Posts Tagged ‘UCSY’

Jun
30

ကျွှန်တော်ရွေးချယ်ခဲ့သောလမ်း…

Posted by admin  |  Posted in About Me, UCSY  |  Posted on: 30-06-2009

မင်္ဂလာပါခင်ဗျာ…ဒီတခါတော့ စိတ်ထဲရှိတာရေးချင်တာရေးပြီဗျာ.. မိုးမြင့်ရှိန်ဆိုတဲ့ကျွှန်တော်က..ရန်ကုန်မှာနေပါတယ်.. ဒါပေမယ့် ရန်ကုန်သားမဟုတ်ပါဘူးခင်ဗျာ.. ဧရာဝတီတိုင်းဘက်ကတောသားလေးပါ… ဆယ်တန်းအောင်တော့ ရန်ကုန်တက်လာတယ်..
ကွန်ပျူတာတက္ကသိုလ်တတ်တယ်ဗျာ.. ကျွှန်တော်ကွန်ပျူတာတက္ကသိုလ်တတ်ဖြစ်လာတဲ့အကြောင်းလေးပြောပြချင်ပါတယ်.. ကျွှန်တော်တို့က တောသားတွေဆိုတော့ အမြင်မကျယ်ပါဘူး.. ကွန်ပျူတာဆိုတာကိုလည်း ကျောင်းရဲ့စတိုခန်းထဲမှာ ထည့်ပြီးသော့ခတ်ထားတာကိုတော့ တွေ့မိပါတယ်.. ဆယ်တန်းဖြေပြီးတဲ့အထိ ကွန်ပျူတာကို ကိုင်တောင်မကြည့်ဖူးပါဘူး.. အမြင်မကျယ်ခဲ့တဲ့အတွက် ကျွှန်တော်အများကြီးနစ်နာခဲ့ဖူးပါတယ်.. ကျွှန်တော် 2005 မှာ ဆယ်တန်းအောင်တော့ 4D ပါပါတယ်.. Bio နဲ့ Myanmar မပါကျန်တဲ့လေးခုပါ.. အဲဒီမှာ ကျွှန်တော်ဘာဆက်တတ်ရမလဲဆိုတာစဉ်းစားပါတယ်.. .. ပြသနာက ကိုယ်ဘာဝါသနာပါလို့ပါမှန်းကိုမသိတာဗျို့… ဆရာတွေနဲ့ ဆွေမျိုးသားချင်းတွေက ဆေးကျောင်းတတ်ဖို့ကျွှန်တော့်ကိုဖိအားပေးတယ်.. အဲဒီမှာစဉ်းစားတယ်.. ငါဆရာဝန်လုပ်ချင်လားဆိုတဲ့မေးခွန်း… ကျွှန်တော်စဉ်းစားတယ်.. နောက်ဆုံး “No” ရလာတယ်.. အဲဒါကကျောင်းတတ်ကတည်းကတော့ တွေးထားပြီးသားပါ.. Biology ကိုလည်းလုံးဝစိတ်မ၀င်စားဘူးလေ.. ဆယ်တန်းဖြေတာ Bio စာအုပ်ထဲကပုံတွေတစ်ပုံမှမဆွဲခဲ့သလို စာမေးပွဲမှာဖြေတော့လည်း ပုံတစ်ပုံတောင်ထည့်မဖြေဘူး..သူ့ကိုလုပ်ရင်လည်း.. English စာလုပ်တယ်လို့သဘောထားပြီးလုပ်တယ်.. သဘောတရားလည်းဘာမှနားမလည်ပါ..
အဲ.. ကျွှန်တော်တို့ကချမ်းသာတဲ့မိသားစုလည်းမဟုတ်ပါဘူး.. ကျူရှင်တတ်တာကတစ်ခန်းကို အယောက် ၇၀ လောက်ရှိတဲ့ Session မှာတတ်ပါတယ်..
အဲဒီ မြန်မာနဲ့ Bio နဲ့ကိုစိတ်မ၀င်စားလို့ကျူရှင်တောင် အဲဒီနှစ်ခုကိုနှစ်လလောက်ပဲတတ်ပြီး ထွက်လိုက်တယ်.. Cheesy ဒါပေမယ့် ကျွှန်တော်ကံကောင်းခဲ့တာက လေးတန်းအရွယ်လောက်ကတည်းက English Speaking Class ကို Free တတ်ခွင့်ရခဲ့လို့ပါပဲ… ပြီးတော့ ကျွှန်တော်က သူငယ်တန်းကစပြီး အတန်းထဲမှာအဆင့် တစ်ပါပဲ… (ကြွားစရာဒါပဲရှိတယ်) :P .. အဲဒီ English စာသင်တန်းကို ကိုးတန်းထိ ဆက်တိုက်တတ်ခဲ့ပါတယ်.. ခုနှစ်တန်းလောက်ထင်တယ် ကျွှန်တော် ဆယ်တန်း English စသင်ခဲ့ပါတယ်.. ဆားချက်သမားဖြစ်လာသောဂဋ္ဌုန်ငှက် တို့ဘာတို့… (နောက်နှစ်မှာသင်ရိုးပြောင်းသွားတယ်..) ကျွှန်တော်ကိုးတန်းမှာ English ဆယ်တန်းတွေဖြေတဲ့နေ့ အဲဒီနေ့ပဲသူတို့မေးခွန်းကိုဖြေကြည့်တယ်.. ဆရာစစ်ပေးတာ 66 မှတ်ရတယ်.. Cheesy အဲဒီ English စာလေးကယ်ခဲ့လို့ပေါ့… :P ဟုတ်ပြီ… ဆေးကျောင်းမတတ်ဘူးဆိုတော့ ကျွှန်တော့်ကို လူတွေအားလုံးကနားမလည်နိုင်တဲ့မျက်လုံးတွေနဲ့ကြည့်ကြတယ်ဗျ… ဟီး….
ကဲ….အနာဂတ်မှာဘာအရေးပါမလဲ.. ကျွှန်တော့်ဦးနှောက်လေးနဲ့စဉ်းစားတယ်.. ကွန်ပျူတာတွေကလည်းခေတ်စားမှစား အဟိ.. ကဲတတ်ချင်တဲ့ တက္ကသိုလ်နေရာမှာ ထိပ်ဆုံးမှာ ကွန်ပျူတာတက္ကသိုလ်.. ဒုတိယနေရာမှာ UFL(English) အဲလိုတွေဖြည့်လိုက်တာပေါ့… ကွန်ပျူတာတက္ကသိုလ်ရောက်စေသတည်း.. ကျွှန်တော်ဖော်ပြချင်တာက ကျွှန်တော် အမြင်မကျယ်ခဲ့လို့ ကွန်ပျူတာတက္ကသိုလ်တတ်ဖြစ်ခဲ့တာပါ… ဆေးကျောင်းမတတ်ခဲ့တဲ့ဆုံးဖြတ်ချက်က ကျွှန်တော့်အနေနဲ့မှန်ကန်ပါတယ်.. လုံး၀၀ါသနာမပါလို့လေ.. ကွန်ပျူတာတတ်ခဲ့တာကတော့ အမြင်မကျယ်တာပါ.. အကိုတို့အမတို့တွေးကြည့်လေ.. တခြားအမြင်ကျယ်တဲ့သူတစ်ယောက်က ကျွှန်တော့်နေရာမှာဆို ဒီထက်ကောင်းတဲ့ရွေးချယ်မှုတစ်ခုခုရှိခဲ့မှာပေါ့… မိဘတွေကိုလည်းအပြစ်မတင်ပါဘူး သူတို့လည်းတောသားတွေပဲလေ.. :D ဒါပေမယ့်အဲဒီလိုအမြင်မကျယ်ခဲ့ဘူးဆိုတာကို တော်တော်နဲ့ကျွှန်တော်မသိသေးပါဘူး.. ကျောင်းတတ်တော့ ရန်ကုန်မှာအိမ်ငှားနေရပါတယ်.. သူငယ်ချင်းပေါင်းစုံရလာတယ်… ကျွှန်တော်နေ့တိုင်းလုပ်ဖြစ်တာတွေက… ဂိမ်းဆိုင်သွားတာရယ် လဘက်ရည်ဆိုင်ထိုင်တာရယ်.. ပိုက်ဆံတော်တော်ဖြုန်းခဲ့တာဗျ..မိဘလုပ်စာထိုင်ဖြုန်းတဲ့ ဆန်ကုန်မြေလေးဆိုတာ.. အဲဒီတုန်းကကျွှန်တော်ပေါ့… ပထမနှစ်တစ်နှစ်လုံး.. အချိန်တွေကိုအလကားကုန်ဆုံးစေခဲ့တယ်.. အစွမ်းအစတွေပျောက်သွားတယ်.. တိုးတတ်နေမှုတွေရပ်တန့်သွားတယ်.. အခုနေပြန်တွေးရင်း အရမ်းနှမြောတယ်.. ကျောင်းရဲ့ညံ့ဖျင်းမှုတွေအများကြီးပါတယ်ဆိုပေမယ့် အဓိကကတော့ ကိုယ်ကိုယ်တိုင်ပဲဆိုတာ ရိုးသားစွာဝန်ခံတယ်ဗျာ… ပထမနှစ်မှာ 10 တန်းအမှတ်ကြောင့် A ခန်းရခဲ့ပေမယ့် ဒုတိယနှစ်မှ E ခန်းအထိကျသွားပြီ… ဒါပေမယ့် အင်တာနတ်စသုံးတတ်လာခဲ့တယ်.. သူငယ်ချင်းကအင်တာနတ်ဆိုင်မှာအလုပ်လုပ်တယ်.. ထပ်ကံကောင်းတာက အင်တာနတ်ကိုလည်း သူ့ကြောင့် အချိန်မရွေး Free သုံးခွင့်ရခဲ့တယ်.. ဒါပေမယ့်သိတော်မူတဲ့အတိုင်းချက်တင် ကျူကျူ ပဲလေ… ဘာထူးမှာလဲ.. ဒုတိယနှစ်ရောက်လာတယ်.. သိပ်မထူးခြားပါဘူး… ဒုတိယနှစ် နှစ်ဝက်ကျော်သွားတော့ နဲနဲ့စိုးရိမ်လာတယ်ဗျ.. ငါကျောင်းပြီးသွားရင်ဘာလုပ်စားမလဲဆိုတဲ့အတွေး… အဲဒီမှာ လန့်ပြီး တစ်ခုခုလုပ်မှဆိုပြီး… ဘာလုပ်သင့်လဲစဉ်းစား. ရွေးထားတာက computer science ကျောင်းမှာ Java သင်တယ်.. ကဲလေ့လာစမ်း Java… အခွင့်အလန်းတွေဘာတွေ ဘာမှမသိဘူး.. ဒါနဲ့ Java လုပ်ဖြစ်သွားတယ်ပေါ့.. programming concept တွေနဲနဲသိလာတယ်.. ပထမနှစ်က သင်ခဲ့တဲ့ C++ ကောင်းကျိုးတွေလည်းပါတယ်.. စိတ်မ၀င်စားခဲ့ဘူးဆိုပေမယ့်.. နဂိုတည်းကတော်နေတော့.. Tongue လေ့လာရတာမခက်ဘူးဗျ… ကြွားတာမဟုတ်ဘူးဗျနော်.. Cheesy အင်တာနတ်မှာလည်းဘလော့တွေကခေတ်စားနေတယ်.. ကဲဘလော့ရေးတယ်ဗျာ… ဘလော့စပေါ့နဲ့ပေါ့… နဲနဲပျော်လာပြီ ကွန်ပျူတာကိုင်ရတာ… မတောက်တစ်ခေါက်သိတဲ့ Html ,JavaScript နဲ့ကုဒ်တွေကိုလိုက်ကလိလာတယ်… တတိယနှစ်ရောက်လာတယ်.. C# လုပ်သင့်တယ်လို့တွေးပြီး စလုပ်ကြည့်တယ်… Java နဲ့တူတာများတဲ့အတွက် မခက်ခဲပါဘူး.. ကျောင်းမှာက VB (not .net) သင်ရတယ်.. ကျောင်းမှာသင်တာတွေက အခြေခံအဆင့်တောင်မရှိပါဘူး.. language တွေသင်ရင် နဲနဲလေးပါပဲ.. ကျောင်းပြီးရင် software industry မှာအလုပ်လုပ်မယ်လို့ရည်ရွယ်ခဲ့တယ်.. လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာခဲ့တယ်ပေါ့ဗျာ… အမှားတွေကိုအချိန်မှီပြင်ဆင်တယ်ပဲပြောရမှာပေါ့… အခုအချိန်ထိယောင်နေရင် ကျွှန်တော်တော့သွားပြီ… အဲဒီမှာကျွှန်တော်တွေးမိတာက ကျွှန်တော့်လိုမျိုးငယ်စဉ်ကတော်ခဲ့ ထူးချွှန်ခဲ့ပေမယ့် နောက်ပိုင်းမှာအကြောင်းကြောင်းကြောင့် အညွန့်တုံးသွားခဲ့တဲ့ လူငယ်လေးတွေရှိနေမှာပဲလို့ပေါ့ဗျာ… အဓိကအကြောင်းအရာက အမြင်မကျယ်လို့ထင်တာပါပဲ… ကျွှန်တော်ကတော့ အင်တာနတ်ကိုသုံးရင်းနဲ့မှ အမြင်ကျယ်လာတာဗျ.. အဲဒီမှာ ကျွှန်တော်သာအင်တာနတ် free သုံးခွင့်မရခဲ့ရင်လည်း ဘာမှသိမှာမဟုတ်သေးဘူး.. ကျွှန်တော်တို့ကျောင်းမှာလည်း.. နဂိုအရည်အချင်းရှိတဲ့သူတွေ.. အညွန့်တုံးကုန်တာမျိုးမျက်စိရှေ့မှာကိုတွေ့ဖူးတယ်ဗျ…. အဲဒီမှာ အကြောင်းအရာဘာတွေထွက်လာလဲဆိုတော့ ကွန်ပျူတာ ကို အစကလည်းဝါသနာလုံးဝမပါ ကွန်ပျူတာတက္ကသိုလ်မှာ သင်ရင်းနဲ့လည်း စိတ်မ၀င်စားလာ.. အဲလိုလူတွေလည်းအများကြီးလေ.. ကြုံတုန်းကြွားလိုက်ဦးမယ်.. ကျွှန်တော်တို့ရဲ့ရန်ကုန်ကွန်ပျူတာတက္ကသိုလ်သည် ရန်ကုန်မြို့စွန် ရွှေပြည်သာမြို့နယ်လယ်ကွင်းများကြားတွင်တည်ရှိ၍ ကျောင်းသားများအင်တာနတ်သုံးခွင့်လုံးဝမရရှိဘဲ… ကွန်ပျူတာများ(အများစုမှာပစ္စည်းတစ်ခုမဟုတ်တစ်ခု (eg-mouse)ပျက်နေသော) ကို တစ်ပတ်လျှင် တစ်နာရီခန့်..(မှတ်ချက် မီးမလာသောနေ့စက်ခန်းပိတ်သည် မီးပျက်ချိန်သည် ပျမ်းမျှအားဖြင့်မီးလာချိန်နှစ်ဆနှင့်ညီသည်) သုံးခွင့်ရပါတယ်.. ဟီး… :P ဒီလိုပဲ ဆေးကျောင်းကို ၀ါသနာမပါ အကြောင်းအမျိုးမျိုးကြောင့် ဖိအားပေးခံရလို့.. တတ်ခဲ့ရင်လည်း စိတ်ဝင်စားမယ်မထင်ဘူးလေ… ဆေးကျောင်းဆင်းပြီး ဆရာဝန်မလုပ်တဲ့သူတွေများလွန်းလို့.. ဒါတွေဟာ လူ့စွှမ်းအားအရင်းအမြစ်ပြုန်းတီးမှုတွေရဲ့ အဓိကအကြောင်းမဟုတ်ရင်တောင် အစိတ်အပိုင်းတစ်ခုဖြစ်မှာပဲဗျ… ကိုယ်ကိုယ်တိုင်လည်းနစ်နာတယ်.. တိုင်းပြည်လည်းနစ်နာတယ်.. ကျွှန်တော့်ဦးနှောက် ပိစိကွေးလေးနဲ့ တွေးမိသလောက်ပါ.. အခုတော့ ကျွှန်တော်လမ်းကြောင်းမှန်ပေါ်မှာလျှောက်နေပါပြီ… အမှားတွေရှိခဲ့ပေမယ်.. ၀မ်းမနည်းပါဘူး.. အဲဒါတွေကြောင့်လည်း ပြင်သင့်တာတွေပြင်နိုင်ခဲ့တယ်လေ… ဒါပေမယ့် မမှားရင်အကောင်းဆုံးပေါ့… လူတိုင်းမှာတော့ တစ်ယောက်နဲ့တစ်ယောက်အခြေအနေတွေမတူဘူးပေါ့… အခုတော့ ကွန်ပျူတာကို ရေရေလည်လည် ခရေဇီဖြစ်နေပြီဗျ… လုပ်သင့်တာတွေရော လုပ်ချင်တာတွေရောမျှပြီးလုပ်ရင်း အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ်ပျော်ရွှင်အောင်ထားပြီး.. ရည်မှန်းချက်တွေနဲ့.. အစွမ်းကုန်ကြိုးစားလျှောက်လှမ်းနေတယ်ဗျား… ဖတ်ရှုတဲ့သူ..အားလုံးကိုကျေးဇူးတင်ပါတယ်..

Tags: ,

Mar
6

ကျောင်းသားဟောင်းတစ်ယောက်ရဲ့ မယ်လိုဒီ

Posted by admin  |  Posted in UCSY  |  Posted on: 6-03-2009

ကျွှန်တော်အခုရက်ပိုင်းမှာ စိတ်ထဲကိုဝင်လာတဲ့ကိစ္စတစ်ခုနဲ့ပတ်သက်ပြီးရေးချင်စိတ် တွေတော်တော်ဖြစ်လာတာနဲ့ပဲ.. ရေးလိုက်ရပါတယ်…
ကျွှန်တော့်အမြင်အရဆိုရင်.. ကျွှန်တော်တို့ နိုင်ငံ IT မှာတိုးတက်လာဖို့အတွက်.. ကွန်ပျူတာတက္ကသိုလ်ကျောင်းသားတွေဟာ.. အရေးကြီး
တဲ့အပိုင်းမှာပါဝင်ကြတယ်လို့ကိုထင်ပါတယ်…. ဘာလို့လဲဆိုတော့.. တခြားသူတစ်ယောက်က ဘယ်လိုပဲအပြင်က ကွန်ပျူတာစင်တာတွေမှာတက်တက်..
တက္ကသိုလ်လောက်တော့ အချိန်မပေးရသလို စုံအောင်လည်း သင်ယူ ရတာမျိုးမဟုတ်ပါဘူး။ ပြောရမယ်ဆိုရင်တော့ ပုံမှန်အားဖြင့်ဆိုရင်
ကွန်ပျူတာကျောင်းဆင်းတစ်ယောက်ဟာ.. တခြား နေရာမှာ ကွန်ပျူတာပညာရပ်တွေ ကိုသင်တဲ့သူတွေထက်စာရင် Body of Knowledge ပိုရှိနေပါတယ်.. ကွန်ပျူတာကျောင်းသားတွေက မြန်မာနိုင်ငံ IT နယ်ပယ်မှာတိုးတက်လာဖို့အရေးပါတယ်လို့ဆိုရမှာတော့အမှန်ပါ။
ကျွှန်တော်တို့ရဲ့ရန်ကုန်ကွန်ပျူတာတစ်ခုတည်းကိုပဲကြည့် မယ်ဆိုရင်တောင် တစ်နှစ် တက်ရောက်နေတဲ့ကျောင်းသား.. ၄၀၀၀ လောက်တော့ရှိတာဖြစ်ပြီး.. နှစ်စဉ် B.C.Sc / B.C.Tech ဘွဲ့ယူတာက အယောက် ၇၀၀ လောက်အနည်းဆုံးရှိပါတယ်.. စိတ်ဝင်စားစရာက ကျောင်းပြီးသွားတော့ အဲဒီသူတွေ ဘယ်နေရာတွေမှာဘာတွေလုပ်နေကြလဲဆိုတာတွေပေါ့… ပြောပေါင်းလဲများနေပြိးတော့.. ပါးစပ်လဲညောင်း.. လက်လဲညောင်းတဲ့ ကျောင်းရဲ့မကောင်းကြောင်းတွေကတော့ ပြောမနေချင်တော့ပါဘူး.. ကျောင်းသားတော်တော်များများ မျက်ကွယ်ပြုထားတဲ့ ကောင်းကြောင်းလေးတွေကို တော့ပြောရပါဥိးမည်။ အရင်ဦးဆုံး.. ကျောင်းသားတွေအနေနဲ့ ကုန်ကျတဲ့ကျောင်းစားရိတ်ကအပြင်သင်တန်းတွေထက်စာရင်အများကြီးသက်သာတယ်လို့ပြောနိုင်ပါတယ်.. ကျောင်းမှာ ကွန်ပျုတာဘာသာရပ်ဆိုင်ရာ စာအုပ်တွေကို
ဈေးသက်သက်သာသာနဲ့ရနိုင်ပါတယ်.. သက်သာတာမှအရမ်းအရမ်းကိုသက်သာတာပါ.. ပြီးတော့ သက်ဆိုင်ရာအပိုင်းမှာ.. အကောင်းတကာ့ အကောင်းဆုံးသော စာအုပ်တွေပဲဖြစ်ပါတယ်.. ပြီးတော့သင်ကြားတဲ့သင်ရိုးကလည်း.. နိုင်ငံတကာအဆင့်မှီတယ်ဆိုတာကို.. နိုင်ငံတကာက
တက္ကသိုလ်တွေရဲ့သင်ရိုးတွေနဲ့ယှဉ်ကြည့်ရင်တွေ့ရမှာပြဲ ဖစ်ပါတယ်.. တချို့ သောစာအုပ်များ out of date ဖြစ်နေတာကလွဲလို့ပေါ့.. သင်တဲ့ဆရာ
မတွေအနေနဲ့ကတောူ့အမျိုးမျိုးပေါ့.. သူတို့သင်တဲ့အပိုင်းလေးနဲ့ သင်ရိုးအတိုင်းကိုတော့.. ဆရာမအားလုံး သိကြတာပါပဲ.. အပြင်ဗဟုသုတရှိတာမရှိတာ
တော့ကွာပါတယ်.. ဥပမာ..ကျွှန်တော် second year တုန်းက java သင်တော့ ဆရာမက.. Jdk 1.4 က latest version ပါဆိုပြီးပြောပါတယ်.. ကျွှန်တော်က
ထပြီးတော့လျှာရှည်ပါတယ်.. မဟုတ်ဘူးဆရာမ 1.6 တောင်ထွက်နေပြီဆိုပြီးတော့ပေါ့.. အဲဒီတော့ကျွှန်တော်အမုန်းခံရတာပေါ့ဗျာ.. စာမေးရင်ကျွှန်တော့ချည်းမေးတော့တာပဲ.. ဒါကတော့သူ့မှာ knowledge မရှိတာပါ.. အဓိကကတော့အင်တာနတ်မသုံးလို့ပဲလို့ထင်တာပဲဗျ..
ဒါပေမယ့်အဲဒီလိုလုပ်တာဟာ.. ဆရာအတွက်ရော တပည့်အတွက်ပါအကျိုးမရှိဘူးလို့ထင်မိပါတယ်.. သူလဲတမျိုးဖြစ်သွားမယ်.. ကိုယ်လဲ
အမုန်းခံရမယ်.. ဒီကောင်ကဘာကောင်လဲဆိုတာမျိုးတွေဖြစ်လာပါတယ်.. အရမ်းကိုတော်လွန်းတဲ့ဆရာမတွေလည်းရှိနေတာပါပဲ..
ပထမနှစ်က C++ သင်တဲ့ဆရာမ..ဆိုရင်.. အရမ်းအရမ်းကို အသင်အပြကောင်းလွန်းပါတယ်… သူ့ကြောင့်လဲ ဘာမှန်းမသိတဲ့ programming
ဆိုတာကြီးကိုစတင်သိရှိလာရတာပါ… C++ နဲ့အစ၀င်တယ်ဆိုတာ..အတော်ကိုခက်တာဖြစ်ပါတယ်..၁၀ တန်းစာနဲ့
ဘာမှမှမဆိုင်တာ… looping တွေဆိုပတ်ရင်းနဲ့ကို လည်ထွက်နေတာပဲ… ဒါပေမဲ့အရမ်းရှင်းသွားအောင်သင်နိုင်တဲ့ဆရာမပါ…
ကျောင်းသားတွေကတော့ တခါမှကိုယ့်ကျောင်းကို အကောင်းပြောတယ်လို့ကိုမကြားရသလောက်ပါပဲ… ကျွှန်တော်လဲအပါအ၀င်ပေါ့ဗျာ…
အခုအချိန်မှာကြတော့လည်း ကျောင်းကြီးကို အရမ်းကိုကျေးဇူးတွေတင်မိနေပြန်ပါလေရော.. ကျောင်းတက်နေတဲ့အချိန်တုန်းကတော့…
ဒီဟာတွေက ဘယ်နေရာမှသုံးရမှာလဲ… ဘာတွေမှန်းကိုမသိဘူး.. ဆိုတာမျိုးတွေးမိဖူးခဲ့ပါတယ်.. အခုချိန်မှာတော့ ဒီဘာသာက
ဒီနေရာမှာသုံးတာပါလား… ငါသေချာလိုက်လုပ်ခဲ့ရင်ကောင်းသားဆိုတာမျိုးတွေ ဖြစ်နေရပါတယ်ဗျာ… ကျောင်းစာအုပ်တွေ ဆိုရင် ကျောင်းပြီးချိန်
ကြမှပဲ… လက်စွဲတော်တွေဖြစ်လာနေတော့တာပါပဲ…တကယ်တော့သင်ပေးလိုက်

တာတွေအားလုံးက အကုန်လုံးလိုအပ်တာတွေချည်းပဲဗျ…
နောင်တရတယ်လို့မသုံးချင်ပေမယ့် နဲနဲတော့နောင်တရနေတာသေချာပါတယ်.. ပြီးတော့ကျောင်းသားတွေရဲ့ ကြုံရတဲ့ပြသနာတွေလည်း ရှိသေးတယ်ဗျ… ကွန်ပျူတာတက္ကသိုလ်လာတက်တဲ့သူတိုင်းဟာ.. ပိုက်ဆံရှိတဲ့သူတွေတော့မဟုတ်ကြပါဘူး… ယုံချင်ယုံမယုံချင်နေ…
ကျောင်းသားအားလုံးရဲ့ ၅၀ % လောက်က စာတောင်ဖြောင့်အောင်မရိုက်တက်ပါဘူး..ဘာလို့လည်းဆိုတော့.. အိမ်မှာကွန်ပျူတာမရှိကြတာပါ…
ကျွှန်တော်ကိုယ်တိုင်လည်း.. ပိုက်ဆံချမ်းသာသူမဟုတ်တဲ့အတွက်.. စာကောင်းကောင်းရိုက်နိုင်ဖို့ကိုတောင် ကျောင်းကစက်ခန်းကိုပဲအားကိုးခဲ့ပါတယ်
ကွန်ပျူတာမ၀ယ်နိုင်ခဲ့ပါဘူး..တကယ်ပါ..ကျွှန်တော့်လိုလူတွေကျောင်းမှာများလွန်းလို့…. စက်ခန်းကိုအချိန်ပိုတင်ပြီးသုံးခဲ့ပါတယ်..စက်ခန်းကလည်း
မီးပျက်တာများတယ်လေ…
ကျောင်းကိုအပြစ်တင်တာမျိုးကိုအစပိုင်းမှာလုပ်ခဲ့ဖူးေ ပမယ့်..နောက်တော့ အဓိကက ကိုယ်ကိုယ်တိုင်နဲ့ပဲဆိုင်တယ်လို့ ခံစားလာခဲ့ရပါတယ်..
အဲဒီမှာ ကံ၊ ဥာဏ်၊ ၀ိရိယ ကလဲအရေးကြီးသေးသဗျ…ကံကောင်းတာလဲပါတယ်..ဥာဏ်ရှိတာလဲပါ တယ်.. ၀ိရိယလဲလိုသေးတယ်ဗျ..
အင်တာနတ်ကို အလကားသုံးခွင့်ရလာလို့ပေါ့ဗျာ…အင်တာနက်ကလူကိုတကယ်အမြင်ကျယ်စေခဲ့ပါတယ်…..
တကယ်ဆိုရင် ကွန်ပျူတာကိုအမှန်တကယ်လေ့လာနေကြပြီးတော့…အမြင်ကျယ်နေ တာလဲ.. အင်တာနက်ဆိုင်က ၀န်ထမ်းတွေများပါတယ်..
မယုံရင် MZ ကလူတွေကိုပဲကြည့်လေ…တော်တော်များများ..အင်တာနက်ဆိုင် တွေကွချည်းပဲ…..အချို့သောရုံးမှာရတဲ့သူတို့…အိမ်မှာသုံးနိုင်တဲ့သူဌေးတွေလဲရှိတာပေါ့ဗျာ…

ထားပါတော့..ကျွှန်တော်ပြောချင်တာကအင်တာနက်သုံးရင်အမြင်

ကျယ်လာတယ်ဆိုတာကိုပါ…အဲလိုနဲ့ပဲတခြားကျောင်းသားတွေနဲ့မတူတော့တာပဲဗျ..
ကျောင်းမှာဘာတွေရသင့်တယ်ဆိုတာမျိုးတွေတွေးမိပြီးတော့ …စိတ်တူကိုယ်တူသူငယ်ချင်းတွေနဲ့အဖွဲလေးတစ်ဖွဲ့မှာပါ် ခဲ့တယ်..အင်တာနက်သုံးရဖို့ လူတွေကိုတောင်စည်းရုံးခဲ့တယ်..ကျောင်းသားအားလုံးပါလာ ရင်တော့လုံးဝအောင်မြင်မှာပဲဆိုတဲ့ယုံကြည်ချက်တွေနဲ့ေ ပါ့ဗျာ..ဒါပေမယ့်…ဆက်လုပ်ရင် ကျောင်းထုတ်ခံရဖို့က ၉၀ % လောက်သေချာသလောက်ရှိတာနဲ့ပဲလက်လျှော့ခဲတာပေါ့ဗျာ..
ဒီလိုနဲ့ကျောင်းမှာစည်းရုံးလို့မရရင်.. အွန်လိုင်းကနေစည်းရုံးမယ်ပေါ့..အဲဒါနဲ့သူငယ်ချင်းတစ် ချို့နဲ့အတူ..ကွန်ပျူတာကျောင်းသားတွေအတွက်..ucsystudents.com ဆိုတဲ့ forum တစ်ခု
လုပ်ခဲ့ဖူးပါသေးတယ်…အဲဒါလုပ်တာလဲ…ucsy ဆိုတဲ့စာလုံးကို website address မှာသုံးမှာဖြစ်လို့ကျောင်းမှာခွင့်ပြုချက်တောင်းလိုက်တာ..
အတန်းပိုင်…အတန်းမှုး…မော်ကွန်းထိန်း အဆင့်ဆင့်တက်ရင်းနဲ့ ပါချုပ်ဆီရောက်ပါလေရော.. မထူးပါဘူး..ခွင့်ပြုချက်တောင်းနေရင်…ဘယ်အချိန်
ထိစောင့်ရမယ်မသိတာ..ဆိုပြီး…ဒီတိုင်းထလုပ်လိုက်တာပေါ့ … ကိုစေတန်ကြီးတောင်သူ့ဘလောက်မှာကြော်ငြာပေးသေး.. ဟေဟေး..
ဒါပေမယ့်… ကျွှန်တော်တို့ပဲ marketing ညံ့တာလား.. ကျောင်းသားတွေပဲအင်တာနတ်မသုံးကြတာလားတော့မသိ…အားလုံး ပလုံ….
ဘယ်လိုလုပ်လုပ်လူမလာတာဗျ…အချိန်အတိုင်းအတာတစ်ရပ်ကိုေ ရာက်တော့ဆက်လုပ်ချင်စိတ်ပျောက်ဆုံးသွားတယ်…
လူကတော်တော်စိတ်အချဉ်ပေါက်သွားတယ်ဗျ …တက်နိုင်သလောက်တော့ကြိုးစားခဲ့တာပါပဲ…နောက်တော့ လည်းဘာတွေးမိလည်းဆိုတော့..
ငါ့ရှေ့က အချို့အချို့ သော စီနီယာကြီးများလည်း..ငါ့လိုပဲတွေးခဲ့ ကြိုးစားခဲ့ဖူးမှာပဲ… မအောင်မြင်ကြတာဖြစ်မယ်လို့ထင်မိပါတယ်…
နောက်တော့သူများအတွက်လုပ်ဖို့ထက်..ကိုယ့်အတွက်ပဲလုပ် တော့တာပေါ့ဗျာ..စိတ်ချမ်းသာသွားတာပေါ့..
ဒါတွေဘာလို့ရှည်ရှည်ဝေးဝေးလျှောက်ရေးနေလဲဆိုတော့ .. အခုကျောင်းတက်နေကြဆဲ ဂျူနီယာတွေကို သိစေချင်လို့ပါ….
ကျောင်းကြီးကမလွတ်လပ်ဘူး.. တော်တော်မကောင်းဘူး….ဟိုဟာဖြစ်တယ်..ဒီဟာဖြစ်တယ်..ငါတို့ ဒါတွေရသင့်တယ်…ဟိုလိုဖြစ်သင့်တယ်ဆို
တာတွေက..ပြောမနေကြပါနဲ့…လေကုန်ပါတယ်…အချိန်လည်းကုန်ပါ တယ်..စိတ်လည်းပင်ပန်းပါတယ်…အရှေ့ကလူတွေလည်း..
အဲဒီလိုတွေးဖူးတယ်…အများကြီးကြိုးစားဖူးတယ်…..ဒါပေမယ့်…သိတယ်ဟုတ်….
အဲဒါကြောင့်..ကိုယ့်အတွက်ကိုသာကောင်းကောင်းလုပ်ဖို့အ ရေးကြီးပါတယ်…အင်တာနတ်သုံးရင်လည်းအကျိုးမရှိချက်တင်မ ထိုင်ကြပဲနဲ့ဖိုရမ်တွေမှာ
လိုက်ဖတ်တာက ပိုကောင်းပါတယ်…လေ့လာစရာတွေများလွန်းလို့ပါ…ကျောင်းစာကိုလည်းစာလို့သဘောမထားစေချင်ပါဘူး…
တက္ကသိုလ်ဖြစ်တဲ့အတွက်…နားလည်အောင်မသင်တဲ့သူတွေကိုအပြ စ်မပြောသင့်ပဲ.. နားလည်အောင်လိုက်မလုပ်တဲ့ ကိုယ့်ကိုယ်ကိုယ်ပဲပြန်သုံး
သပ်သင့်ပါတယ်…သေချာတာတစ်ခုကတော့အခုသင်နေတဲ့ဘာသာတွေထဲ မှာ အပိုစာသားမလိုအပ်တာဘာမှမပါဘူးဆိုတာပဲ….
ဒီ IT field ထဲမှာဆက်နေသွားမှာပဲဆိုရင်တော့ တနေ့မဟုတ်တနေ့သေချာပေါက်လုပ်ကိုလုပ်ရမှာပါပဲ..ဒီစာအု ပ်တွေကိုင်ရဦးမှာပါပဲ…
အရမ်းပိုက်ဆံပေါတဲ့လူတွေကျောင်းပြီးလို့တခြားလုပ်ချင်

ရာလုပ်မယ့်သူတွေကိုတော့မပြောပါဘူး…ဒါပေမယ့်ပေါ့ဗျာ. .
တက္ကသိုလ်တက်ပြီးတော့
ဘာမှမတတ်ဘူးဆိုရင်…အချိန်ကုန်တာပေါ့ဗျာ..နှမြောစရြာ ကီး… တိုင်းပြည်အတွက်လူအရင်းအမြစ်ပြုန်းတီးတာပေါ့ ပြီးတော့ကျောင်းပြီးပြီဆိုရင်ဘာဆက်လုပ်မလဲဆိုတဲ့ကိစ္စ ကွန်ပျူတာကျောင်းသားသာဆိုတယ်ဘာမှလဲမသိဘူးဆိုတာမျိုးေ တွကအများကြီးပါ..ပြောရမှာလည်းရှက်ပါတယ်..
linux ဆိုတာဘာမှန်းမသိတဲ့သူကအများသား…ကွန်ပျူတာကျောင်းဆင်း windows မတင်တက်တာတွေလည်းတစ်ပုံကြီး…စာစီစာရိုက်လုပ်စားဖို့ေ တာင် typing မမြန်တဲ့သူတွေလည်းဒုနဲ့ဒေးဆိုတော့ကား…
ကျွှန်တော်ဖတ်ဖူးသလိုပဲ..ကျောင်းပြီးတော့ ကျောင်းသားတွေကပြောတယ်..company တွေကသူတို့ကိုမခေါ်ဘူးတဲ့….
company တွေကပြောတယ်..ကျောင်းသားတွေကဘာမှမတက်ကြဘူးတဲ့.. ကဲအဲဒီတော့ မုန့်လုံးစက္ကူကပ်ပြသနာဖြစ်နေပြန်ရော..
သူများတွေမပြောဘူး..ကျွှန်တော်တောင် ကျောင်းပြီးတုန်းက တော်တော်အလုပ်ရှာလိုက်ရတယ်…. အလုပ်တွေကလည်း.. အတွေ့အကြုံ
ဆိုတာကိုပဲတွင်တွင်ကြီးတောင်းတော့တာပဲလေ..အဲဒီလိုပေါ့ ….သာမန်လူတန်းစားထဲကဗျာ.. ကွန်ပျူတာကိုလည်း..လုပ်ငန်းခွင်ဝင်ရလောက်
အောင်မကျွှမ်းကျင်ဘူး…ကဲကျောင်းလည်းပြီး..ဘွဲ့လည်းရတော့

..ဘာလုပ်ရမှာတုန်း….ကျွှန်တော်လည်းအခုတကယ်မသိပါဘူး. .ဘာတွေလုပ်နေကြလဲ
ဆိုတာ..မေးရင်တော့…အပြင်မှာကွန်ပျူတာသင်တန်းတက်မယ်ဆို

တာတွေပဲဖြေတဲ့သူအများစုပါ…
လက်လဲတော်တော်ညောင်းသွားပြီဗျာ…ဖတ်တဲ့သူတွေလည်းမေတ္တာ ပို့နေပြီထင်ပ…..ဘာတွေရေးမှန်းမသိဘူးဆိုပြီးတော့… နောင်လာနောက်သားတွေအားလုံးကိုအရှေ့ကလူတွေထက်ကို
ပိုပြီးတော့အမြင်ကျယ်တဲ့..ပိုတော်တဲ့..သူတွေ…မြန်မာနိုင်ငံရဲ့ IT field ကြီးကိုတိုးတက်အောင်လုပ်ပေးမယ့်ကျောင်းသားတွေဖြစ်လာပါစေလို့ဆန္ဒပြုပါတယ်ဗျား…

Tags: