14
မိုးလင်းချိန်…
မိုးလင်းချိန်…
မနက်ခင်းတစ်ခု အိပ်ရာကနိုးတော့ ငါသေဆုံးခဲ့ပြီပဲ…
ညဦးပိုင်းတုန်းက ငါကကျောင်းသားတစ်ယောက် ဖြစ်ခဲ့တယ်…
ဝမ်းနည်းစရာပဲ….တစ်စက္ကန့်ရဲ့ခြောက်ပုံတစ်ပုံလောက်ကြတော့ ငါကျောင်းထုတ်ခံလိုက်ရတယ်…
ကွန်ပျူတာတွေထားတဲ့ အခန်းထဲမှာ ငါထိုင်ခဲ့ဖူးတယ်….
ဒါပေမယ့် သုံးမိနစ်အကြာမှာ မီးပျက်သွားပြီ…
ရေတွက်လို့မရနိုင်တဲ့ ငွေတွေ ငါ့လက်ထဲမှာရှိနေတယ်လေ…
ငါမျက်တောင်တစ်ချက်ခက်လိုက်မိတယ်…အားလုံးပျောက်သွားပြန်ပြီ…
ငါ့ဘေးကလူကြီးက ဒေါသထွက်နေပါလား…. ငါ့ကိုများလားမသိဘူး…
အော်ငါသိပြီ… သူကငါ့ကို မနာလိုဖြစ်နေတာပဲ…..
ဟော… သူ….ချက်ချင်း အခိုးအငွေ့ဖြစ်သွားပြီ…
ဘေးနားကလူတွေငါ့ကို ဘာတွေလာပြောနေပါလိမ့်….
ငါတစ်လုံးမှလည်းနားမလည်ပါလား….
ငါမေးကြည့်တော့ သူတို့ဘာမှမပြောဘူးတဲ့…
ပျော်ရွှင်ခြင်းရယ်.. ၀မ်းနည်းခြင်းရယ် အချစ်ရယ် အမုန်းရယ်… ငါ့တစ်ခုမှမခံစားရဘူး
အဲဒါကောင်းတာလား ဆိုးတာလား… ဆိုတာလည်း ငါသိချင်သေးတယ်….
ငါတစ်ခုတော့နားလည်လိုက်တယ်.. ဘ၀ဆိုတာ အိပ်မက်တစ်ခုထက်မပိုဘူး…
တနေ့ကြရင် ငါ သေဆုံးခြင်းဆိုတဲ့ မနက်ခင်းတစ်ခုမှာ နိုးထမယ်….
အဲဒီအချိန်ကြရင်တော့ သိကောင်းသိမှာပါလေ……
ဘ၀ဆိုတာ အိပ်မက်လား.. တစ်ကယ့်အဖြစ်အပျက်လားဆိုတာကိုပေါ့……