Jul
26

PHP Guide Book in Myanmar

Posted by admin  |  Posted in Uncategorized  |  Posted on: 26-07-2010

စာအုပ်ရေးနေလို့ပါ… အခုတော့ တစ်ပိုင်းပြီးသွားပါပြီခင်ဗျာ…။

အမှာစကား

မင်္ဂလာပါခင်ဗျာ။ အချိန်လေးသေချာပေးပြီးရေးလိုက်တော့ အခုလောက်ထိပြီးသွားပါတယ်..။ ကျနော် ကတိပေး ထားခဲ့တာတွေ များနေပါပြီ။ ကျနော်ရေးနေတယ်ပြောထားလို့ လာမေးတဲ့သူတွေလည်း များလှပါပြီ။ ဒါကြောင့် အခုလောက်ထိပြီးသလောက်ကို Part (I) လို့ပဲအမည်တပ်ပြီး ထုတ်လိုက်ရပါတယ်။ ဒီမှာ မပါတာတွေ မပြည့်စုံတာတွေနဲ့ ထပ်ပြီးပါသင့်တာတွေကို ကျနော်နောက်စာအုပ်မှာ ထည့်ရေးသွားပါမယ်။ရလာမယ့် အကြံ ပြုချက်တွေကိုလည်း မျှော်လင့်ပါတယ်။ အရင်တုန်းက ကျနော် Joomla install လုပ်တာနဲ့ google apps နဲ့ ဒိုမိန်းချိတ်တာရေးဖူးပါတယ်။ ပြီးတော့ Joomla နဲ့ပတ်သက်ပြီး စာအုပ်လေးရေးဖို့ စီစဉ်ခဲ့ပေမယ့် စိတ်ပြောင်းသွားခဲ့ပါတယ်။ Joomla ကလွယ်နေလို့ရယ် မြန်မာလို စာအုပ်ရေးရလောက်အောင်တော့ တစ်မျိုးဖြစ်နေလို့ ပိုအကျိုးရှိမယ့် PHP ကိုရွေးလိုက်ပါတယ်။ အဲဒီအတွက်လည်း ရေးမယ်ထင်ပြီးစောင့်နေခဲ့တဲ့ သူများကိုအားနာမိပါတယ်။ အခု Part (I) ဆိုတော့ Part (II) ကိုတော့ အကြာကြီးမစောင့်စေပါဘူး။ သေချာ test လုပ် edit လုပ်ဖို့ကျန်နေလို့ပါ။ ဒီရက်ပိုင်းမှာ အချိန်ပေးပြီးလုပ်နေတာဖြစ်ပါတယ်။ PHP Guide Book Part (II) ကို 2010 Aug, 13th မှာ www.moemyintshein.com မှာ လာရောက်ဒေါင်းလုပ်ရယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအခါတော့ နှစ်အုပ်ပေါင်းပြီးတော့လည်း Pdf တစ်ဖိုင်တည်းပေါင်းပြီး အပြည့်တစ်အုပ်ပါလုပ်ထားမှာပါ။

ဒီစာအုပ်နဲ့လေ့လာဖို့ Programming အခြေခံရှိက အလွန်ကောင်းပါသည်။ မရှိပါက ဖြည်းဖြည်းချင်း ဖတ်ပါ..။ code တိုင်းကို run ပါ လို့အကြံပြုပါရစေ။ ၀န်ခံချင်တာတွေကတော့ code တွေကို w3schools.com ကနေ reference လုပ်ပြီးသုံးထားပါတယ်။ အများစုက ဘာသာပြန်တာဖြစ်ပါတယ်။ နားလည်မယ်လို့တော့ မျှော်လင့်မိပါတယ်။ တစ်စုံတစ်ရာ အဆင်မပြေတာ ရှိခဲ့သော် ကျနော်ညံ့လို့သာဖြစ်ကြောင်း။ ရေးနေစဉ်မှာ အားပေးခဲ့သူများအားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးသော ဒေါင်းလုပ်ဆွဲကြသူ ဖတ်ရှုအားပေး လေ့လာကြသူ ညီအစ်ကို မောင်နှမ များ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ စကားမစပ် ကျနော် စာရေးဆရာမဟုတ်ပါ။ ကူညီချင်တဲ့ စိတ်သက်သက် နဲ့ရေးတာ ဖြစ်ပါတယ်။ နောက်လည်း စာတွေအများကြီး ရေးဖို့ အစီစဉ်မရှိပါခင်ဗျာ။ တတ်နိုင်သလောက်တော့ ကူညီသွားမှာပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်။ အကြံပြုချက်များကို အီးမေး moemyintsheinster@gmail.com သို့ပေးပို့နိုင်ပါတယ်။

လေ့လာကြသူအားလုံးကို လေးစားလျက်

မိုးမြင့်ရှိန်

ဒေါင်းလုပ်လင့်များကတော့

http://www.mediafire.com/?ofdhis6vrpiilar

http://ifile.it/vunx3k1

http://www.4shared.com/file/KVVliPgn/PHP_Guide_Book.html

http://www.multiupload.com/Z8A5MVOZ03

9 Responses to “PHP Guide Book in Myanmar”

  1. mikozan Says:

    thank u

  2. Ko Ko Win Says:

    ကိုမိုးမြင့်ရှိန် ဒီလောက်စာရေးကောင်းမယ်လို့ မထင်ခဲ့မိတာ အမှန်ဗျ… ကောင်းတယ်ဗျာ.. လည်စရာ ဆိုက်ဒ်တစ်ခု တိုးတာပေါ့.. :) ကျွန်တော့်ဆီလည်း ပြန်လာလည်ပါဦးဗျ.. :)

  3. နွယ်ကလေး Says:

    အရမ်း တော်တယ် ။ နင် ဘာလို့ ဒီလောက် တော်နေတာလဲ ။ လူမှ ဟုတ်ရဲ့လား ဟင် ။ နတ်ဒေ၀ါတွေများ ဖန်ဆင်းထားတာလား ။

    ဟိဟိ …… ( စနေတာနော် ။ သိပ်မြောက်မသွားနဲ့ ဦး )

  4. kaung myat kyaw Says:

    great work bro!

  5. gtone Says:

    so awesome my big bro
    Great regard for ur effort in web developing …
    u are my hero 4ever !!!

  6. Sonic Says:

    Thz u very much bro…

  7. Moe Myint Shein Says:

    Thank you all…

  8. star lay Says:

    php လေ့လာချင်နေတဲ့သူငယ်ချင်းကိုပေးလိုက်တယ်အစ်ကို.
    ကျွန်တော်တော့ စာမေးပွဲရှိလို့စာအုပ်နှစ်အုပ်ပေါင်းပြီးမှ လာဒေါင်းဦးမယ်. ကျေးဇူးပါ.. :)

  9. iris Says:

    ပေးထားတဲ့ လင့်တွေနဲ့.။
ိdownload လုပ်လို့မရဘူး။
    ဘယ်လိုလုပ်ရမလဲ။ ပြောပြပေးပါဉီး။

Leave a Reply