို txtHint placeholder ကိုပို့ပေးမယ်။
အခုအချိန်မှာ clienthint.js , gethint.php ajaxtesting.html ဖိုင်သုံးခု ကတူညီတဲ့ folder directory အောက်မှာ save ခဲ့တာဖြစ်ရပါမယ်.. အဲဒါဆိုရင်တော့ ajaxtesting.html ကို browser မှာ run တဲ့အခါ PHP နဲ့ AJAX နဲ့တွဲသုံးထားတဲ့ ပျော်စရာ web application ပိစိလေးတစ်ခုကိုရပါပြီခင်ဗျာ။ Cheesy
ကျနော်ရေးတာနားလည်ဖို့များခက်နေလားတော့မသိဘူးဗျာ။ language တစ်ခုမှမလေ့လာဖူးတဲ့ အစိမ်း
သက်သက် beginnger ဆိုရင်တော့ နားလည်ဖို့သိပ်မလွယ်လောက်ဘူး.. ဥပမာ object ဆောက်တာ မျိုးတွေကို ပေါ့။ HTML မလေ့လာဖူးရင်လည်း နားမလည်လောက်ဘူး.. ထင်တာပြောတာပါ။ ပြီးတော့ coding တွေရဲ့ တစ်ကြောင်းခြင်း တစ်ခုခြင်းအဓိပ္ပါယ်အသေးစိတ်ကိုလည်း နားမလည်လောက်ဘူး..။ ဒါပေမယ့် run သာ run လိုက်ပါ… run လို့အောင်မြင်ရင်ပျော်တယ်လေ။ မဟုတ်ဘူးလား.. ။ Tongue coding အသေးစိတ် နားလည်ဖို့ကတော့ အသေအချာ စနစ်တကျ အခြေခံကနေလေ့လာမှရမှာ။ ဒါပေမယ့် programmer တွေတောင် coding အကုန်ရေးကြတာမဟုတ်ပါဘူး…။ ရေးစရာလည်းမလိုဘူးလေ ဒီလိုပဲ ကူးကြတာပါ… အသေးစိတ်တော့ တစ်ကြောင်းခြင်း trace လိုက်စရာမလိုဘူး.. မျက်လုံးနဲ့ဝေ့ကြည့်လိုက်တာနဲ့ ဘာကိုရေးထားတယ်ဆိုတာ သိနေတာ။ ကျနော်တော့အဲလောက်မကျွှမ်းပါ.. :P ၊ဗဟုသုတအနေနဲ့ ပြောပြတာပါ။ Tongue
P.S ယခု သင်ခန်းစာတွင် အသုံးပြုခဲ့သော code များကို w3schools.com မှယူသုံးထားခြင်းဖြစ်ပြီး… ထို website တွင် English လိုလေ့လာပါက ကျနော်ရေးထားတာထက်ပို၍ကောင်းမည်ဟုထင်မိပါကြောင်း နှင့် English လိုလေ့လာခြင်းကိုပို၍ အားပေးလိုပါကြောင်း :)

Tags: ,

Apr
23

Web Development ဆိုင်ရာသိမှတ်စရာများ (၁)

Posted by admin  |  Posted in Web Development  |  Posted on: 23-04-2009

ကျွှန်တော်အရင်ဆုံး အခြေခံကနေစပြောကြည့်မယ်ဗျာ။ အဓိကကတော့ web development နဲ့ပါတ်သက်တာကိုပြောချင်တာပါ။ အခြေခံကနေစပြီး advance ပိုင်းအထိ ရေးသွားဖို့ ရည်ရွယ်ထားပါသည်။ ထုံးစံအတိုင်း မသိသေးသူတွေအတွက် what is program? what is programming language? ဆိုတာတွေကိုနဲနဲတော့ လျှာရှည်မယ်နော်။ တိုက်ရိုက်ဘာသာပြန်ရရင်တော့ program ဆိုသည်မှာ လုပ်ဆောင်ချက်တစ်ခုကို ကွန်ပျူတာအား မည်သို့မည်ပုံ လုပ်ဆောင်ရမည်ကို ညွန်ကြားပေးသော လမ်းညွန်ချက်များကို အစီအစဉ် တကျစုပေါင်းထားသော အရာဖြစ်သည်တဲ့။ကွန်ပျူတာဆိုတာက ကျွှန်တော်တို့ လူသားတွေပြောတဲ့ ဘာသာစကားမျိုးကိုနားမလည်ပါဘူး.. ကွန်ပျူတာက နားလည်တာက machine code တွေကိုပါပဲ။ ကျွှန်တော်တို့ Machine code နဲ့ program ရေးလို့ရပေမယ့် high level programming language တွေနဲ့ရေးတာက အများကြီးပိုလွယ်လို့ သုံးပါတယ်။ ကျွှန်တော်တို့က language တစ်ခုခုနဲ့ code တွေကိုရေးမယ် ၊ အဲနည်းလမ်းနှစ်မျိုးနဲ့ program တစ်ခုကို process လုပ်နိုင်ပါတယ်တဲ့ ၊ compilation နဲ့ interpretation တို့ဖြစ်ပါတယ်။ high level language တွေုကို CPU ကတိုက်ရိုက်မတွက်နိုင်ပါဘူး။ computer ကနားလည်တဲ့ machine language တစ်ခုဖြစ်ဖို့ အရင်ပြောင်းပါတယ်။compilation မှာတော့ compiler လို့ခေါ်တဲ့ program တစ်ခုနဲ့ ပြောင်းလေ့ရှိပါတယ်။ compiler က program ရဲ့စာလုံးအသိုအထား အမှားတွေကို စစ်ဆေးမယ်။ ပြီးရင် object code ကိုထုတ်ပေးမယ်ပေါ့။ ဒါမှ processor က execute လုပ်နိုင်တာပါ။ Interpreter ကတော့ ကျွှန်တော်တို့ရဲ့ source program ကို စစ်ဆေးမယ် တခါတည်း တန်းပြီး execute လုပ်တယ်ပေါ့ဗျာ။ သူက error တွေကို အရင်စစ်မယ် ပြီးတာနဲ့ object code ကိုမထုတ်ပဲ တိုက်ရိုက် execute လုပ်တာပေါ့ဗျာ။ language ပေါ်မှာမူတည်ပြီးတော့ ပုံစံတွေက အနည်းငယ်စီတော့ ကွဲပြားကြပါတယ်။ ပြောချင်တဲ့ web development အကြောင်း က အခုမှလာမှာ။ ကဲ JavaScript နဲ့ပါတ်သက်ပြီးနဲနဲ လေကန်ကြည့်မယ်။ JavaScript ကို ကွန်ပျူတာသမားတော်တော်များများ သိကြပါတယ်။ ဒါပေမယ့်သေချာမသိကြသလို စနစ်တကျလေ့လာတဲ့သူကလည်း web developer တွေလောက်ပဲရှိမှာပါ။ လူအများစုက html ကိုလေ့လာပြီးရင် JavaScript လေ့လာရမယ်လို့ ယူဆကြပါတယ်။ JavaScript ကိုသုံးပြီးတော့ ကျွှန်တော်တို့ရဲ့ website တွေကို သက်ဝင်လုပ်ရှားလာအောင် လုပ်နိုင်ပါတယ်။ special effects တွေကိုလည်းဖန်တီးနိုင်ပါတယ်။ JavaScript မပါပဲ html သီးသန့်သုံးပြီးတော့လည်း website ရေးလို့ တော့ရနိုင်ပါတယ်။ html ကိုသုံးပြီးလုပ်လို့မရတဲ့ features တော်တော်များများကိုတော့ JavaScript လို scripting language ကိုသုံးပြီးတော့ ထည့်ကြပါတယ်။

JavaScript ရဲ့ coding က တခြား programming နဲ့ scripting language တချို့နဲ့အတော်နီးစပ်ပါတယ်။ java,C++,C တို့နဲ့တူတဲ့ syntax တွေရှိတယ်။ Perl နဲ့လည်းတူတာတွေရှိပါတယ်။ JavaScript က compile လုပ်ရတာမဟုတ်ပဲ interpreter သုံးပြီး run တဲ့ language ပေါ့ဗျာ။

JavaScript ဖြစ်ပေါ်လာတာက တော့ Netscape Communications Corporations နဲ့ Sun Microsystems, Inc တို့ကနေ 1995 December 4 ရက်မှာ စတင်ပါတယ်တဲ့။JavaScript လို့မခေါ်ခင်တုန်းက livescript လို့ခေါ်ခဲ့ဖူးပါတယ်။ JavaScript က object-based ဖြစ်ပါတယ်။ client side scripting language ဖြစ်ပါတယ်။ web pages တွေကိုသက်ဝင်လှုပ်ရှားလာအောင် dynamic ဖြစ်အောင် လုပ်ပေးတာပေါ့ဗျာ။ client side ဆိုတာကဘာလဲသိရပါမယ်။ ဆိုလိုတာက JavaScript ကို run ပေးတာဟာ ကျွှန်တော်တို့ အသုံးပြုတဲ့ software (client) ကိုသုံးလို့ခေါ်တာပါ။ server side language တွေလည်းများစွာရှိတယ်လေ။ ဥပမာ php ပေါ့ဗျာ။ သူ့လိုမျိုးကြတော့ web server ပေါ်မှာ run တာပေါ့။ ကျွှန်တော်တို့ရဲ့ JavaScript ကို run ပေးတဲ့ client ကတော့ Mozilla Firefox တို့ IE တို့လို web browser တွေပေါ့ဗျာ။ ရှင်းရှင်းလင်းလင်းသိသွားရအောင် client side နဲ့ server side languages တွေရဲ့အလုပ်လုပ်ပုံကိုပါတခါတည်းလေ့လာကြရအောင်ဗျာ။

server-side language တွေက web page တွေဆီကနေ ပို့ပေးလိုက်တဲ့ အချက်အလက်တွေကိုရယူပါတယ်။ host ရဲ့ server ဆီကို ရောက်လာမယ်။ ရောက်လာတဲ့ information ပေါ်မှာမူတည်ပြီးတော့ server ပေါ်မှာ run ပါတယ်။ ပြီးမှ browser ဆီကို လိုအပ်တဲ့အချက်အလက်ကိုပြန်ပို့ပေးပါတယ်။ ဥပမာ ကျွှန်တော်တို့က web page ပေါ်မှာ click တစ်ချက်နှိပ်လိုက်ရင် ကျွှန်တော်တို့ အဲဒီ click နှိပ်လိုက်ခြင်းကြောင့် ရလာတဲ့ result ကိုမမြင်ရခင်မှာ server ဆီကို ကျွှန်တော်တို့ရဲ့ Input ပေးလိုက်တဲ့ အချက်အလက်တွေကို ပို့တာ ရယ် server ကနေ ပြန်ပို့တာတွေ လုပ်နေတာဖြစ်ပါတယ်။ဒါက server-side ရဲ့သဘောပါ။

client-side language ကတော့ ကျွှန်တော်တို့ user တွေအသုံးပြုတဲ့ client ပေါ်မှာပဲ တိုက်ရိုက် run တာပါ။ JavaScript ရဲ့ client ကတော့ web browser ပေါ့။ ဒါကြောင့် သူ့အနေနဲ့ web server ဆီကို information ပို့တာ ပြန်ထုတ်တာတွေ လုပ်ဖို့မလိုပါဘူး။ သဘောတရားကတော့ browser က code ကိုဖတ်တယ် ပြီးရင် interprets လုပ်တယ်။ ပြီးရင် ပြန်ထုတ်ပြတယ်။ မြန်မြန်ဆန်ဆန် ပြီးပါတယ်။ သူ့နေရာနဲ့ သူတော့ client-side ရော server-side ရော လိုအပ်ပါတယ်။ ဥပမာ form တစ်ခု ဆိုပါစို့ဗျာ။ ကျွှန်တော် တို့ sign up လုပ်တဲ့အခါဖြစ်ဖြစ်ပေါ့ ကျွှန်တော်တို့ text box ထဲမှာထည့်လိုက်တဲ့ data တွေကိုမှန် မမှန် ကို client side language တစ်ခုနဲ့စစ်မယ်။valid ဖြစ်မဖြစ်ကိုပေါ့။ ပြီးမှ submit ကိုဖြစ်ဖြစ်နှိပ်လိုက်မှ server ဆီကိုပို့မှာပေါ့။ server ဆီကိုမှန်ကန်တဲ့ information တွေပဲရောက်ရှိစေတာပေါ့ဗျာ။ web server ပေါ်မှာ အချက်အလက်တွေကို save လုပ်ပြီး သိမ်းထားဖို့လိုအပ်တာမျိုး ကြတော့ server side နဲ့ပဲလုပ်လို့ရတာပေါ့။ ကဲ JavaScript က scripting language တဲ့။ ဒါဆို scripting lanauge က ဘာလဲ။ scripting language တွေက compile လုပ်စရာမလိုပါဘူး၊ client ကနေပဲ တိုက်ရိုက် interpret လုပ်ပါတယ်။ ပုံမှန် programming language တွေ မှာက ကျွှန်တော်တို့ program ရေးတယ်။ မ run ခင်မှာ အရင် compile လုပ်ရသေးတယ်လေ။ ဒါမှ syntax errors တွေ မရှိတာသေချာမှ ကောင်းကောင်း run လို့ရမှာပါ။ scripting language ကြတော့ တိုက်ရိုက် ဘာသာပြန်တယ်ပေါ့ဗျာ။ code ရဲ့ result ကိုမြန်မြန်သိရတာပေါ့။ syntax error တွေဘယ်လိုရှင်းမလဲဆိုတာကတော့ သုံးတဲ့ client က error တွေကို ဘယ်လို hundle လုပ်နိုင်တဲ့ပေါ်မှာမူတည်မှာပါ။ ဆက်ရေးပါဦးမည်။

Tags: