Sep
22

စိတ်ထဲရှိတာချရေးခြင်း

Posted by admin  |  Posted in Uncategorized  |  Posted on: 22-09-2009

ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်တယ်။ အသုံးမကျဘူးလို့လည်းခံစားရတယ်။ ငါမစွမ်းဆောင်နိုင်ခဲ့ပါလားဆိုတဲ့အတွေး… အရမ်းကြောက်စရာကောင်းတယ်… ရှေ့ဆက်ရမယ့် လမ်းအတွက် ယုံကြည်မှုပျောက်ဆုံးစေတယ်… ငါလုပ်နိုင်ပါ့တော့မလားလို့ သံသယအတွေးတွေနဲပြည့်နေတယ်..။ လောလောဆယ်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြန်ရအောင် ပြန်ပြီး ကြိုးစားတည်ဆောက်နေရတယ်…။ ဘာပဲပြောပြော… အရာရာလွယ်ကူနေမယ်ဆိုရင်ဘ၀ က အဓိပ္ပါယ် ဘယ်ရှိနိုင်ပါ့တော့မလဲ…။ အမြဲတမ်း ကြိုးစားရုန်းကန်နေရတာက…. ဘ၀ ပါပဲ….။ မနေ့က ကျနော့်ရဲ့မွေးနေ့…။ ကျနော် မနေ့က ၀မ်းနည်းစရာတွေရော ပျော်စရာတွေရော ကြုံရတယ်..။ ဒါလည်းမဆန်းပါဘူး… ဒါလည်း ဘ၀ရဲ့ ဖြစ်နေကြသဘောပါပဲ..။ နောက်ဆုံးမှာတော့ အဲဒီ ၀မ်းနည်းစရာတွေပျော်စရာတွေအားလုံးက… ကျနော့်ရဲ့အလုပ်များခြင်းဆိုတဲ့ နိယာမတစ်ခုအောက်မှာ… ကွယ်ပျောက်သွားခဲ့တာပါပဲ..။ ပြီးခဲ့တာတွေအတွက် ၀မ်းနည်းနေတော့ရော မထူးသလို ရခဲ့တဲ့ အောင်မြင်မှုတွေအကြောင်းတွေးပြီး ပျော်ရွှင်နေလို့လည်း အကျိုးမရှိပါဘူး… ဘာကြောင့် ရှုံးနိမ့်ခဲ့တာလည်း ဆိုတာကို သုံးသပ်ပြီး… ရည်မှန်းချက်အသစ်တွေအတွက်… အကောင်းဆုံး ပြင်ဆင်… ကြိုးစားသွားဖို့ပဲရှိတယ်မဟုတ်လား…။ ပြသနာတွေကို ကျနော် မကြောက်ပါဘူး… ပြသနာတွေ မကြုံပါစေနဲ့လို့လည်း ဘယ်တော့မှမမျှော်လင့်ခဲ့ဘူး…။ ကြုံလာတဲ့ ပြသနာတွေကို ရင်ဆိုင်နိုင်တဲ့ အရည်အချင်းရှိရင်ဖြစ်တယ်။ အခက်အခဲတစ်ခုကို ကျော်လွန်ခဲ့ရင် အဲဒီက ရလိုက်တဲ့ အတွေ့အကြုံက အရမ်းတန်ဖိုးရှိတယ်။ ထက်ထက်မြက်မြက်ရှိချင်တယ်… ရဲရဲဝံ့ဝံ့ ရှိချင်တယ်..။ ပြီးတော့ ကျနော်လူပီသအောင်နေတယ်..။ လူသားအားလုံးအတွက် ကောင်းတဲ့သူတစ်ယောက်.. တန်ဖိုးရှိတဲ့သူဖြစ်ချင်တယ်။ လူတွေနဲ့ ဘယ်တော့မှ ပြသနာမဖြစ်ဘူး…။ ကျနော့်ကိုချစ်တဲ့ သူတွေကို ကျနော်ချစ်တယ်..။ ကျနော့်ကိုမုန်းတဲ့သူတွေကိုလည်း ကျနော်ချစ်တယ်..။ ဒါပေမယ့် ကျနော့်ကိုမုန်းပါတယ်လို့ ပြောဖူးတဲ့သူတော့ဒီနေ့အထိ တစ်ယောက်မှမရှိသေးဘူးဗျ… :D။ ပြီးတော့ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်… မာန် သွင်းထားတယ်…ဒီလောက်ပါပဲ…။ လောလောဆယ် ပရောဂျက်တစ်ခုကို အချိန်မှီပြီးဖို့ ကြိုးစားရမှာဖြစ်လို့.. ဘလော့အတွက် မရေးနိုင်သေးပါဘူး.. ဘာမှရေးချင်စိတ်လည်းမရှိသေးဘူး… စိတ်မပါရင် မလုပ်တာဘဲကောင်းတယ်.. အဲ…တခုတော့ရှိတယ်..။ ရေးချင်စိတ်ရှိတဲ့ဟာရေးရင်တော့ စာဖတ်သူကျနော့်ကိုမေတ္တာပို့မှာ… အခုရေးနေသလိုမျိုး… စိတ်ထဲရှိတာလျှောက်ရေးရတာမျိုးကတော့ စာမျက်နှာပေါင်းများစွာရေးနိုင်တယ်.. ဟီး… ။ နောက်မှပဲ ဘလော့ပေါ်ပြန်တတ်လာပါမယ်..။ ကျေးဇူးတင်ပါတယ်။

3 Responses to “စိတ်ထဲရှိတာချရေးခြင်း”

  1. Crasty Says:

    Very interesting and amusing subject. I read with great pleasure.

  2. kalawthar Says:

    လူဆိုတာ အမြဲတန်း အကောင်းအဆိုးဒွန်တွဲနေကြတာပါပဲ…စိတ်ကျေနပ်မှုဆိုတာ အမြဲ
    တန်းမရှိနိုင်ပါဘူး…သူငယ်ချင်းလို မျိုး ကျွန်တော် ရေး ခဲ့တာ ခဏခဏပဲ…ကြိုးစားပေါ့
    သူငယ်ချင်းရာ ယောင်္ကျားတွေဆိုတာ never surrender တွေပဲလေ….အားရင်လည်း ကျွန်တော့်ဆီ လာခဲ့ပါအုန်း…www.technology48.co.cc စ၇ိုက်တူတဲ့ သူငယ်ချင်းမျိုး
    ဆို အမြဲတန်း welcome ပဲသူငယ်ချင်းရေ…

  3. ဝေယံ Says:

    ဖြစ်ပြီးရင်ပျက်မှာပါဘဲ
    ပြသနာဆိုတာလဲဒီလိုပါဘဲ ။ပြီးသွားမှာပါ။ကြောက်လန့်ပူပန်နေရင်ဖြေရှင်းဘို့နည်းလမ်းကိုလွယ်လွယ်နဲ့မရတတ်ဘူး။

Leave a Reply