4
လောကကြီးအကြောင်း နားမလည်ပါဘူး….။
ကျနော့်ရဲ့ သူငယ်ချင်းတစ်ယောက် ပြောလေ့ ရှိတဲ့စကားလေးပါ… အဲဒီသီချင်းစာသားလေးကို ကျနော်လည်း မကြာခဏ ဆိုညဉ်းမိပါတယ်..။ အရာအားလုံးကို ခြုံငုံပြီး စဉ်းစားကြည့်ရင်… ဒီကမ္ဘာလောကကြီးက… ပျော်စရာတွေထက်… စိတ်ညစ်စရာတွေ ၀မ်းနည်းစရာတွေက ပိုပြီးတော့ များနေပါတယ်…။ ကျနော်တို့ လူသားတစ်ယောက်ချင်းကလည်း ကိုယ်ပိုင် အတ္တတွေ.. မာန်မာနတွေနဲ့… တစ်ဦးကိုတစ်ဦး ရန်လိုမှုတွေ မုန်းတီးမှုတွေ နဲ့… အသက်ရှင်နေကြပါတယ်..။လောဘ ဒေါသ မောဟ တွေနဲ့ နေ့စဉ်ဖုံးလွှမ်းနေကြပါတယ်…။ နေ့စဉ် အမှားများစွာကို လုပ်နေရင်းနဲ့ တစ်ခါတလေ.. အမှန်ကိုတွေ့ရှိရင်တောင် လက်ခံဖို့ ခက်ခဲကုန်ကြပါတယ်…။ ဘ၀စာမျက်နှာပေါ်မှာလည်း… ဖျက်ရာတွေ နဲ့ပေါ့…။ ကိုယ်ပြုခဲ့တဲ့ အရာတွေအတွက် နောင်တတွေ အကြိမ်ကြိမ်ရ…. သံဝေဂ တွေရပြီလို့ ကိုယ့်ကိုကိုယ်ထင်.. အမှားကိုမြင်ပြီး အမှန်ကိုပြင်ဖို့ မကြာခဏ ကြိုးစားကြပေမယ့်…. လူသားဆိုတဲ့ သဘာဝ မကောင်းတာကိုမှ ပျော်မွှေ့နေလေတော့လည်း… တကယ်ကို ရုန်းထွက်ဖို့ ခက်ခဲကြပြန်ပါတယ်..။ ဘ၀မှာရည်မှန်းချက်တွေကိုထားပြီး မျှော်လင့်ချက်တွေနဲ့ လျှောက်လှမ်းနေတဲ့ လူငယ်တစ်ယောက်အတွက်…. လောကဓံကို ကြံ့ကြံ့ခံနိုင်ဖို့ ခွန်အားတွေ လိုအပ်နေတယ်…။ နဂိုတည်းက စိတ်ထားနူးညံ့ပျော့ပြောင်းတဲ့ လူငယ်တစ်ယောက်သာ ဖြစ်နေမယ်ဆို… သူ… ကြာရှည် ခံနိုင်ရည်ရှိပါ့မလား… သူ့အတွက် အနာဂတ်လမ်းကို ဆက်လျှောက်သွားစေနိုင်မယ့် အင်အားကို ဘယ်သူကပေးမှာလဲ….။ လူသားတိုင်းမှာတော့ ပြသနာတွေ အခက်အခဲတွေ ကိုယ်စီရှိကြပါတယ်…။ ဘယ်လိုပဲဖြစ်ဖြစ်…. အသက်ရှင်နေသရွှေ့ တော့ ကျနော်တို့ ဆက်ပြီး… လျှောက်ကြရဦးမှာပေါ့…. သည်းခံတဲ့စိတ်… ခွင့်လွတ်တဲ့စိတ်.. ဥပေက္ခာပြုတဲ့ စိတ်တွေ မထားရှိနိုင်ရင်…. ပင်ပန်းနေဦးမှာပါ…။ အရာရာကို မေတ္တာတရားရှေ့ထားပြီး နားလည်ခွင့်လွတ်ပေးနိုင်ရင်တော့ ဒီကမ္ဘာကြီး ငြိမ်းချမ်းနေတော့မပေါ့…. ဒါပေမယ့် အခုတော့…. ဆန့်ကျင်ဘက်ဖြစ်နေတယ်လေ..။ ကျနော်ကိုယ်တိုင်အနေနဲ့တော့ ဒီကနေ့ကစပြီး လူသားတိုင်းကို ချစ်ခြင်းမေတ္တာရှေ့ထားပြီး…. ပြောဆို ဆက်ဆံပါ့မယ်လို့ တွေးနေမိပါတယ်.။…. ဒါမှသာ.. ကိုယ့်ရဲ့စိတ်မှာ ငြိမ်းချမ်းမှု.. အေးချမ်းမှုတွေကို ရှာဖွေ သိရှိ ခံစားမိမှာ မဟုတ်ပါလားခင်ဗျာ…။
မိုးမြင့်ရှိန်
May 4th, 2010 at 3:59 pm
အကို စိတ်အရမ်းညစ်နေတယ်နဲ့တူတယ် ဟုတ်လား
ဘာကိုမှ သိပ်ပြီး မခံစားပါနဲ့ အကြံပေးပါရစေ
အကိုက သိပ်ပြီးနေကောင်းတာလဲ မဟုတ်ဖဲနဲ့ ရောဂါပိုဖြစ်မယ်နော်
စိတ်လျှော့လိုက်တော့နော်
အကို ဘာဖြစ်နေတယ်ဆိုတာ ညလေး သိပါတယ်
ဘာပဲပြောပြော အကို့ကို မခံစားစေချင်ဘူးလေ
စိတ်သစ်လူသစ်နဲ့ ဘဝသစ်ကို ပြန် စ ပါ
ညလေး တို့ အကို့ဘက်မှာ ရှိနေမယ်နော်
မေးလ် လဲမပြန်ဘူး တော်တော် စိတ်ထိခိုက်နေတယ်ထင်တယ်
အကို အားဂျား အားဂျား ဖိုက်တင်းးးးးး နော် အကို
လောကကြီးက မမှားပါဘူး အကိုရယ် လူတွေကသာ…….
May 27th, 2010 at 5:26 pm
နေတတ်မှ ကျေနပ်စရာ ကောင်းမှာ
June 11th, 2010 at 11:04 am
သာကောရေ စိတ်ညစ်မနေပါနဲ…
July 2nd, 2010 at 12:24 am
စိတ်ညစ်နေတယ်ဆိုတဲ့ စိတ်နဲ့ လောကကြီးကိုကြည့် နေရင် သူဟာလဲ စိတ်ညစ်စွာနဲ့ ပြန်ကြည့် နေမှာပေါ့ဂျာ။လောကက မှန်လို ပဲခင်ဗျ။ကိုယ်လုပ်ခဲ့ တာတွေ ပြန်မြင်နေရတာ။
အထိကက စိတ်နှလုံးကို အေးချမ်းအောင်ထားပေါ့ဂျာ။ ဘာတွေ ဖြစ်ဖျက်ခဲ့ လည်း
ကိုယ်အပေါ်မှာ ဆိုးသွားခဲ့ လား။ ဆိုးသွားတယ်မှတ်လိုက်ဂျာ။ တုန့် ပြန်မနေနဲ့  အာရုံနောက်တယ်။မိန်းက ကိုယ့် လမ်းကိုယ်လျှောက်ဖို့ ပဲမလား။
စိတ်ညစ်တယ်ဆိုပြီး ထမင်းထမစားလို့ မရဘူးလေ။အချိန်တန်ရင်ဆာလာတာပဲ။
ထစားရတာပဲမလား။
အမှောင်ထဲက ဖုံထူတဲ့ အခန်းတစ်ခုထဲမှာပဲ ထိုင်မနေပါနဲ့ ဂျာ။ ထလိုက်စမ်းဘာ။
တံခါးတွေဖွင့်လိုက် လေကောင်းလေသန့် ရတာပေါ့။ဒါမှမဟုတ် သင့် သူငယ်ချင်းတွေ ၀င်လာလည်ရင်းနဲ့ ဝိုင်းရှင်းပေးနိုင်တာပေါ့။ ကြိုးစမ်းလိုက်စမ်းပါဂျာ။
July 28th, 2010 at 7:20 pm
great post.